Friday, November 27, 2015

ရေဘေးကြောင့် ပျက်စီးသွားသော ကျောင်း (၆၆) ကျောင်း ပြန်တည် ဆောက်ရန် ကျန်ရှိ

ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ပျက်စီးသွားသော ကျောင်းများအနက် (၆၆) ကျောင်းကို ပြန်ဆောက်ရန် ကျန်ရှိနေ သေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

““ကျောင်းသူ ကျောင်းသားလေးတွေ ပုံမှန်အတိုင်း ပြန်တက် နေကြပါပြီ၊ ပြင်နေတဲ့ ကျောင်းတွေ တချို့အဆောင်တွေ ပြီးပြီ၊ မိုးရာသီမှာက ရေတွေနဲ့ ဆောက်လို့မပြီးလို့ အခုကျန်တာကို ပွင့်လင်းရာသီမှာ ဆက်ဆောက် နေပါပြီ””ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး (စီမံ) ဦးလှစိန်ထွန်းက The Messenger Media သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မတ်လ ရေကြီးရေလျှံမှုများကြောင့် ကျောင်းပေါင်း(၂၉၂) ကျောင်း ပျက်စီးခဲ့ရာတွင် အများစုအား ပြန် လည် ပြုပြင် တည်ဆောက်ပြီးစီးခဲ့ပြီး (၆၆) ကျောင်း ကျန်ရှိနေခြင်း ဖြစ်သည်။ ယင်းကျောင်းများသည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့တို့တွင် ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ လုံးဝ ကျောင်းပျက်စီး သွားသော နေရာများတွင် ယာယီ စာသင်ဆောင် (၆၁) ဆောင် ကိုလည်း ဆောက်လုပ်ပေးပြီ ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။ ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ကျောင်းသားကျောင်းသူပေါင်း (၇၀၀၀) ကျော် ရေဘေးသင့်ခဲ့သည်။

““အခုတော့ အဆင်ပြေနေပါပြီ တချို့ကျောင်းတွေမှာ ယာယီ စာသင်ဆောင် တွေနဲ့ တချို့ကျောင်းတွေ မှာတော့ ပြန်ပြင်ပြီးလို့ ကျောင်းသားတွေ ကျောင်းပြန်တက် နေပြီ””ဟု ရခိုင်ပြည်နယ်မှ မူလတန်းဆရာမ ဒေါ်တင်တင်လေးက The Messenger Media သို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျောင်းများ ပျက်စီးမှုကို ပြုပြင်ခြင်း၊ ပြန်ဆောက်ခြင်းများ ပြုလုပ်နိုင်ရန် အစိုးရမှ အထူးရန်ပုံငွေ အဖြစ် ကျပ်ငွေ နှစ်ဘီလီယံ ထုတ်ပေးခဲ့ပြီ ဖြစ်သည်။ ယခင်ကလည်း ကျောင်းဆောက်ရန် အတွက် ရခိုင်ပြည်နယ်တွင် အစိုးရမှာ ကျပ်သန်းပေါင်း ခြောက်ထောင်ချပေး၍ ကျောင်းများ အသစ် တည်ဆောက်ပေးလျက် ရှိသည်။ ရခိုင်ပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ် တစ်ခုဖြစ်ပြီး အောင်ချက် ရာခိုင်နှုန်းလည်း ကျဆင်းလျက်ရှိသည်။
messenger

No comments:

Post a Comment