Sunday, November 29, 2015

ဒီချုပ်အမတ်များကို လစာဖြတ်မည်၊ စာမေးပွဲစစ်မည်၊ ပိုင်ဆိုင်မှုစစ်မည် ပြင်းပြင်းထန်ထန် ကိုင်တွယ်သည်ကို စိတ်ဓာတ်မကျရန် ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များထံမှ လစာဖြတ်တောက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နိုဝင်ဘာ ၂၈ ရက်က ရန် ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီ ခန်းမတွင် ပြုလုပ်သော ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လစာဖြတ်မယ်’’

‘‘အခုကတည်းက စောစောစီး စီးပြောထားတာ၊ ကိုယ်စားလှယ် အားလုံးရဲ့ လစာတွေ ကျွန်မတို့ ဖြတ်ပါမယ်။ အခုဆိုရင် ပြည် ထောင်စုကိုယ်စားလှယ်တိုင်းက တစ်လကို နှစ်သိန်းခွဲပေးရမယ်။ တိုင်းတို့၊ ပြည်နယ်တို့က လစာ နည်းတဲ့အတွက် ကျွန်မတို့ ကြည့် ပြီးဖြတ်မယ်။ အားလုံး ကိုယ်စား လှယ်တိုင်းဟာ လစာထဲက သတ် မှတ်ထားတဲ့အတိုင်း အဖွဲ့ချုပ်ကို ပေးရမှာဖြစ်ပါတယ်။ တချို့တွေ က ၀န်ကြီးနေရာတွေက ကိုယ်စား လှယ်တွေဆို ပိုပြီးတော့ဖြတ်မယ်။ လခ မြင့်သွားတာနဲ့အမျှ ပိုပြီး တော့ဖြတ်ပါမယ်။ အမြင့်ရောက် သွားတဲ့သူတွေကတော့ တစ်ဝက် ဖြတ်မှာပေါ့။ အမြင့်ဆုံးရောက် သွားတဲ့သူတွေကတော့ အနည်း ဆုံးတော့ တစ်ဝက်ပေးရမှာပေါ့။ အကြောင်း နှစ်ကြောင်းကြောင့် ဖြတ်ရခြင်းဖြစ်တယ်။ နံပါတ်(၁)က ကျွန်မတို့နိုင်ငံက ဆင်းရဲတယ်။ ကျွန်မတို့ ပြည်သူတွေက ဆင်းရဲ တယ်။ ပြည်သူတွေနဲ့ တန်းတူမ ရုန်းကန်နိုင်တဲ့သူဟာ ကိုယ်စား လှယ်မဖြစ်သင့်ဘူး။ ပြည်သူလူထု နဲ့ တစ်သွေးတည်း၊ တစ်သား တည်းရှိတယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးရမှာဖြစ်ပါတယ်။ ဒုတိယက ကျွန်မတို့ အဖွဲ့ချုပ်ကို ခိုင်ခိုင်မာ မာတည်ထောင်ဖို့အတွက်။ ခိုင် ခိုင်မာမာ တည်ထောင်နိုင်ဖို့ဆို တာ ပြည်သူလူထုအကျိုးကို ထိထိရောက်ရောက်စွမ်းဆောင်နိုင်ဖို့ပါ။ ဥပမာဆိုလို့ရှိရင် ကျွန်မတို့အဖွဲ့ချုပ်အတွင်းမှာ ခဏခဏ တက်နေတဲ့ ပြဿနာရှိပါတယ်။ အဲဒါရုံးပြဿနာပါ။ အဲဒါဆင်းရဲ တဲ့အခါကျတော့ ရုံးဖွင့်ဖို့တောင်မှ အင်မတန်မှ ကြိုးစားရပါတယ်။ ရုံးဖွင့်ခွင့်ပေးတဲ့ ပုဂ္ဂိုလ်များအိမ် မှာ ရုံးဖွင့်ရတာရှိတယ်။ အဲဒီအခါ ကျတော့ အချိန်တန်ရင် ပြဿနာ တက်ကြတယ်။ အိမ်ရှင်က ကိုယ့် အိမ်မှာ ဆိုင်းဘုတ်တပ်ထားတာ ကို အခွင့်အရေးယူပြီးတော့ မလျော်သြဇာ သုံးလာတာ၊ အဖွဲ့ ချုပ်ရဲ့ လုပ်ငန်းတွေမှာ အဲဒါမျိုး တွေပပျောက်သွားအောင် ကျွန်မ တို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။

‘‘ပိုင်ဆိုင်မှုတွေ စိစစ်မယ်။အဖွဲ့ချုပ်ကကိုယ်စားလှယ်တွေအားလုံးရဲ့ ပိုင်ဆိုင်မှုကို တင်ပြထားတာ ရှိပါတယ်။ ဒါတွေကိုကျွန်မတို့ တစ်ချိန်လုံး စိစစ်မှာပါ’’

‘‘စာမေးပွဲဖြေရမယ်’’

‘‘ကျွန်မ ထပ်ပြီး သတိပေး လိုက်မယ်နော်။ ကျွန်မတို့ကိုယ် စားလှယ်တွေအတွက် သင်တန်း တွေ စီစဉ်တဲ့အခါ ဖွဲ့စည်းပုံအခြေ ခံဥပဒေနဲ့ပတ်သက်လို့ စာမေးပွဲစစ်မယ်။ အဖွဲ့ချုပ်ရဲ့သမိုင်း၊ မူဝါဒ သဘောတရားတွေ ကျွန်မတို့စာ မေးပွဲစစ်မယ်။ အဖွဲ့ချုပ်ရဲ့စည်း မျဉ်းစည်းကမ်းများနဲ့ပတ်သက်ပြီး ကျွန်မတို့စာမေးပွဲစစ်မယ်။ အဲဒီမှာစာမေးပွဲကျတဲ့ သူတွေတော့ နောက်တစ်ခါ ပြန်ဖြေရမှာပေါ့။ ဒါပေမဲ့ အဲဒါဆိုရင် ရှက်စရာ ကောင်းမှာပေါ့။

အဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ် တစ်ယောက်အဖြစ် ဝင်ရောက် အရွေးခံပြီးတော့ အခြေခံဥပဒေ လည်း ဘာမှန်းမသိ၊ ကိုယ့်အဖွဲ့ အစည်းရဲ့မူဝါဒလည်း ဘာမှန်းမ သိ၊ ကိုယ့်အဖွဲ့အစည်းရဲ့စည်း မျဉ်းစည်းကမ်းတွေလည်း ဘာမှန်း မသိဆို ရှက်စရာကောင်းပါတယ်။ ပါတီကိုယ်စားလှယ်များဟာ အိမ် ပြန်လို့ရှိရင် စပြီး စာကျက်ကြပါ။ သင်တန်းတွေကို အမြန်ဆုံးစမှာ ပါ။ တိုင်းရင်းသားကိုယ်စားလှယ် တွေကတော့ မကြာခင် စမှာဆို တော့ စာကျက်ကြပါ’’

‘‘ထောင်ဝင်စာမှန်မှန်တွေ့ဖို့ လူလွှတ်ပေးမယ်’’

‘‘ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ကိုယ် စားလှယ်တွေကို ကျွန်မတို့ တင်း တင်းကျပ်ကျပ် ကိုင်တွယ်မယ်။ ကျွန်မတို့က ပြင်းပြင်းထန်ထန် ကိုင်တွယ်လိုက်လို့ စိတ်ဓာတ်မ ကျပါနဲ့။ ဒါဟာ ငါတို့ အရည်အချင်းတက်ဖို့ပဲ ဖြစ်တယ်ဆိုပြီး ရင် ဆိုင်ပါ။ မဟုတ်တာတွေ လျှောက်မလုပ်ပါနဲ့။ မဟုတ်တာတွေ လျှောက်လုပ်လို့ရှိရင် အခြေအနေ ခက်ခဲပါမယ်။ ဥပမာဆိုလို့ရှိရင် အများဆုံးဖြစ်တတ်တဲ့ကိစ္စ ငွေ ရေးကြေးရေးပေါ့။ အမှားကိုတော့ မှားနေရင်လည်း အမှားအတိုင်း ယုတ်စွအဆုံး ကျွန်မတို့ အဖွဲ့အစည်းက ကိုယ်စားလှယ်များက တစ်ခုခု အမှားအယွင်းရှိသွားလို့ တရားဥပဒေအရ အရေးယူခံရရင် ကျွန်မတို့က ဘက်လိုက်မှာ မဟုတ် ပါဘူး။ ဘက်မလိုက်လို့ အမှားအယွင်းကြောင့်လို့ ဒီကိုယ်စားလှယ်ဟာ အကျဉ်းကျသွားတယ် ဆိုရင် ထောင်ဝင်စာမှန်မှန်တွေ့ဖို့ လူလွှတ်ပေးပါမယ်။ ပစ်ထားမှာ တော့ မဟုတ်ပါဘူး’’ စသည်ဖြင့်ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏လွှတ်တော်ကိုယ်စားလှယ် များအားလုံးသည် ပါတီတွင် ပိုင်ဆိုင်မှုအားလုံး တင်ပြထားပြီး အဂတိလိုက်စားမှုမပြုလုပ်ပါဟု ခံဝန်ထိုးထားရကြောင်း ယင်းပါ တီမှ လွှတ်တော်ကိုယ်စားလှယ် လောင်းအချို့က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် များ၏ပိုင်ဆိုင်မှုအားလုံးကို လွှတ် တော်ကိုယ်စားလှယ် သက်တမ်း ငါးနှစ်တာကာလအတွင်း ပါတီ က စောင့်ကြည့်မှုများပြုလုပ်မည် ဖြစ်ကြောင်းကိုလည်း ဒေါ်အောင် ဆန်းစုကြည်က ၎င်း၏လွှတ်တော် ကိုယ်စားလှယ်လောင်းများအားပြောကြားခဲ့သည်။

ထို့ပြင် ပါတီတွင်းအဖွဲ့များ ဖွဲ့စည်းပြီး စည်းလုံးညီညွတ်မှုမရှိ ဘဲ နေပါက လက်သင့်ခံမည်မ ဟုတ်ကြောင်းနှင့် ပါတီဝင်အချင်း ချင်းကြားနှင့် လွှတ်တော်ကိုယ် စားလှယ်များအချင်းချင်းကြား စည်းစည်းလုံးလုံးရှိကြရန်ကို လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်ဟု ဒဂုံမြို့နယ် ရွေးကောက်ခံ ကိုယ်စားလှယ် လောင်း ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

‘‘အဓိကပြောတာက ပြည် သူလူထုနဲ့ ဆက်ဆံရေးပြေလည် ရမယ်။ နောက်တစ်ခုပြောတာက ကိုယ့်ပါတီတွင်း၊ လွှတ်တော် ကိုယ်စားလှယ်တွေအချင်းချင်း လည်း ဆက်ဆံရေးကောင်းရ မယ်။ အဖွဲ့ချုပ်အတွင်းမှာ အဖွဲ့ တွေ ဖွဲ့ပြီးတော့ ဆရာမွေး၊ တ ပည့်မွေး ဂိုဏ်းဂဏတွေ ဖွဲ့တာ ဒါမျိုးကို လုံးဝလက်သင့်မခံဘူးလို့ အန်တီစုပြောတာကတော့ တိုက် ကြီးထဲမှာ တဲအိမ်လေးတွေ လာ လာဆောက်တာကို သူလက်မခံ ဘူးလို့ ပြောပါတယ်’’ဟု ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြန်လည်ရှင်းပြသည်။

လွှတ်တော်တွင်းသို့ရောက် ရှိလာသည့်အခါတွင် ဆွေးနွေးမှု များပြုလုပ်ရာ၌ သတ်မှတ်ထား သည့် အချိန်အတွင်း တိတိကျကျ ဆွေးနွေးတတ်ရန်နှင့် အချက်အ လက် ခိုင်ခိုင်လုံလုံနှင့် မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လည်းမှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပါတီ နာယက ဦးတင်ဦးက ပါတီအနေ ဖြင့် စည်းကမ်းထိန်းသိမ်းရေးကို ယခင်ကာလများထက် တင်းတင်း ကျပ်ကျပ်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စား လှယ်များအား အသိပေးပြော ကြားခဲ့သည်။

ပြည်သူများအနေဖြင့် တိုင်း ပြည်၏အပြောင်းအလဲကို လို လားသောကြောင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အား မဲပေးခဲ့ခြင်း ဖြစ်၍ ဘယ်လောက် ပြောင်းလဲ ပေးနိုင်မလဲဆိုသည့် မေးခွန်းကို ရင်ဆိုင်လာရတော့မည်ဖြစ်သ ဖြင့် အနိုင်ရကိုယ်စားလှယ်များ အားစိုက်ကြိုးပမ်းလုပ်ဆောင် သွားရန် လိုအပ်ကြောင်း ဦးတင် ဦးက မှာကြားခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရရေး အတွက် မဲဆွယ်စည်းရုံးခဲ့စဉ်က လူကိုမကြည့်ဘဲ ပါတီကိုသာ ကြည့်ပြီး မဲပေးရန် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည့် စကားအတိုင်း ပြည်သူများက မဲပေးပြီး လုပ်ဆောင်ခဲ့သည့်အ တွက် ပြည်သူများ၏ မျှော်လင့် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ အား တင်းတင်းကျပ်ကျပ် ကိုင် တွယ်သွားမည်ကို ကြိုဆိုကြောင်း နိုင်ငံရေးဆောင်းပါးများရေးသား သူ ဒေါက်တာရန်မျိုးသိမ်းကပြော ကြားသည်။

‘‘ဒီလို လုပ်ဆောင်မယ့်အ ပေါ် ကြိုဆိုပါတယ်။ ဒါပေမဲ့ဘယ်လို အရေးယူမှုတွေ လုပ်မယ် ဆိုတာ စည်းမျဉ်းစည်းကမ်းတိတိ ကျကျ သတ်မှတ်ထားတာကို ပြည်သူတွေကိုလည်း အသိပေး သင့်ပါတယ်။ တကယ်တော့လွှတ်တော် ကိုယ်စားလှယ်တွေ တာဝန်ကျေ၊ မကျေ အနီးကပ်ဆုံးစောင့်ကြည့်တာက ပြည်သူတွေပါ’’ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် လွှတ်တော်ကိုယ်စားလှယ် များကို မှာကြားထားသည့်အ တိုင်း လုပ်ဆောင်နိုင်ပါက လာ မည့် ငါးနှစ်သည့် မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် အထိ ရောက်ဆုံးလုပ်ဆောင်နိုင်မည့် အ ချိန်များဖြစ်လာမည်ဟု ဒေါက် တာရန်မျိုးသိမ်းက သုံးသပ်သည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ မှာကြားမှုများသည် တိုင်းပြည်အပြောင်းအလဲအတွက် မဲပေးခဲ့ကြသော ပြည်သူများ၏မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးဖြစ်သည့်အတွက် လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး မလိုက်နာနိုင်သူများသည် ပါတီ၏လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့် ကိုက်ညီမည် မဟုတ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် ဦးရန်အောင်က ဆိုသည်။

နိုဝင်ဘာ ၂၈ ရက်ကပြုလုပ် သော တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန် ပြည်နယ်တို့မှ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏အနိုင်ရကိုယ်စား လှယ်လောင်း ၂၂၆ဦးတက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၅ ရက်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့၌ အထက်မြန်မာပြည် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။
7 day

No comments:

Post a Comment