Thursday, November 12, 2015

စီး/ကူးဒုဝန်ကြီး ဒေါက်တာပွင့်ဆန်း မရမ်းကုန်းတွင် ဒီချုပ်အမတ် ဒေါက်တာမေ၀င်းမြင့်ကို ရှုံးနိမ့်

 လက်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းကို ဒီချုပ်ပါတီမှ ဒေါက်တာမေ၀င်းမြင့်က မဲအပြတ်အသတ်ဖြင့်အနိုင်ရကြောင်း မရမ်းကုန်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူက ပြော သည်။

 ဒေါက်တာပွင့်ဆန်းသည် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြု၍  ပြည်သူ့လွှတ် တော်အတွက် မရမ်းကုန်းမြို့နယ် မှ ၀င်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရ ခဲ့ပြီးနောက် စီးပွား/ကူးသန်း ဒုတိ ယ၀န်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ ဒီချုပ်ပါတီမှ ဒေါက်တာမေ၀င်း မြင့်က ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းကိုအနိုင်ရခဲ့သည်။ ယခုနိုဝင်ဘာ ၈ ရက် တွင် ကျင်းပပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးမှ ဒေါက်တာပွင့်ဆန်းကို ဒီချုပ်မှ ဒေါက်တာမေ၀င်းမြင့်က မဲအ ပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။


‘‘ကျွန်မနိုင်သွားပြီး ပုံစံ ၁၉ ကို အခုပဲ လက်မှတ်ထိုးပြီးပြီဆို တော့ ကျွန်မနိုင်သွားပြီ။ ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က မကြာခင် ကြေညာပေးပါ လိမ့်မယ်’’ဟု အနိုင်ရသူ ဒီချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာမေ၀င်းမြင့်က နိုဝင်ဘာ ၁၀ ရက်တွင်ပြောကြား သည်။

မရမ်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါက်တာမေ၀င်းမြင့်က မဲအား လုံး၏ ၇၇ ဒသမ ၉၆ ရာခိုင်နှုန်း ဖြစ်သည့် ၆၉,၇၉၅ မဲဖြင့် အနိုင်ရ ခဲ့သဖြင့် နိုဝင်ဘာ ၁၀ ရက် မွန်း လွဲ ၁ နာရီက ပုံစံ ၁၉ ကို လက် မှတ်ရေးထိုးခဲ့ကြောင်း သတင်းရ ရှိသည်။ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာပွင့်ဆန်းက မဲအားလုံး ၏ ၂၀ ဒသမ ၉၅ ရာခိုင်နှုန်းဖြစ် သည့် ၁၈,၇၅၄ မဲသာရခဲ့ကြောင်း သ တင်းရရှိသည်။ အမျိုးသားတိုး တက်ရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးမြင့်ဇော်ကမူ စုစုပေါင်း ၉၇၉ မဲရရှိခဲ့သည်။

No comments:

Post a Comment