Thursday, November 12, 2015

မြန်မာ့ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခြင်း တရုတ်၊ အမေရိကန် အပါအ၀င် နိုင်ငံတကာကြိုဆို

မြန်မာ့ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့ခြင်းကို အမေရိကန်၊ တရုတ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာက ကြိုဆိုချီးကျူးခဲ့ကြပြီး ရွေးကောက်ပွဲ လွန်ကာလ အကူအညီများပေး ရန် ကြေညာခဲ့ကြသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာ့ရွေးကောက်ပွဲ အောင်မြင်မှုကို ကြိုဆိုပြီး ရွေး ကောက်ပွဲလွန်ကာလတွင် အကူအညီပေးမည်ဖြစ်ကြောင်း ကတိပြုသည်။
 ‘‘မြန်မာအထွေထွေရွေး ကောက်ပွဲဟာ မျှော်လင့်ထားတဲ့ အတိုင်း ပြီးဆုံးခဲ့ပါတယ်။ တရုတ် က အဲဒါကို ကြိုဆိုပါတယ်။ မြန် မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းဖို့ အတွက် ဥပဒေနဲ့အညီ ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေးအစီအစဉ်ကို ဆက်ဖော်ဆောင် သွားပါစေလို့ မြန်မာရဲ့ ရင်းနှီးချစ် ကြည်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်က ဆန္ဒပြုပါတယ်။ မြန်မာရဲ့ ဖိတ်ကြားမှုနဲ့ တရုတ်ရဲ့ အာရှ ရေးရာသံတမန် Sun Guo Qiang ဟာ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်မှုမှာ ပါဝင်ခဲ့ပါတယ်။ မြန် မာရဲ့ မေတ္တာရပ်ခံချက်အပေါ်မှာ သက်ဆိုင်တဲ့ အကူအညီနဲ့ အ ထောက်အပံ့တွေ ဆက်ပေးသွား ဖို့ တရုတ်က အဆင်သင့်ပါ’’ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟုန် လီက ပြောကြားကြောင်း CCTVသတင်းဌာနက ဖော်ပြသည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့် ကမ္ဘာ့ကုလ သမဂ္ဂဆိုင်ရာ အမေရိကန်အမြဲ တမ်းကိုယ်စားလှယ် သံတမန် ဆမန်သာပါဝါတို့ကလည်း ရွေး ကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆင်နွှဲခဲ့ကြသော မြန်မာပြည်သူ များအား ချီးကျူးဂုဏ်ပြုကြောင်း၊ မြန်မာ့ရွေးကောက်ပွဲလွန်ကာလ ငြိမ်းချမ်းတည်ငြိမ်ရေးသည် အ ရေးပါလှ၍ မြန်မာ့နိုင်ငံရေးခေါင်း ဆောင်များအကြား၊ ပြိုင်ဘက်ပါတီများအကြား တွေ့ဆုံဆွေး နွေး၍ အတူတကွလက်တွဲ ဆောင်ရွက်ကြရန် အသီးသီးကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

‘‘ဒီမိုကရက်တစ်ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်နဲ့ နိုင်ငံတော် အတွက် အကောင်းဆုံးဖြစ် အောင် ရှာဖွေဖန်တီးဖို့အတွက် တစ်မျိုးသားလုံးညီညွတ်တဲ့ စိတ် ၀ိညာဉ်နဲ့ အတူတကွပူးပေါင်း ဆောင်ရွက်သွားကြပါလို့ နိုင်ငံ ရေးခေါင်းဆောင်တွေကို ကျွန် တော်တို့ တိုက်တွန်းပါတယ်’’ဟု  ဂျွန်ကယ်ရီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ဒီမိုက ရက်တစ်ဖွံ့ဖြိုးတိုးတက်မှုအ တွက် အကြမ်းဖက်မှုကင်းစင် သော ရွေးကောက်ပွဲလွန်ကာလ တစ်ခုလိုအပ်၍ အကွဲအပြဲ၊ ခွဲခြား ဆက်ဆံမှုအစရှိသည့် ထိခိုက်နစ် နာစေသော ဖြစ်ရပ်များကို ဆန့် ကျင်ကြရန် ပါတီအားလုံးကို တောင်းဆိုကြောင်း ကုလဆိုင်ရာ ကန်အမြဲတမ်းသံတမန်ဆမန်သာ ပါဝါက ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် ရွေးကောက်ပွဲပြီး နောက် မဲရေတွက်မှု လုပ်ငန်းစဉ် အပေါ် ဂရုတစိုက် လေ့လာစောင့် ကြည့်နေမည်ဖြစ်ပြီး မဲများကို ပွင့်လင်းမြင်သာပြီး အများယုံကြည် လက်ခံသော ပုံစံဖြင့် ရေတွက် ကြောင်း စောဒကတက် (Com-plain) ထားသည်များအား မဆိုင်းမတွသင့်လျော်စွာ ဖြေရှင်းကြောင်းသေချာစေရန် ပါတီအားလုံးကို တိုက်တွန်းမည်ဟု ဆိုသည်။

ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကန်ကုလသံတမန်တို့ကဲ့သို့ပင် အလားတူအချက်နှစ်ချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ချီးကျူးတိုက်တွန်းမှုထုတ်ပြန်ခဲ့သည်။
7 day

No comments:

Post a Comment