Friday, December 4, 2015

ပြည်တွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၈ ဦးကို နေရပ်သို့ ပြန်ပို့

မြန်မာနိုင်ငံသို့ လှေဖြင့် တရားမဝင် ခိုးဝင်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၈ ဦးကို ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့နိုင်ငံသို့ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂ ရက်ညနေတွင် တောင်ပြို(လက်ဝဲ)မြို့၌ နှစ်နိုင်ငံအလံတင် အစည်းအဝေး ကျင်းပပြီးနောက် နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တရားဝင်ပြန်လည်လွှဲပြောင်းပေး ခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် ယခုနှစ်အစော ပိုင်းက တရားမဝင်ခိုးဝင်လာကြ ပြီး ယခုအကြိမ်အပါအဝင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသား ၇၇၇ ဦးကို ခုနစ်ကြိမ်ခွဲကာ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည် လွှဲပြောင်းပေးပြီးဖြစ် ကြောင်း သိရသည်။

ကျန်ရှိနေသေးသည့်လှေစီး ခိုးဝင်သူများကိုလည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံက နိုင်ငံသားစိစစ်လျက် ရှိကြောင်း၊ စိစစ်ပြီးပါက ၎င်းတို့၏မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါ လှေစီးဒုက္ခသည် အရေးနှင့်ပတ်သက်၍ မြန်မာနိုင် ငံအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ တွင် မေလ ၂၉ ရက်၌ ဆွေးနွေးခဲ့ ဖူးသည်။ ယင်းဆွေးနွေးပွဲ၌ ကုလ သမဂ္ဂက လှေစီးဒုက္ခသည်များ ပြဿနာ၏ဇာစ်မြစ်သည် မြန်မာ နိုင်ငံဖြစ်ကြောင်း စွပ်စွဲကာ ဖိအား ပေးခဲ့ခြင်းကြောင့် မြန်မာအစိုးရကိုယ်စားလှယ်က ပြန်လည်ဆန့်ကျင် တုံ့ပြန်ခဲ့သည်။
ပြန်လည်လွှဲပြောင်းပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ခေါ်ဆောင်လာသော အာဏာပိုင်များ(ဓာတ်ပုံ - MOI)
7Day Daily

No comments:

Post a Comment