Friday, December 4, 2015

ဗဟိုဘဏ် တရားဝင်ငွေလဲနှုန်း မကျသော်လည်း ပြင်ပတွင် သုံးရက်အတွင်း ၁၀ ကျပ်ခန့် ဈေးကျ

ဗဟိုဘဏ်က တရားဝင် သတ်မှတ်သည့် ရည်ညွှန်းငွေလဲနှုန်းကျဆင်းခြင်းမရှိသော်လည်း ပြင်ပဈေးကွက်တွင် တရားမ၀င်ငွေလဲနှုန်းသည် ယခုလသုံးရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သတင်းရရှိသည်။
ပြင်ပဈေးကွက်တွင် ငွေလဲ နှုန်းသည် ၀ယ်လိုအားနည်းလာ ခြင်းကြောင့် ဒီဇင်ဘာ ၁ ရက်မှစတင်၍ ပြန်လည်ကျဆင်းလာသည်။ ဒီဇင်ဘာ ၁ ရက်တွင် ပြင်ပဈေးကွက်၌ ကန်တစ်ဒေါ်လာ လျှင် ၁,၃၀၀ ကျပ်ခန့်မှ ဒီဇင်ဘာ ၃ ရက်တွင် ၁,၂၉၀ ကျပ်ခန့်သို့ ကျဆင်းလာသည်။

နိုဝင်ဘာအတွင်းက ဗဟို ဘဏ်က တရားဝင်သတ်မှတ်ရည် ညွှန်းနှုန်းသည် အမေရိကန်တစ် ဒေါ်လာလျှင် ၁,၂၉၉ ကျပ်ထိမြင့် တက်လာချိန်တွင် ပြင်ပဈေးကွက် ၌ ကန်တစ်ဒေါ်လာလျှင် ၁,၃၁၀ ကျပ်ခန့်ထိ မြင့်တက်ခဲ့ကြောင်း ပြင်ပဈေးကွက်မှ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
‘‘အရောင်းအ၀ယ်လည်း အေးလာတယ်။ ဒီလက ခရီးသွား တာများတတ်တော့ ဈေးကသိပ် မလိုက်နိုင်ဘူး’’ဟု ဗိုလ်အောင် ကျော်လမ်းမှ ငွေလဲလုပ်ငန်းလုပ် ကိုင်သူတစ်ဦးက ပြောသည်။
လက်ရှိပြည်တွင်းဈေးကွက် တွင် ရွှေဈေးနှုန်း ကျဆင်းနေပြီး စပါးသီးနှံပေါ်ချိန်ဖြစ်သော ကြောင့်ရောင်းအား အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ပြည်တွင်းရွှေဈေးသည် ဒီဇင်ဘာ ၃ ရက်တွင် ၇၃၅,၀၀၀ ကျပ်သာ ဈေးရှိသည်။
7Day Daily

No comments:

Post a Comment