ဒီဇင်ဘာ ၂ ရက် နံနက်က သမ္မတဦးသိန်းစိန်နှင့် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနေစဉ် (ဓာတ်ပုံ − အီးပီအေ)
ရွေးကောက်ပွဲ
အနိုင်ရ အစိုးရတစ်ရပ်က နောက် ရွေးကောက်ပွဲတွင် အနိုင်ရလာ သည့်
အစိုးရတစ်ရပ်သို့ အေးအေး ချမ်းချမ်း အာဏာလွှဲပြောင်းပေး သည့်
အစဉ်အလာမျိုးကို မြန်မာနိုင်ငံ၌ ထူထောင်ရန် သမ္မတဦးသိန်း
စိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီခဲ့ကြကြောင်း
သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
‘‘ကျွန်တော်တို့
နိုင်ငံမှာ ၁၉၄၈ လွတ်လပ်ရေးရကတည်းက ရွေးကောက်ပွဲတစ်ရပ်မှာ အနိုင်ရတဲ့
အစိုးရတစ်ရပ်က နောက်ရွေး ကောက်ပွဲမှာ အနိုင်ရတဲ့ အစိုးရ တစ်ရပ်ကို
ချောချောမွေ့မွေ့အေး အေးချမ်းချမ်းလွှဲပေး တယ်ဆိုတဲ့
အစဉ်အလာလုံးဝမရှိခဲ့ဘူး။ အဲဒီ အစဉ်အလာကို မဖြစ်ဖြစ်အောင် ကျွန်တော်တို့
လုပ်မယ်’’ဟု ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဆို သည်။ နိုဝင်ဘာ ၂ ရက်က
နေပြည် တော်ရှိ သမ္မတ အိမ်တော်တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်
ဆန်းစုကြည်တို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့မှုနှင့်ပတ်သက်၍ ပြု လုပ်သော
သတင်းစာရှင်းလင်းပွဲ ၌ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ယင်းသို့
ပြောကြားခဲ့ခြင်းဖြစ် သည်။
ဒ
ီမိုကရေစီအသွင်ကူးပြောင်း ရေးတွင် ယခင်ကာလများက မြန်မာနိုင်ငံ၌ မရှိသေးသော
အစဉ်အလာဖြစ်သည့် နိုင်ငံတော်အ ကြီးအကဲ တာဝန်ကို စနစ်တကျ
လွှဲပြောင်းထူထောင်ပေးရန် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်
ဆန်းစုကြည်တို့ကြား သဘောတူ ညီခဲ့သည်ဟု ပြည်ထောင်စု ဝန် ကြီး ဦးရဲထွဋ်က
ဆိုသည်။
ထို့အပြင်
အာဏာလွှဲပြောင်း ရေး အဆင်ပြေချောမွေ့စွာ ဖြစ် ပေါ်ရေးအတွက် နှစ်ဖက်ပူးပေါင်း
ဆောင်ရွက်ကြရန် သမ္မတဦးသိန်း စိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး
သဘောတူညီခဲ့ကြသည်။
သမ္မတ
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်ရှိ သမ္မတ အိမ်တော်
တွင် နိုဝင်ဘာ ၂ ရက် နံနက်က တစ်နာရီခန့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး
သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ
ဗဟိုအလုပ် အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့ လည်း
တက်ရောက်ခဲ့ကြသည်။
7 day

No comments:
Post a Comment