Friday, December 4, 2015

တစ်ကိုယ်တော်ဆန္ဒပြ၍ တရားစွဲခံရသည့်ရှေ့နေ တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်ခံရ

တရားရုံးပြစ်ဒဏ်များချမှတ်ခံထားရသည့် ပြည်မြို့မှရှေ့နေတစ်ဦးသည် ရှေ့နေလိုင်စင်ရုပ်သိမ်းခံရပြီး တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်ခံရကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုတရားစီရင် ရေး ကြီးကြပ်မှုရုံး၏ နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သောအမိန့်စာ အရ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး(ခ) ဦးပဏ္ဍိတ သည် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)အရ ပြစ်ဒဏ်နှစ်ကြိမ် ချမှတ်ခံရခြင်းသည် ရှေ့နေ ရှေ့ရပ်လုပ်ငန်းနှင့် စပ်လျဉ်း သည့် ကျင့်ဝတ်သိက္ခာကို ဖောက် ဖျက်ရာရောက်ကြောင်း စိစစ် တွေ့ရှိသဖြင့် ရှေ့နေလိုင်စင်ပြန်လည်ရုပ်သိမ်းပြီး တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်လိုက်သည်ဟု ဖော်ပြပါရှိသည်။

‘‘ရှေ့နေလိုင်စင်ရုပ်သိမ်းပြီး ထုတ်ပယ်လိုက်တဲ့စာကို ဒီဇင် ဘာ ၂ရက် နေ့လယ်မှာလက်ခံရရှိ ပါတယ်။ ဒီကိစ္စဟာ လုံးဝတရားမျှ တမှုမရှိဘူး။ ကျွန်တော့်ကို စစ် ဆေးမေးမြန်းခြင်းမရှိသလို ဖြေ ရှင်းခွင့်လည်းမပေးဘဲ တစ်ဖက် သတ်လုပ်သွားတာ။ ဒီလိုတရားစီ ရင်ရေးတွေရှိနေသမျှ လိုင်စင်ကို ပြန်လျှောက်ဖို့ စိတ်မကူးဘူး။ အစိုးရအသစ်လက်ထက်ရောက် ရင်တော့ လိုင်စင်ပြန်လျှောက်ဖို့ စဉ်းစားမယ်’’ဟု ရှေ့နေလိုင်စင် ရုပ်သိမ်းခံရသူ ဦးမြင့်အေးက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၃၅၄)အရ လူတိုင်း လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ရှိ ကြောင်း ပြဋ္ဌာန်းထားသော်လည်း ငြိမ်းစုစီပုဒ်မ(၁၈)ဖြင့် ပြန်လည် ထိန်းချုပ်ထားသဖြင့် လွတ်လပ် စွာဆန္ဒထုတ်ဖော်ခွင့်အကျိုးကို မခံစားရကြောင်း ဦးမြင့်အေးက ပြောသည်။
ဦးမြင့်အေးကို ၀န်ကြီးဦးအုန်းမြင့် နယ်လှည့်ပါးမရိုက်ရန် တစ်ကိုယ်တော်ဆန္ဒပြခဲ့၍ ဒဏ်ငွေသုံးသောင်းကျပ်၊ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည် ဆောက်ပေးရန် ဆန္ဒပြခဲ့၍ ထောင်ဒဏ်လေးလကျခံရန် ပြည် မြို့နယ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။
7 day

No comments:

Post a Comment