Thursday, December 3, 2015

ဗီယက်နမ်မင်းသမီး တောင်းဆိုလို့ ကူညီပေးခဲ့တဲ့ သျှားထွဋ်အိန္ဒြာ

ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ ရွှေတိဂုံ စေတီတော်သို့ သွားရောက်ဖူးမြော် သည့်အစီအစဉ်တွင် မင်းသမီး၏ တောင်းဆိုမှုကြောင့် လိုက်ပါ ကူညီဖြစ်ခဲ့ကြောင်း Miss Unive-rse Myanmar 2014 သျှားထွဋ်အိန္ဒြာက ပြောကြားသည်။‘‘မီဒီယာဆဲဗင်းက ကိုရွှေ မန်းတို့က သူလာမယ်၊ လေဆိပ်မှာ ကြိုဖို့ရှိတယ်ဆိုတာကြောင့် မနေ့ က သွားကြိုဖြစ်တယ်။ ညဘက် ဒင်နာအထိ သူနဲ့အတူတူ အဖော် လုပ်ပေးရင်း သူက ဘုရားကိုသွား ရင်း လိုက်စေချင်တယ်။ အမှန်က ဘုရားသွားဖို့ ညီမ မပါဘူး။ စစ တွေ့တွေ့ချင်းမှာပဲ သူက သူ့ကို Miss Universe တစ်ယောက်က လာကြိုတာကို အရမ်းဂုဏ်ယူ တယ်။ မနက်ဖြန်လည်း ညီမ မပါ ရင် အရမ်းပျင်းနေမှာ။ အဖော် လုပ်ပေးပါဆိုလို့ ဘုရားကိုလိုက် ပေးဖြစ်တယ်’’ဟု ၎င်းက ပြော သည်။
သျှားထွဋ်အိန္ဒြာက ၎င်းကိုယ်တိုင်ကလည်း အပေါင်းအသင်းကို ခင်မင်တတ်သကဲ့သို့ ဗီယက်နမ် မင်းသမီးကလည်း ခင်မင်တတ် သောကြောင့် အချိန်တိုအတွင်း ရင်းနှီးသွားခဲ့သည်ဟု ဆိုသည်။
‘‘သူ့မှာ စူးစမ်းလေ့လာချင် စိတ်ရှိတယ်။ ညီမပြောလိုက်ရင် ပြန်ပြန်မေးတယ်။ အဲဒါလေးကို သဘောကျတယ်’’ဟု ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေနှင့် ပတ်သက်၍ သျှားထွဋ်အိန္ဒြာက ပြောသည်။
ဗီယက်နမ်မင်းသမီး ငုရင် ထရန်ဟုရန်မေကို ဗီယက်နမ်နိုင်ငံတွင် Miss Universe Vietnam 2014 ပြိုင်ပွဲတွင် 1st Runner Up ဆုရရှိသည့်အချိန်ကတည်းက သိရှိခဲ့ခြင်းဖြစ်သည်ဟု သျှားထွဋ် အိန္ဒြာက ပြောသည်။
ဗီယက်နမ်မင်းသမီး ငုရင် ထရန်ဟုရန်မေသည် မြန်မာနိုင်ငံ သို့ ဒုတိယအကြိမ် လာရောက် ခြင်းဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် နှစ်ရက်ကြာမြင့်ခဲ့သည်။
ငုရင်ထရန်ဟုရန်မေသည် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိစဉ် ဘုရားအားကန်တော့သည့် အချိန်တွင်လည်း သျှားထွဋ် အိန္ဒြာကန်တော့သည့် ပုံစံအတိုင်း လိုက်၍ကန်တော့ခဲ့ကြောင်း နှင့် ဗီယက်နမ်မင်းသမီး၏ မေးမြန်းချက်များကို ပြန်လည်ပြောကြား ပေးခဲ့ကြောင်း သျှားထွဋ်အိန္ဒြာက ပြောသည်။
7 day

No comments:

Post a Comment