Saturday, December 5, 2015

ပီအက်စ်ဂျီ၏ လိဂ်ပြိုင်ပွဲသွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာသည့် အီဗရာဟီမိုဗစ်ခ်ျ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို အဝေးကွင်းတွင် ၀-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျသည် ပီအက်စ်ဂျီအသင်း၏သမိုင်းတွင် လိဂ်ပြိုင်ပွဲသွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၅ မိနစ်တွင် ကာဗာနီက စတင်သွင်းယူပေးခဲ့ပြီး မိုဗစ်ခ်ျက ၄၄ မိနစ်တွင် ပင်နယ်တီမှ ဒုတိယဂိုး၊ ၆၁ မိနစ်တွင် တတိယဂိုးသွင်းယူပေးခဲ့သည်။

ထို့ကြောင့် မိုဗစ်ခ်ျ၏ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးပေါင်းမှာ ၁၁၉ ဂိုးအထိ ရှိလာခဲ့ပြီး လိဂ်ပြိုင်ပွဲသွင်းဂိုး ၈၇ ဂိုး ရှိလာခဲ့ပြီဖြစ်သည်။ ယခင်က ပီအက်စ်ဂျီအသင်းအတွက် လိဂ်ပြိုင်ပွဲ သွင်းဂိုးအများဆုံး သွင်းယူထားသူမှာ အယ်လ်ဂျီးရီးယား ကွင်းလယ်ကစားသမား မူစတာဖာဒီလက်ဖြစ်ပြီး ၈၅ ဂိုး သွင်းယူထားသည်။

လက်ရှိတွင် မိုဗစ်ခ်ျသည် အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံဂိုးသွင်းအများဆုံး ကစားသမား၊ လိဂ်ပြိုင်ပွဲ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

မိုဗစ်ခ်ျ၏နောက်တွင် ပီအက်စ်ဂျီအတွက် ဂိုးအများဆုံးသွင်းယူထားသူမှာ ပေါ်တူဂီတိုက်စစ်မှူးဟောင်း ပေါ်လက်တာဖြစ်ပြီး ၁၀၉ ဂိုးသွင်းယူခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

No comments:

Post a Comment