Friday, December 4, 2015

လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေး အလေ့အထကောင်းများ ပေါ်ထွန်းရန် အလေးထားဆောင်ရွက်သင့်ဟု OMI အကြံပြု

လွှတ်တော်ကိုယ်စား လှယ်များသည် မိမိတို့၏ တိုင်း ရင်းသားဖြစ်မှု၊ နိုင်ငံရေး ပါတီ နောက်ခံစသော အချက်အလက် များအပေါ် အခြေခံစဉ်းစားခြင်း ထက် ဒီမိုကရေစီနှင့် နိုင်ငံရေး အ လေ့အထကောင်းများ ပေါ်ထွန်း လာရေးကိုသာ အလေးထား ဆောင်ရွက်သင့်ကြောင်းပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့(OMI) က အကြံပြုတောင်းဆိုခဲ့သည်။
(၁၁) ကြိမ်မြောက် လွှတ် တော်ပုံမှန်အစည်းအဝေးများကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ် လေ့လာချက်ဖြစ်သော လွှတ် တော် စောင့်ကြည့်လေ့လာရေး အစီရင်ခံစာအမှတ် (၆) ကို OMI က အောက်တိုဘာတွင် ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်စွဲဖြင့် ထပ်မံ၍ အကြံပြု တောင်းဆိုခြင်းဖြစ်သည်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့က လွှတ်တော်များ၏ အဓိ က တာဝန်များဖြစ်သော ပြည်သူ များကို ကိုယ်စားပြုရေး၊ ဥပဒေပြု ရေးနှင့် အစိုးရအား စိစစ်ထိန်း ကျောင်းရေးတို့ကို ပိုမိုထိရောက် စွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လွှတ်တော်စောင့်ကြည့်ရေး အစီ ရင်ခံစာများကို ၂၀၁၃ မှစတင် ကာ ပြုစုထုတ်ပြန်ခဲ့သည်။

‘‘လွှတ်တော်အတွင်းဆောင် ရွက်ချက်တွေ ပိုပြီးတိကျအောင်၊ ပွင့်လင်းမြင်သာမှုရှိအောင် ရေး သားပြုစုပြီး လွှတ်တော်သုံးရပ်နဲ့ အမတ်တွေဆီကို ပေးပို့ခဲ့တာပါ။ အခုနောက်ပိုင်းတော့ လွှတ်တော် ထဲမှာ မေးခွန်းမေးမြန်းမှုတွေ၊ အဆိုတင်သွင်းမှုတွေ တက်လာ တာကို တွေ့ရပါတယ်’’ ဟု OMI အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦး အေးကျော်က ပြောသည်။

လက်ရှိအစိုးရသက်တမ်းအ တွင်း ပြုလုပ်ခဲ့သည့် လွှတ်တော် ပုံမှန်အစည်းအဝေးများကို ၂၀၁၆ ဇန်န၀ါရီအတွင်း အပြီးသတ်ရေး သားပြုစုမည်ဖြစ်ပြီး နောက်တက် လာမည့် အစိုးရသစ်လက်ထက် တွင်လည်း လွှတ်တော်စောင့် ကြည့်လေ့လာရေး အစီရင်ခံစာ များကို ရေးသားထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

(၁၁) ကြိမ်မြောက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော် ပုံမှန်အစည်းအဝေးတို့ တွင် မေးခွန်းမေးမြန်းမှုကို လေ့လာရာ ၌ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာရေး၊ပညာ ရေးဆိုင်ရာ မေးခွန်းများကို အ များဆုံးမေးမြန်းခဲ့ပြီး အဆိုတင် သွင်းရာ၌ နိုင်ငံရေးနှင့် လူမှုရေး အထောက်အပံ့အဆိုကို အများ ဆုံးတင်သွင်းခဲ့ကြောင်း OMIအဖွဲ့ ၏ အစီရင်ခံစာအမှတ် (၆) တွင် ဖော်ပြထားသည်။

ထိုသို့မေးမြန်းသောမေးခွန်း များအတွက် ယင်းလွှတ်တော်နှစ် ရပ်စလုံးက တုံ့ပြန်ရာတွင် မေး ခွန်းစုစုပေါင်း၏ ၂၆ ရာခိုင်နှုန်း အတွက် အပြုသဘောဆောင် သည့် တုံ့ပြန်မှုများကို ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်၌ မရှင်းလင်း သည့် တုံ့ပြန်မှုများမှာ အများဆုံး ဖြစ်ပြီး အမျိုးသားလွှတ်တော် တွင် ငြင်းဆိုသည့် တုံ့ပြန်မှုမှာ အများဆုံးဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖော်ပြထားသည်။
7 day

No comments:

Post a Comment