Friday, December 4, 2015

လောက်ကိုင်တွင် ညမထွက်ရအမိန့် ဆက်လက်ထားရှိ

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် တွင် စစ်အုပ်ချုပ်ရေးအမိန့်ရုပ် သိမ်းခဲ့သော်လည်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။
စစ်အုပ်ချုပ်ရေးကာလ၌ ညနေ ၆ နာရီမှ နံနက် ၅ နာရီမ ထွက်ရသည့်အမိန့်မှ ည ၈ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကို နယ်မြေတည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအခြေအနေအရ ဆက်လက်ထား ရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။
ထို့ပြင် လူ ငါးဦးနှင့်အထက် စုဝေး၍ စီတန်းဟစ်အော်လှုံ့ ဆော်ခြင်းနှင့် ရုန်းရင်းဆန်ခတ် အခြေအနေများလည်း မပြုလုပ် ရန် တားမြစ်ထားသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ဖြင့် ထုတ်ထားသော တားမြစ်မိန့်သည် လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်နှင့် မော်ထိုက်မြို့များအထိ အာဏာသက် ရောက်မည် ဖြစ်သည်။
လောက်ကိုင်တွင် စစ်အုပ် ချုပ်ရေးရုပ်သိမ်းပြီး နှစ်ပတ်မ ပြည့်မီမှာပင် လောက်ကိုင်မြို့ထဲ သို့ ၀င်ရောက်ပစ်ခတ်မှုများရှိခဲ့ ကြောင်း သိရသည်။
‘‘ကျင်းတင်ဟိုတယ်ရယ်၊ တစ်မြို့လုံးကို မီးပေးနေတဲ့ ထရန် စဖော်မာရယ်၊ နယ်စပ်ပိုင်တိုင် (၁၂၅) နဲ့ (၁၂၇) ရယ်ကို နိုဝင်ဘာ ၂၇ ရက် တစ်ညတည်းမှာ ရန်သူဘက်က တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်’’ဟု လောက်ကိုင်မှ အုပ်ချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ထို့ကြောင့် လောက်ကိုင်မြို့ အ၀င်အထွက်နှင့် အတွင်းအပြင် တွင် လုံခြုံရေးများတင်းကျပ်စွာ ချထားပြီး စစ်ဆေးဆောင်ရွက် လျက်ရှိသည်။
‘‘အဲဒီညက လက်နက်ကြီး အသံကြားတယ်။ နောက်တော့ သေနတ်သံတွေကြားတယ်။ ကျွန် မလည်း ခုတင်အောက်ဝင်ပုန်း နေလိုက်တယ်’’ဟု လောက်ကိုင် တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦး က ပြောသည်။
၂၀၁၅ ဖေဖော်ဝါရီမှစတင်ခဲ့ သော လောက်ကိုင်တိုက်ပွဲများ သည် ရွေးကောက်ပွဲမတိုင်မီက လျော့ပါးသွားပြီး နိုဝင်ဘာ ၁၇ ရက်တွင် စစ်အုပ်ချုပ်ရေး ပြန် လည်ရုပ်သိမ်းခဲ့သည်။ တိုက်ပွဲ များပြီးဆုံးပြီးနောက် ပြန်လည် စည်ကားစပြုလာသော လောက် ကိုင်တွင် ယခုကဲ့သို့ အခြေအနေ ကြောင့် ပြည်သူများ လုံခြုံရေး သတိရှိနေကြကြောင်း သိရသည်။
ဝင်ရောက်တိုက်ခိုက်ခံရသော လောက်ကိုင်မြို့ရှိ ဘုံခုနစ်ဆင့်ဟိုတယ်ကို တွေ့ရစဉ်(ဓာတ်ပုံ-နန္ဒ)
7Day Daily

No comments:

Post a Comment