Sunday, December 27, 2015

ကန်ဒေါ်လာနှစ်သန်းကျော် ကုန်ကျမည့် ရန်ကုန်ဘောလုံးအကယ်ဒမီ ဒီဇင်ဘာနောက်ဆုံးပတ်၌ တည်ဆောက်မည်

လူငယ်မျိုးဆက်သစ် ဘောလုံးသမားများမွေးထုတ်ပေး ရန် ရည်ရွယ်သည့် မြန်မာဘောလုံး အကယ်ဒမီ(ရန်ကုန်) နှစ်ထပ်အဆောက်အအုံကို ဒီဇင်ဘာနောက်ဆုံးပတ်တွင် စတင်တည်ဆောက် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မြက်ခင်းတု လေ့ကျင့်ရေး ကွင်းများ အပါအ၀င် စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ကုန်ကျမည့် ရန်ကုန်ဘောလုံးအကယ်ဒမီအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(ဖီဖာ)မှ Gola Project-5 အစီအစဉ်ဖြင့် ကန်ဒေါ်လာငါးသိန်းပံ့ပိုးထားပြီး ကျန်ကုန်ကျစရိတ် ကန်ဒေါ်လာ နှစ်သန်းခန့်ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တည် ထောင်ထားသည့် ဧရာဝတီဖောင် ဒေးရှင်းက ပံ့ပိုးလှူဒါန်းငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။

‘‘ဂိုးပရောဂျက် (၅)အနေနဲ့ ဖီ ဖာကနေ ဒေါ်လာငါးသိန်းထောက်ပံ့ကြေးရတာပေါ့။ ကျန်တာတော့ ဧရာဝတီဖောင်ဒေးရှင်းက လှူဒါန်းငွေနဲ့ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ရက်မှာ ပန္နက်ရိုက်ပြီး ဆောက်လုပ်သွားတော့မှာပါ’’ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောသည်။

လက်ရှိတွင် မြက်ခင်းတုလေ့ကျင့်ရေးကွင်း (၁၊ ၂)တို့မှာ တည်ဆောက်ပြီးစီးနေပြီး ယခု ဆောက်လုပ်မည့် နှစ်ထပ်အ ဆောက်အအုံကို အဆိုပါ လေ့ ကျင့်ရေးကွင်းအနီးတွင် မင်းဓမ္မ ဆောက်လုပ်ရေးကုမ္ပဏီက ရှစ်လ အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်ရုံးဘေးတွင် ရန်ကုန်ဘောလုံးအကယ်ဒမီ ပင်မနှစ်ထပ်အ ဆောက်အအုံကို ၂၀၁၅ ဧပြီကတည်းက တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း နှစ်ကုန်ပိုင်းမှ လုပ်ငန်းများစတင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဖီဖာဂိုးပရောဂျက်အစီအစဉ်ဖြင့် မန္တလေးဘောလုံးအ ကယ်ဒမီနှင့် ပုသိမ်ဘောလုံးအ ကယ်ဒမီတို့ ဖွင့်လှစ်ထားရှိပြီး လူငယ်ကစားသမားများအား လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
7Day Daily

No comments:

Post a Comment