Monday, June 15, 2015

မြန်မာဘောလုံးအင်္ကျီနှင့် စတစ်ကာများ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းကောင်း

ဆီးဂိမ်းပြိုင်ပွဲတွင် မြန် မာဘောလုံးအသင်းကို အားပေး ရန် မြန်မာနိုင်ငံ အလံ၊ တံဆိပ်ရိုက်အင်္ကျီနှင့် စတစ်ကာ မှာယူသူအများစုမှာ စင်ကာပူရောက် မြန်မာများဖြစ်ပြီး အကြိုဗိုလ်လုပွဲစဉ်တွင် ပစ္စည်းများ ပြတ်လပ်သည်အထိ ရောင်းအားကောင်းနေကြောင်း ရန်ကုန်တံဆိပ်ရိုက်လုပ်ငန်းများထံမှ သတင်းရရှိသည်။
စင်ကာပူနိုင်ငံတွင် ကျင်းပ နေသည့် (၂၈) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာယူ-၂၃ ဘောလုံးအသင်းကို အားပေးရန် မြန်မာနိုင်ငံအလံပါဘောလုံးအင်္ကျီ၊ အလံ၊ ခေါင်းစည်း၊ မာဖလာ၊ ပါးကပ်စတစ်ကာစသည်တို့ကို ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံမှ မြန်မာဘောလုံးပရိသတ်များက အများဆုံးအော်ဒါမှာယူနေကြောင်း အနန္တမေတ္တာတံဆိပ်ရိုက်ကြော်ငြာလုပ်ငန်းမှ ဦးစက်ဝင်းက ပြောသည်။

‘‘ဆီးဂိမ်းပြိုင်ပွဲအတွက် စင် ကာပူက လူတွေပစ္စည်းမှာတာ အရမ်းတက်လာတယ်။ သူတို့ အဓိကမှာကြတာကတော့ ခေါင်း စည်းတွေ၊ အလံတွေများပါတယ်။ ဗီယက်နမ်နဲ့ ကန်မယ့်တစ်ရက် တည်းမှာတင် ပစ္စည်းထောင်နဲ့ ချီပို့ပေးရတယ်’’ဟု ၎င်းက ပြော ကြားသည်။

မြန်မာအသင်းနှင့် ဗီယက် နမ် အသင်းတို့ ယှဉ်ပြိုင်ကစား သည့်နေ့တွင် စင်ကာပူနိုင်ငံမှ ပရိ သတ်များနှင့် ရန်ကုန်မြို့မှ ပရိ သတ်များမှာ မြန်မာနိုင်ငံအလံ၊ ခေါင်းစည်း၊ ပါးကပ်စတစ်ကာ စသည်တို့ကို ပစ္စည်းပြတ်လပ် သည်အထိ ၀ယ်ယူအားပေးခဲ့ ကြောင်း သိရသည်။ ဇွန်လ ၁၅ ရက်တွင် ထိုင်းအသင်းနှင့် ယှဉ် ပြိုင်ကစားမည့် ဗိုလ်လုပွဲအတွက် မူ လာရောက်ဝယ်ယူသူ နည်းပါးနေသေးကြောင်း တက်လမ်းတံ ဆိပ်ရိုက်လုပ်ငန်းမှ ဦးဆွေကြီးက ပြောသည်။ ‘‘အရင်ရက်တွေတုန်းကရန်ကုန်က ပရိသတ်တွေ ပစ္စည်း ၀ယ်ဖို့ လာမေးကြတာ အရမ်းများ တယ်။ အခုတော့ နည်းနည်း နည်း နေတယ်။ ပစ္စည်း အများကြီး လည်း မလုပ်ရဲတာက စင်ကာပူမှာလုပ်တဲ့ပွဲဆိုတော့ မမှန်းရဲဘူး။ သုဝဏ္ဏကွင်းမှာ လုပ်တာဆိုရင် တော့ အများကြီး လုပ်ရောင်းရဲ တယ်။ ဘောလုံးပွဲဝါသနာအရမ်း ကြီးတဲ့သူတွေလောက်ပဲ အင်္ကျီတို့၊ အလံတို့ လာဝယ်ကြတာတွေ့ရ တယ်’’ဟု ၎င်းက ပြောသည်။

ထို့ပြင် ကစားပွဲကျင်းပနေ ချိန်ထက် မြန်မာယူ-၂၃ အသင်း မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် သွားရောက်ကြိုဆိုရန် မြန်မာအင်္ကျီများ၊ အလံများနှင့် ခေါင်းစည်းများမှာယူသူအများအပြားရှိကြောင်း တံဆိပ်ရိုက်လုပ်ငန်းများမှ သိရသည်။

‘‘မြန်မာနိုင်ငံ အလံခေါင်း စည်းလာဝယ်တာပါ။ မနက်ဖြန် ဗိုလ်လုပွဲကို သူငယ်ချင်းတွေနဲ့အ တူ Bar မှာကြည့်ရင်း သွားအား ပေးဖို့အတွက်ပါ။ ကိုယ့်နိုင်ငံအလံခေါင်းစည်းလေးနဲ့ အားပေးရတာ ပိုအားရှိတယ်။ စင်ကာပူထိသွား အားမပေးနိုင်တော့ ဒီကနေပဲ ယူ-၂၃ အသင်းကို အပြည့်အ၀ အားပေးဖို့အတွက်ပါ’’ဟု အဆိုပါ တံဆိပ်လုပ်ငန်းတွင် ယူ-၂၃ အ သင်း၏ ဗိုလ်လုပွဲကိုအားပေးရန် အလံခေါင်းစည်းလာဝယ်သည့် ကိုဖြိုးပြည့်က ပြောသည်။

 တံဆိပ်ရိုက် လုပ်ငန်းများ တွင် မြန်မာနိုင်ငံအလံပါ အင်္ကျီ တစ်ထည်လျှင် ကျပ်တစ်ထောင့်ငါးရာ၊ ခေါင်းစည်းတစ်ခုလျှင် ကျပ် တစ်ထောင့်ငါးရာ၊ လက်ဝှေ့ယမ်းအလံတစ်ခုလျှင် ကျပ်တစ်ထောင့်ငါးရာနှင့် ပါးကပ်စတစ်ကာတစ်ခုလျှင် ကျပ် နှစ်ရာခန့်ဖြင့် ရောင်းချကြောင်း သတင်းရရှိသည်။

No comments:

Post a Comment