Monday, January 25, 2016

ရာဇာထွန်းရေယာဉ်တိမ်းမှောက်မှု သေဆုံးသူများအား လျော်ကြေးပေးရန် ကျန်ရှိနေသေး

ကလေးဝမြို့နယ်ဂဇက် ကျေးရွာအနီး ချင်းတွင်းမြစ် လောင်းဂရိတ်ဝဲတွင် နစ်မြုပ်ခဲ့ သော ရာဇာထွန်းရေယာဉ် တိမ်း မှောက်မှု၌ သေဆုံးသူများနှင့်ပတ် သက်၍ ကျန်ရစ်သူများထံသို့ မည်သူတစ်ဦးတစ်ယောက်မျှလာ ရောက်တွေ့ဆုံရှင်းလင်းခြင်းမရှိ သဖြင့် သက်ဆိုင်သူများ လာ ရောက်ရှင်းလင်းပေးရန် ကျန်ရစ် သူမိသားစုများက ဌာနဆိုင်ရာ များသို့ ဇန်န၀ါရီ ၂၄ ရက်၌ တိုင် ကြားစာပေးပို့တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၅ နိုဝင်ဘာ ၁ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ များအနက် အလောင်းတွေ့သူ များကိုသာ ရေယာဉ်အသင်းက သဂြုင်္ိဟ်စရိတ်အဖြစ် တစ်ဦးလျှင် ကျပ်သုံးသိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျပ် နှစ်သိန်းစီ ပေးအပ်ခဲ့ကြောင်း၊ အ လောင်းမတွေ့သူများကိုမူမည်သူ တစ်ဦးတစ်ယောက်မှ အကျိုးအ ကြောင်း လာရောက်တွေ့ဆုံပြော ကြားခြင်းမရှိသည့်အတွက် မထီမဲ့ မြင်ပြုနေသည်ဟု ခံစားရကြောင်း ယာဉ်မှောက်မှုတွင် သား၊ သမီး၊ ချွေးမမိသားစုဝင်သုံးဦး ဆုံးရှုံးခဲ့ သည့် ဦးဝင်းကျော်ကပြောသည်။

‘‘ကျွန်တော်တို့ မြန်မာ့ယဉ် ကျေးမှုမှာ တစ်အိမ်နဲ့တစ်အိမ် မသိရင်တောင် နာရေးရှိရင်လာ မေးကြတယ်။ အခုကိစ္စမှာ နစ်နာ ကြေးတောင်းဆိုနေခြင်းလည်း မ ဟုတ်ရပါဘူး။ သေတဲ့သူအတွက် သက်ဆိုင်သူတွေက အကျိုးအ ကြောင်းလေး လာပြောပြတာ၊ မေးတာပြုတာလေး ဘာမှမရှိဘဲ ကျွန်တော်တို့ကို ဂရုမစိုက်တဲ့ပုံစံ အတိုင်း ပစ်ထားတဲ့အတွက် ကျွန် တော်တို့ရင်ထဲမှာ ခံစားရတာပါ’’ ဟု ရေယာဉ်တိမ်းမှောက်မှုတွင် သား၊ သမီးနှင့် မြေးမိသားစုဝင် သုံးဦး ဆုံးရှုံးခဲ့သည့် ဦးတင်မောင်က ပြောသည်။


သေဆုံးသူများနှင့်ပတ်သက် ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူများက လာ ရောက်ရှင်းလင်းပေး စေလို ကြောင်း ၎င်းတို့ကဆိုသည်။

ရေယာဉ်တိမ်းမှောက်ရာတွင် သေဆုံးသူမိသားစုဝင်များနှင့်ပတ် သက်၍ ကျန်ရစ်သူများကို လာ ရောက်ဖြေရှင်းပေးရန် တောင်းဆို သည့် တိုင်ကြားစာကို စစ်ကိုင်း တိုင်းဒေသကြီးနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကလေးဝ ရဲတပ်ဖွဲ့မှူးများသို့ ပေးပို့တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။ ယင်းတိုင်ကြားစာကို ရေယာဉ်မှောက်မှုတွင် ရွာသား ၂၅ဦးသေဆုံးခဲ့သော လင်းစာကျက်ကျေးရွာမှ ကျန်ရစ်သူမိသားစုများက စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဇန်န၀ါရီ ၂၄ ရက်ကလင်းစာ ကျက်ကျေးရွာနေ ကျန်ရစ်သူ မိ သားစုဝင်များက မန္တလေးမြို့ မီဒီ ယာစင်တာသို့ လာရောက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။ သတင်းစာရှင်းလင်းပွဲတွင် ရေယာဉ်သည် ၀ဲဂယက်ကြောင့် မှောက်သည်ဟု သက်ဆိုင်သူများ က ပြောဆိုသော်လည်း ၀ဲဂယက် သည် ပုံမှန်ဝဲဂယက်သာဖြစ်ပြီး ရေယာဉ်တစ်စီးကို တိမ်းမှောက် သည်အထိ ပြင်းထန်မှုမရှိ ကြောင်း၊ ရေယာဉ်တိမ်းမှောက် ခြင်းမှာ ကုန်ပစ္စည်းများကိုမနိုင်ဝန် တင်ဆောင်လာခြင်းနှင့် ရေယာဉ် မောင်းသူမှာ မူးနေခြင်းကြောင့် ဖြစ်သည်ဟု ရေယာဉ်တိမ်းမှောက် မှုတွင် အသက် မသေဘဲကျန်ရစ်ခဲ့ သည့် ကိုနေလင်းဦးကဆိုသည်။

‘‘ကျွန်တော်တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။ အမေ ရယ်၊ အဖေရယ်၊ ညီသုံးယောက် ရယ်၊ မိန်းမရယ် ခြောက်ယောက် စလုံးပါသွားတယ်။ အခု ကျွန် တော့်မှာ ဘာမျှော်လင့်ချက်မှလည်း မရှိတော့ဘူး။ နေလည်းမနေတတ် တော့ဘူး။ သေဆုံးသူနဲ့ပတ်သက် ပြီး ဘယ်သူမှအကျိုးအကြောင်း လာပြောပြတာမရှိဘူး။ အဖေ့ရဲ့ ရုပ်အလောင်းပြန်တွေ့လို့ ရွာ ဥက္ကဋ္ဌကနေတစ်ဆင့် ရေယာဉ် အသင်းက သဂြုင်္ိဟ်စရိတ်ဆိုပြီး သုံးသိန်းလာ ပေးသွားတာပဲရှိ တယ်’’ဟု ကိုနေလင်းအောင်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရေယာဉ်အသင်းဘက်သို့ စုံစမ်းရာ မြန်မာဇမ္ဗူထွန်းအသင်း၏ ဂိတ်မှူးဟောင်း ဦးညိုကြီးက မြန်မာဇမ္ဗူထွန်းအသင်းပိုင်ရှင် ဦးသန့်ဇင်ဦးသည် အလောင်းတွေ့သည့် ၁၄ ဦးအနက် ရှစ်ဦးကိုသာသဂြုင်္ိဟ်စရိတ် ကျပ်သုံးသိန်းစီပေးခဲ့ကြောင်း၊ အခြားသူများကိုလည်း နစ်နာကြေးပေးရန် အသင်းတာ ၀န်ရှိသူများက တိုက်တွန်းသော် လည်း ပေးအပ်ခြင်းမရှိခဲ့ကြောင်း 7Day Daily အား ဖြေကြားသည်။

ရေယာဉ်တိမ်းမှောက်မှု ကြောင့် မြန်မာဇမ္ဗူထွန်းအသင်း ကို နိုဝင်ဘာတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရက ပြေးဆွဲခွင့် ယာယီပိတ်ပင်ခဲ့သော်လည်း ပြီးခဲ့ သည့် ၂၀ ရက်မှစတင်ကာ ပြန် လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း ဒေ သခံများထံမှ သိရသည်။

ရာဇာထွန်း အမြန်ရေယာဉ် နစ်မြုပ်ရာတွင် ရေယာဉ်ပေါ်တွင်လိုက်ပါသူ ၁၀၀ ခန့်ရှိသည့်အနက် ၄၇ ဦးခန့်သေဆုံးခဲ့ပြီး ၁၄ ဦးခန့်ရုပ်အလောင်းသာ ဆယ်ယူနိုင်ခဲ့ကြောင်း ဒေသခံများ၏အတည်ပြုချက် အရသိရသည်။
7day

No comments:

Post a Comment