Thursday, January 28, 2016

ကမ္ဘာ့စက်သုံးဆီဈေးကျသော်လည်း ပြည်တွင်းဈေး မကျ၍ ဈေးလျှော့ချရန် စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြား

စက်သုံးဆီဈေး ထပ်မံ ကျဆင်းစေရေး ကြီးကြပ်ဆောင် ရွက်ရန် စွမ်းအင်ဝန်ကြီးဌာနက မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)သို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များ အမြင့်ဆုံး ရောင်းချရန် အခြေခံနှုန်းထား တစ်ခုကို MPTA က ဇန်နဝါရီ ၁၈ ရက်၌ အခြေခံသတ်မှတ်ပေးခဲ့ သော်လည်း လက်ရှိ ဆိပ်ကမ်း ရောက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးလျှော့ချရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရ၍ တစ်ပြည်လုံးရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် လက်လီရောင်းဈေးကို ထိုက်သင့်သည့် ဈေးနှုန်းအထိ ထပ်မံ ကျ ဆင်းစေရေး လိုအပ်သလို ကြီး ကြပ်ဆောင်ရွက်ရန် အကြောင်း ကြားသည်ဆိုကာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
‘‘တို့ဘက်ကတော့ မင်းတို့ ဘယ်လောက်နဲ့ရောင်းရမယ်လို့ အမိန့်ပေးလို့မရဘူး။ အတတ်နိုင် ဆုံး လုပ်ငန်းရှင်တွေ အမြတ် လျှော့ယူပြီး ဈေးကွက်ထဲမှာ ဈေး ရသလောက် လျှော့ရောင်းပေးဖို့ တွန်းအားပေးတဲ့သဘောပါ’’ဟု စွမ်းအင်ဝန်ကြီးဌာန ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူချက်လုပ် ဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

စက်သုံးဆီဆိုင်များအနေ ဖြင့် ယခင်က ဒီဇယ်တစ်လီတာ လျှင် ၆၀၀ ကျပ်ခန့်၊ အောက်တိန်း 92 တစ်လီတာ လျှင်၆၂၀ ကျပ်ခန့်၊ အောက်တိန်း 95 တစ်လီတာ လျှင် ၇၂၀ ကျပ်ခန့်ဖြင့် ရောင်းချနေရာမှ MPTA က ဒီဇယ်တစ်လီ တာလျှင် ၅၀၀ ကျပ်၊ အောက်တိန်း92 တစ်လီတာလျှင် ၅၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင်၆၆၀ ကျပ် ထက်မပိုသောနှုန်းဖြင့် ရောင်းချ ရန် MPTA က ကြေညာထားသည်။

ကမ္ဘာ့ရေနံစိမ်းဈေးမှာ စံချိန် တင်ကျဆင်းနေသော်လည်း ပြည် တွင်းစက်သုံးဆီဈေး လျှော့ချရန် အချိန်ကြာမြင့်နေ၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ ပြီးနောက် MPTA က ဆီတစ်လီတာလျှင် ကျပ် ၅၀ မှ ၈၀ ခန့်အထိ လျှော့ရောင်းရန် ဈေးနှုန်း သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့အပါအဝင် နိုင်ငံ တစ်ဝန်းရှိ စက်သုံးဆီအရောင်း ဆိုင်အများစု၏ လက်လီရောင်း ဈေးနှုန်းများ ကျဆင်းမှုမရှိသည် ကို တွေ့ရကြောင်း စွမ်းအင် ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူချက် လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ် ငန်းများ ကြီးကြပ်ရေး ကော်မတီ က MPTA သို့ အကြောင်းကြားစာ တွင် ဖော်ပြထားသည်။

‘‘ကျွန်တော်တို့ဆီကိုတော့ စာမရောက်သေးဘူး။ ညွှန်ကြား ချက်ရှိရင်တော့ လူကြီးတွေ တိုင် ပင်ပြီး အကောင်းဆုံးဖြစ်အောင် ဆက်လက် ဆောင်ရွက်မှာပါ’’ဟု MPTA ရုံးအဖွဲ့မှူး ဦးဝင်းနိုင်က ပြောသည်။

၎င်းတို့ အမြင့်ဆုံးရောင်းချ ရန် သတ်မှတ်အခြေခံနှုန်းပေးပြီး နောက်ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်အားလုံး နီးပါးက လိုက်နာ၍ ဈေးနှုန်းလျှော့ချ ရောင်းချမှုများ ရှိခဲ့ပြီး ခရီးအကွာ အဝေးအလိုက် ဈေးကွာခြားမှု အချို့ ရှိနိုင်သည်ဟု ဦးဝင်းနိုင်က ဆိုသည်။

စက်သုံးဆီဈေးမှာ ၂၀၁၄ နှစ်ကုန်ပိုင်းမှ စတင်ကျဆင်းခဲ့ သည်။ နိုင်ငံတကာစက်သုံးဆီဈေး တက်လျှင် ပြည်တွင်းစက်သုံးဆီ ဆိုင်များ လိုက်တက်သော်လည်း၊ ဈေးကျလျှင် အကျနှေး၍ အသင်း က ထိန်းညှိပေးရလေ့ရှိသည်။
7 day

No comments:

Post a Comment