Thursday, January 7, 2016

ဒရုန်းများကို အမျိုးအစားခွဲခြား၍ မှတ်ပုံတင်စေမည်ဟု ပို့ဆောင်ရေးဒုဝန်ကြီးပြော

မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်၊ ရဟတ် ယာဉ်(ဒရုန်း)များ၏အလေးချိန် နှင့် စွမ်းဆောင်နိုင်မှုအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားသတ် မှတ်ပြီး တရားဝင် မှတ်ပုံတင်စေမည်ဟုပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောသည်။

မောင်းသူမဲ့လေယာဉ်များ စနစ်တကျ မှတ်ပုံတင်စေခြင်း၊ စီးပွားရေးလုပ်ငန်း အသုံးပြုခွင့် လက်မှတ်ထုတ်ပေးခြင်း၊ မြေပြင် မှ ထိန်းချုပ်မောင်းနှင်သူများကို စိစစ်ခြင်း၊ မပျံသန်းရဇုန်များ သတ်မှတ်ခြင်းအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို အကြံ ပေးကြေညာစာ (Advisory Circular) ထုတ်ပြန်မည်ဟု ဦးဇင် ယော်က ပြောသည်။

လုပ်ထုံးလုပ်နည်းများကို အ ကြံပေးကြေညာစာထုတ်ပြန်မည် ဟု ပြောကြားသော်လည်း ထုတ် ပြန်မည့်အချိန်ကို ပြောကြားခြင်း မရှိပေ။

ဇန်နဝါရီ ၆ ရက်က ကျင်းပ ပြုလုပ်သည့် အမျိုးသားလွှတ် တော်တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်(၂)မှ ကိုယ်စားလှယ် ဦးညွန့်တင်က မောင်းသူမဲ့လေ ယာဉ်များကို စနစ်တကျတရားဝင် အသုံးပြုခွင့် မှတ်ပုံတင်ခြင်းနှင့် မြေပြင်မှ ထိန်းချုပ်မောင်းနှင်သူ များ၏ကျွမ်းကျင်မှုရှိ၊ မရှိစိစစ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့ ခြင်းဖြစ်သည်။

‘‘မောင်းသူမဲ့လေယာဉ်တွေ ကို စနစ်တကျမှတ်ပုံတင်ခြင်းမရှိ ရင် မောင်းတဲ့သူကျွမ်းကျင်သူမရှိ ရင် မင်္ဂလာဆောင်မှာ ရိုက်ရင် အဲဒီက လူတွေအပေါ် ပြုတ်ကျနိုင် တယ်။ အဲဒီအတွက် အင်မတန်မှ သတိထားရမယ့် ကိစ္စပါပဲ’’ဟု ဦးညွန့်တင်က ပြောသည်။

မောင်းသူမဲ့လေယာဉ်များ ကို ပိတ်ပင်ရန် ပြောကြားခြင်း မဟုတ်ဘဲ စနစ်တကျ မှတ်ပုံတင် အသုံးပြုစေရန်ဟု ၎င်းက ဆို သည်။ မောင်းသူမဲ့လေယာဉ်များ သည် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေး လုပ်ငန်း၊ ရာသီဥတုနှင့် ဘေးအန္တ ရာယ်လေ့လာရေးလုပ်ငန်း၊ သု တေသနလုပ်ငန်း၊ ကာကွယ်ရေး လုပ်ငန်း စသည့်လူသားအကျိုးပြု လုပ်ငန်းများတွင် အသုံးဝင်မှုရှိ သော်လည်း အကြမ်းဖက်လုပ်ရပ် များ၌လည်း အသုံးပြုလာနိုင် သဖြင့် လိုအပ်သော လုပ်ထုံးလုပ် နည်းများ ထုတ်ပြန်ရခြင်း ဖြစ် သည်ဟု ဒုဝန်ကြီးဦးဇင်ယော်က ဆိုသည်။

မောင်းသူမဲ့လေယာဉ်များ ပျံသန်းရာတွင် တားမြစ်ဧရိယာ၊ ကန့်သတ်ဧရိယာ၊ အန္တရာယ်ရှိ သည့်ဧရိယာများတွင် ပျံသန်းခြင်း မပြုရေး လိုက်နာရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။ မောင်းသူမဲ့ လေယာဉ်မောင်းနှင်ရာတွင် လို အပ်သည့် လုပ်ထုံးလုပ်နည်းများ ကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့ဖြင့် ပူးပေါင်းကာ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
7 day

No comments:

Post a Comment