Monday, January 25, 2016

အိန္ဒိယမှ ပင့်ဆောင်လာသည့် မြတ်စွာဘုရားအရိုးဓာတ်တော် အပူဇော်ခံရာမှရရှိသည့် အလှူငွေအချို့ ပြန်လည်လှူဒါန်းမည်


မြတ်စွာဘုရားအရိုးဓာတ်တော်များ ပင့်ဆောင်လာစဉ် (ဓာတ်ပုံ − သီတဂူသာသနာပြုအဖွဲ့ဝင်များ)
မြတ်စွာဘုရား အရိုး ဓာတ်တော်များကို အိန္ဒိယနိုင်ငံဟိ မ၀န္တာတောင်တန်းဒေသမှ ဘုန်း တော်ကြီး ၆၃ပါးက ပထမအကြိမ် ပင့်ဆောင်အပူဇော်ခံ၍ ရရှိသည့် အလှူငွေအချို့ကို ပြန်လည်လှူ ဒါန်းမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံတွင် သီတင်းသုံးနေသော သီ တဂူဓမ္မ၀ိဟာရကျောင်းတိုက်ဆ ရာတော်ဒေါက်တာအရှင်သြသဓ သာရကမိန့်ကြားသည်။
ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်း ရေးညီလာခံတွင် ဖူးမြော်နိုင်ရန် ပင့်ဆောင်လာသည့် ဗုဒ္ဓအရိုး ဓာတ်တော်များကို စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်ဘုရား၊ မန္တလေး မြို့ မဟာမုနိဘုရားကြီး၊သုဓမာ ကျောင်းတော်ကြီး၊ အုတ်ဖို၊ နေ ပြည်တော်နှင့် ရန်ကုန်မြို့တွင် အ ပူဇော်ခံမည်ဖြစ်ပြီး ဇန်န၀ါရီ ၂၉ ရက်၌ အိန္ဒိယနိုင်ငံသို့ ပြန်လည် ပင့်ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာအရှင်သြသဓသာရက မိန့်ကြားသည်။ ‘‘ကောင်းမှုတော်မှာရရှိခဲ့တဲ့ အလှူတော်ငွေကိုတော့ ကောင်း မှုတော်ဘုရားမှာအသုံးပြုဖို့ အ တွက် ပြန်လည်လှူဒါန်းခဲ့တယ်။ ဘုရားကြီးမှာလည်း ပြန်လှူခဲ့မယ် လို့တော့ပြောတယ်။ သေချာပေါက်တော့ မသိသေးဘူး။ အင်မတန်ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေပါ။ ဘုရားရှင်ရဲ့ အရိုးဓာတ်တော်ကို မြန်မာပြည်သူ၊ ပြည်သားတွေကိုးကွယ်ခွင့်အတွက်ဖြစ်ပါတယ်’’ဟု ဆရာတော်က မိန့်ကြားသည်။

သီတဂူဗုဒ္ဓတက္ကသိုလ်သို့အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ဘုန်းတော် ကြီးများက မြတ်စွာဘုရား၏ အရိုး ဓာတ်တော်ကို ဇန်န၀ါရီ ၂၂ ရက်တွင်ပင့်ဆောင်လာခြင်းဖြစ်သည်။
7 day

No comments:

Post a Comment