Monday, January 25, 2016

မန္တလေးခရိုင်အတွင်း ရွေးကောက်ပွဲ မသမာမှုကိုးမှုကို တရားရုံးတွင် စစ်ဆေးနေ

မန္တလေးခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲမသ မာမှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ သို့ အမှုဖွင့်တိုင်ကြားမှု ကိုးမှုရှိခဲ့ ပြီး ယင်းအမှုများအားလုံးကို တရား စွဲဆိုစစ်ဆေးနေကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။
‘‘အမှုတွေအားလုံး တရားရုံး ရောက်နေပြီ။ တရားရုံးမှာ စစ် ဆေးနေပါတယ်။ ရဲအရေးပိုင်မှု အနေနဲ့ တိုင်ကြားတဲ့ ကိုးမှုစလုံး တရားစွဲဆိုထားပြီး ပလပ်လိုက်တဲ့ အမှုမရှိပါဘူး’’ဟု ဒုရဲမှူးကြီးစိန်ထွန်းက ပြောသည်။

ရွေးကောက်ပွဲနေ့ မဲရုံအတွင်းမဲဆွယ်စည်းရုံးသည်ဆိုကာ မဲရုံကိုယ်စားလှယ်များနှင့် ပါတီဝင်များကို အမှုဖွင့်တိုင်ကြားခြင်း၊ ဘာသာရေးအသုံးချ မဲဆွယ်သည်ဟု ဆိုကာ လွှတ်တော်ကိုယ် စားလှယ်လောင်းကို အမှုဖွင့်တိုင်ကြားခြင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်ဖျက်ဆီးခံရခြင်းစသည်တို့ အပါအ၀င် မန္တလေးခရိုင်အတွင်း ရွေးကောက်ပွဲဆိုင်ရာမသမာမှုပြလုပ်သည်ဆိုကာ အမှုဖွင့်တိုင်ကြားမှု ကိုးမှုရှိသည်။

ရွေးကောက်ပွဲဆိုင်ရာတရား မဲ့ပြုကျင့်မှုများနှင့် ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား သည့် ရဲအရေးပိုင်မှုနှင့် ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းမှုဟူ၍ အပိုင်း နှစ်ပိုင်း ခွဲခြားထားသည်။ ရဲအရေးပိုင်မှု များကို ရွေးကောက်ပွဲကျင်းပပြီး ၁၅ ရက်အတွင်း ရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ပြီး ရွေးကောက်ပွဲကန့်ကွက်လွှာအမှု များကိုမူ ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာပြီး ၄၅ ရက်အတွင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာတင် သွင်းရခြင်း ဖြစ်သည်။

ရဲအရေးပိုင်မှုဖြင့် အမှုဖွင့် သည်ဖြစ်စဉ်များကို ရဲလုပ်ထုံးလုပ်နည်းအရ စိစစ်ဆောင်ရွက်ကာ တရားရုံးတွင် တရားစွဲဆိုခြင်းဖြစ်ပြီး ကော်မရှင်သို့ တင်သွင်းလာသည့် ကန့်ကွက်လွှာများကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခုံဖွဲ့စစ်ဆေးကာ ဆုံးဖြတ် မည်ဟု မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွေးကောက်ပွဲကျင်းပပြီး ၁၅ ရက်အတွင်း ရွေးကောက်ပွဲ ဆိုင်ရာ တရားမဲ့ပြုကျင့်မှုများအ တွက် မန္တလေးတိုင်းဒေသကြီးရှိ ရဲစခန်းများတွင် ရဲအရေးပိုင်မှုဖြင့် အမှုဖွင့်တိုင်ကြားမှု ပေါင်း ၇၃ မှုအထိရှိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုင်ကြားမှု ၇၃ မှုတွင် ကျောက်ဆည်ခရိုင်သည်အမှုဖွင့် တိုင်ကြားမှု ၁၉ မှုဖြင့် အများဆုံးဖြစ်ခဲ့ပြီး ပြင်ဦးလွင်ခရိုင်တွင် ၁၄ မှု၊ ရမည်းသင်းခရိုင်တွင် ၁၂ မှု နှင့် မန္တလေးခရိုင်တွင် ကိုးမှုရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် မန္တလေးတိုင်းဒေသ ကြီးအတွင်း ရွေးကောက်ပွဲအနိုင် ရကိုယ်စားလှယ်ကို ကန့်ကွက်လွှာတင်သွင်းမှု သုံးမှုရှိခဲ့ပြီး ကန့်ကွက်လွှာအမှုများကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခုံဖွဲ့ စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိ သည်။
7 day

No comments:

Post a Comment