Monday, February 1, 2016

တစ်နေ့တည်း သီးခြားစီမင်္ဂလာဆောင်ကြတဲ့ ဂျောင်ဂါအွန်းနဲ့ ဟာဂျယ်ဆော့


တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီးများဖြစ်ကြသော ဂျောင်ဂါအွန်းနှင့် ဟာဂျယ်ဆော့ တို့သည် ဇန်နဝါရီ ၃၀ ရက်တွင် ဂန်းနမ်အရပ်၌ တစ်ချိန်တည်း မင်္ဂလာဆောင်ခဲ့ကြသည်။ေ
ဂျာင်ဂါအွန်းသည် ဂန်းနမ်ခရိုင်ရှိ ဟိုတယ်ခန်းမ၌ မင်္ဂလာပွဲကျင်းပခဲ့သည်။ ၎င်း၏သတို့သား သည် စီးပွားရေးလုပ်ငန်းရှင်ဖြစ် ပြီး ချစ်သူသက်တမ်း တစ်နှစ် အကြာတွင် လက်ထပ်ခြင်းဖြစ် သည်။ ဂျောင်ဂါအွန်းသည် လက် ရှိတွင် ကိုယ်ဝန် ၁၄ ပတ်ရှိနေပြီး ၎င်းတို့စုံတွဲသည် ဟာဝိုင်အီသို့ ပျားရည်ဆမ်းခရီး ထွက်တော့မည်ဖြစ်သည်။

ဟာဂျယ်ဆော့သည်လည်း ဂန်းနမ်ခရိုင်ရှိ မင်္ဂလာခန်းမ တစ်ခု၌ မင်္ဂလာပွဲ ဆင်နွှဲခဲ့သည်။ ဟာဂျယ်ဆော့နှင့် သတို့သား သည်ချစ်သူသက်တမ်း ၂ နှစ်ခွဲအကြာတွင် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့စုံတွဲသည် တောင်ကိုရီးယား ပင်လယ်ကမ်းခြေ ကျေးရွာတစ်ရွာသို့ ပျားရည်ဆမ်းခရီး ထွက်မည်ဖြစ်သည်။
ဂျောင်ဂါအွန်းကို Master's Sun ဒရာမာဇာတ်လမ်းတွဲဖြင့် ပရိသတ်များက အသိများပြီး ဟာဂျယ်ဆော့သည် Birth of a Beauty နှင့် Pasta ဇာတ်လမ်းတွဲ တို့ဖြင့် ပရိသတ်များကသိသော မင်းသမီးဖြစ်သည်။
Ref: Soompi

No comments:

Post a Comment