Thursday, March 17, 2016

တပ်မတော်နှင့်ကေအိုင်အေ မြစ်ကြီးနားဝန်းကျင်တွင် စစ်ရေးတင်းမာ

မြစ်ကြီးနားမြို့နယ် အတွင်းတွင် မြန်မာ့တပ်မတော် နှင့် ကေအိုင်အေတို့ကြား စစ်ရေး တင်းမာမှုများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့မှ ၁၀ မိုင်ခန့် အကွာ နမ်ကျင်ကျေးရွာဝန်းကျင် တွင် စစ်ရေးအခြေအနေတင်းမာ နေပြီး အစိုးရဘက်က တပ်အင် အား တိုးချဲ့ထားခြင်းကြောင့်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ အကြောင်းကြား တင်ပြထား ကြောင်း ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ (PCG)က ပြော သည်။

‘‘မပခကိုပဲ မနေ့က တင်ပြ ထားပါတယ်။ အကြောင်းတော့ မပြန်သေးပါဘူး’’ဟု ယင်းအဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က မတ်လ ၁၆ ရက် ညနေတွင်ပြောသည်။

ကေအိုင်အေထိပ်ပိုင်း တာဝန်ရှိသူတစ်ဦးက နမ်ကျင် ကျေးရွာအနီး တပ်မဟာ (၂)လက်အောက်တပ်ရင်း (၁၁)နယ် မြေတွင် တပ်မတော်ဘက်မှ အင်အားတိုးချဲ့လာခြင်းကြောင့် တင်း မာမှုများ ဖြစ်ပွားနေကြောင်း ပြောသည်။

‘‘PCG ကနေတစ်ဆင့် ထုတ် ပေးဖို့ ပြောထားပါတယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
တပ်မတော်နှင့် ကေအိုင် အေအကြား မြစ်ကြီးနားမြို့နယ် အတွင်း စစ်ရေး တင်းမာမှုများ ဖြစ်ပွားနေခြင်းနှင့်စပ်လျဉ်း၍ နှစ် ဖက်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ‘‘မြို့ပေါ်တပ်ကုန်းရပ် ကွက် အမျိုးသမီးကြီး တစ်ဦးက သူ့ခြံကို သုံးလေးဦးမကဆီမှာ လိုက်ပေါင်ထားတယ်။ ပိုက်ဆံ ဆုံးသွားတဲ့သူတချို့က ကေအိုင် အေတပ်ရင်း (၁၁)ကို သွားတိုင်တယ်။ တပ်ရင်း (၁၁)က အဲဒီ အမျိုးသမီးကို လာခေါ်သွားတယ်။အဲဒီမှာ တပ်က မြို့ပေါ်မှာတောင် ဒီလိုဖြစ်လားဆိုပြီး ကေအိုင်အေ နောက်လိုက်တာမှာ စဖြစ်တာ’’ ဟု ပြောသည်။

ကေအိုင်အေ ဘက်ကမူ အဆိုပါအမျိုးသမီးကို မတ်လ ၁၅ ရက်ကပင် ပြန်လည်လွှတ်ပေး လိုက်ကြောင်း တုံ့ပြန်သည်။

အဆိုပါ ကိစ္စများနှင့် ပတ် သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ထံ ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဖုန်းအဆက်အသွယ်မရခဲ့ ပေ။ PCG အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က ‘‘အဲဒီ အမျိုးသမီးကို လည်း ပြန်လွှတ်လိုက်ပြီဆိုတော့ အစိုးရဘက်က ပြန်ဆုတ်မယ် ထင်ပါတယ်။ အကြောင်းပြချက် မရှိရင်တော့ ပြန်ဆုတ်မယ်ထင်ပါ တယ်’’ဟု မှတ်ချက်ပြုသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေ၊ ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦးတို့အကြား တိုက်ပွဲအချို့ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တွင် ဖြစ်ပွားနေသော တိုက်ပွဲများ နှင့် ပတ်သက်၍ လိုအပ်ပါက တရားဝင် သတင်းထုတ်ပြန်ပေး မည်ဖြစ်ကြောင်း တပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်အောင် ရဲဝင်းက 7Day Daily အား ပြော ကြားသည်။

No comments:

Post a Comment