‘‘လက်ရှိချေးထားတာတွေ ကတော့ ပြန်ဆပ်ရမှာပဲ။ နောက် ပိုင်းမှာတော့ ဆက်ပြီး ငွေချေး၊ မ ချေးက သက်ဆိုင်ရာအစိုးရအဖွဲ့ ဆုံးဖြတ်ရမယ့် အခြေအနေပါ’’ ဟု သမ၀ါယမ၀န်ကြီးဌာနမှ ညွှန် ကြားရေးမှူးတစ်ဦးက ပြောသည်။ဝန်ကြီးဌာနမရှိသော်လည်း ၀န်ထမ်းများဆက်လက်ရှိနေနိုင် မည်ဟု ယုံကြည်ပြီး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ၎င်းက ပြောသည်။
သမ၀ါယမ ၀န်ကြီးဌာနက ချေးငွေများ ထုတ်ချေးရာတွင် ၀န်ကြီးဌာန၏ မူဝါဒအပိုင်းသာ လုပ်ဆောင်ပြီး သမ၀ါယမမြို့နယ်အသင်း၊ ရပ်ရွာအခြေခံအသင်းအဖွဲ့များကသာ ချေးငွေပေးမှုကို အ ကောင်အထည်ဖော်လုပ်ဆောင် ခြင်းဖြစ်သည်ဟု သမ၀ါယမ၀န် ကြီးဌာနမှ အရာထမ်း တစ်ဦးက ပြောသည်။
ဝန်ကြီးဌာန မရှိတော့သည့် အ တွက် ပြည်တွင်းချေးငွေများသာ မက ပြည်ပ တရုတ်ကုန်သွယ်ရေး ဘဏ် (Exim Bank) မှတစ်နှစ် အတိုးနှုန်း ၄ဒသမ၅ ရာခိုင်နှုန်းဖြင့် ချေးယူထားသည့် အမေရိကန် ဒေါ်လာသန်း ၄၀၀ မှာ အစိုးရက ကြားဝင်အာမခံထားသဖြင့် အစိုးရသစ်က ပေးဆပ်ရမည် ဖြစ်သည်။
7Day Daily
No comments:
Post a Comment