Tuesday, May 3, 2016

" မြန်မာနိုင်ငံ၏ ကဏ္ဍ ၇ခုအတွက် ဂျပန်နိုင်ငံက အကူအညီပေးမည်ဟု ဆို "

အလုပ်အကိုင်ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး ၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး ၊ ဘဏ္ဍာရေး ၊ ငွေရေးကြေးရေးကဏ္ဍတို့တွင် ဂျပန်က ကူညီဆောင်ရွက်ပေးမည်ဟု ယနေ့(မေလ ၃ ရက်)တွင်မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသောဂျပန်နိုင်ငံခြားရေးဝန်ကြီးဖူမိအိုခိရှိဒါသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
“ ဒေါ်အောင်ဆန်းစုကြည် မြန်မာအစိုးရနဲ့ သေသေချာချာ ဆွေးနွေးပြီး ၊ တကယ်လိုအပ်ချက်ကို အသေး စိတ် သေသေချာချာစဉ်းစားပြီးတော့မှ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ချိတ်ဆက် ပူးပေါင်းပြီး ဆွေးနွေးပြီး ၊ လိုအပ်ချက်ရှိတဲ့နေရာကိုဖြည့်ဆည်းနိုင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန် ကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်ခင်ဗျ” ဟု မစ္စတာ ဖူမိအိုခိရှိဒါက ပြောသည်။
7Days

No comments:

Post a Comment