Wednesday, July 18, 2012

နှစ်လအရွယ်သမီးကို ရောင်းချခဲ့သည့် မိခင်

ဟွန်ဒူးရပ်စ်နိုင်ငံတွင် မိမိ၏ရင်သွေး နှစ်လအရွယ်သမီးကို ငါးဒေါ်လာဖြင့် ရောင်းခဲ့သည့် အမျိုးသမီးတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟ ဇူလိုင်လ ၁၄ ရက်တွင် ဒေသတွင်း မီဒီယာတစ်ခုက ပြောကြားခဲ့သည်။
အဆိုပါအမျိုးသမီးမှာ အသက် ၁၈ နှစ်အရွယ်ရှိ ကရီနာကတ်စထရိုဆိုသူဖြစ်ပြီး တဂူစီဂါလ်ပါမြို့၏ အနောက်ပိုင်းတွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ကစ်စတရိုသည် စိတ်ရောဂါခံစားနေရသူတစ်ဦးဖြစ်ပြီး မြို့တော်၏အနောက်မြောက်ဘက် ဘီလန်ဈေးတွင် စပျစ်သီးအချို့နှင့် ဒေါ်လာငါးဒေါ်လာရရှိရေးအတွက် နေရာအတည်တကျမသိသည့် အမျိုးသမီးတစ်ဦးကို သူမ၏နှစ်လအရွယ်ကလေးငယ်အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။
ယခုအချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ကတ်စထရိုအား ထိန်းသိမ်းထားပြီး အဆိုပါနှစ်လအရွယ်ကလေးငယ်အား ရှာဖွေရန် စုံစမ်းလျက်ရှိကြောင်း သိရသည်။ ဟွန်ဒူးရပ်စ်နိုင်ငံသည် လက်တင်အမေရိကနိုင်ငံများမှ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment