Wednesday, July 18, 2012

စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်လွှတ်တော်အမတ်အား တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့

စီးပွားရေးပိတ်ဆို့မှုကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်လွှတ်တော်အမတ် မစ်ခ်ျ မက္ကောနယ်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့ကြကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် က အတည်ပြုပြောကြားသည်။
“ပြည်သူ့လွှတ်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နဲ့ ဇူလိုင်၁၆ ရက်နေ့ ည၈နာရီက အမေရိကန် အမတ် မစ်ခ်ျ မက္ကောနယ်တို့(BFDA) ကိစ္စဆွေးနွေးခဲ့တယ် အဲဒီ ဆွေးနွေးချက်ထဲမှာမြန်မာ အမေရိကန် ချစ်ကြည်ရေး တိုးတက်စေရေးကိစ္စ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန် မြှင့်တက်စေရေးကိစ္စနဲ့ မြန်မာပြည်သူလူထု ဘ၀တွေ ပိုမိုကောင်းမွန်လာစေဖို့ကို အခြေခံပြီးဆွေးနွေးခဲ့ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦအုန်းကြိုင် ကထပ်လောင်းပြောကြားသည်။


အဆိုပါအမေရိကန်လွှတ်တော်အမတ် မက်ကော်နယ်သည် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့ ရန်အဓိကထား တိုက်တွန်းခဲ့သူတစ်ဦးဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် အမေရိကန်လွှတ်တော် တွင်
စီးပွားရေးပိတ်ဆို့အရေးယူမှုနောက်ထပ် သက်တမ်းထပ်တိုးရန် အဆိုတင်သွင်းရန်စီစဉ်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်အစည်းအ ဝေးရှစ်ရက်မြောက်နေ့တွင် လွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု တင်သွင်းသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူ မှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်း ဖြင့် ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို တင် သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသည်။ ဦးဌေးမြင့်၊ ဦးဝင်းသန်း၊ ဒေါ်ခင်စောဝေ၊ ဦးနိုင်ငံလင်း၊ ဦးစိန်ဝင်း၊ ဦးကြည် မြင့်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု အဆိုကိုလွှတ်တောကအရေးကြီးအဆိုအဖြစ် အတည်ပြုကြောင်းဆုံးဖြတ်ခဲ့သည်။
“ကျွန်တော်ပြောချင်တာကတော့ ချဉ်းကပ်ပုံမှန်စေချင်တယ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်ပြီးလုပ်စေချင်ရင် လဲ ပွင့်ပွင့်လင်းလင်းပြောလို့ရတယ် ဒါပေမယ့် မည်သူ့ကိုမဆို မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ဆိုတော့ ဒါဟာ ပြောဆိုဆွေးနွေးတဲ့နေရာမှာ နည်းမှန်လမ်းမှန်မဟုတ်ဘူးပေါ့၊ ဖြစ်ရမှာက ဒီကိစ္စဟာ အရမ်းကိုရေးကြီးပါတယ် ဒီဟာကိုတစ်ခြားလူလည်း မလုပ်နိုင်ပါဘူး ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့ဦးဆောင်ပြီးလုပ်ပေးပါ ဒီလိုပြောသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော့ရဲ့တစ်ဦးထဲအမြင်အရ အခြေအနေကောင်းနိုင်ပါတယ် ဒီကိစ္စ ပြေလည်သွားမှာ ပါ”ဟု ဦးအုန်းကြိုင် ပြောသည်။
https://www.facebook.com/pages/Messenger-News-Journal/127099574018030

1 comment:

  1. စီးပွားရေး ပိတ်ဆို့တာ ဒို့မမှုပါ သယံဇာတပေါတဲ့မြေ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က မှန်တယ်၊ အခုတော့ မမှုလို့မရတော့ဘူး အနှစ်နှစ်ဆယ် ဆိုတော့ သယံဇာတတွေက ကုန်ပီလေ

    ReplyDelete