Wednesday, July 18, 2012

လွယ်ဂျယ်မြို့အနီး မံကောင်း(ရှမ်း)ရွာမှ ကျောင်းသားများနှင့် မိဘများပြောင်းရွှေ့နေထိုင်မှုများရှိနေ

KIA (ကချင်)လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ရာဒေသအတွင်း လွယ်ဂျယ်မြို့အနီးရှိ မံကောင်း(ရှမ်း)ရွာမှ ရှမ်းလူမျိုး ကလေးငယ် မောင်အိုက်ထွန်း၊ (၁၅)နှစ်၊ မောင်ဟိုလျံ၊ (၁၃)နှစ်နဲ့ မောင်အိုက်မောင်၊ (၁၄)နှစ်တို့ကို ဇူလိုင်လ ၁၂ ရက်နေ့ညဦးပိုင်းမှာ KIA တပ်ရင်း(၁)မှ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း၊ သူတို့တွေဟာ လွယ်ဂျယ်အထက်တန်းကျောင်းနဲ့ တရုတ်စာသင်ကျောင်းမှာ စာသင်ကြား   နေတဲ့  သူတွေ ဖြစ်ကြောင်း သတင်း ပေးပို့လာပါတယ်။



          KIA (ကချင်)လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စစ်တပ်နဲ့တိုက်ပွဲများဖြစ်ပွားခဲ့တာ တစ်နှစ်ကျော်ကြာ ခဲ့ပြီးဖြစ်ရာ သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ ထွက်ပြေးသူတွေအလွန်များနေတာကြောင့် အင်အားပြန်လည်   ဖြည့်တင်းဖို့ ကျောင်းသားတွေကိုပါ ဖမ်းဆီးပြီး ကလေးစစ်သားလုပ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ``ဒါနဲ့ပတ်သက် လို့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေရှိနေသမျှ လူအင်အားတိုးချဲ့စုဆောင်းမှုတွေ ရှိနေမှာဖြစ်ကြောင်း KIA ဗဟိုဌာနချုပ်မှ ပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုလာပါတယ်။ မံကောင်း(ရှမ်း)ရွာမှာ ကျန်ရှိနေတဲ့ ကျောင်းသားကလေးငယ်ရှိတဲ့ မိသားစုတွေပါ ဘေးကင်းရာသို့ မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်နေလျက်ရှိပြီး ဒီလိုကလေးအရွယ် ကျောင်းသားများအား ဖမ်းဆီးခြင်း အတွက် ILO ကိုလည်း တိုင်ကြားသွားမယ်လို့ သိရှိရပါတယ်။
 

No comments:

Post a Comment