Wednesday, July 18, 2012

Yahoo အကောင့်လေးသိန်းကျော်အခိုးခံရ

ဟက်ကာအဖွဲ့တစ်ဖွဲ့သည် Yahoo အကောင့်လေးသိန်းကျော်ကို ၄င်းတို့ ကုမ္ပဏီ၏ကွန်ပျူတာအတွင်းမှ ခိုးယူခဲ့ကြောင်း အဆိုပါကုမ္ပဏီက ဇူလိုင်လ ၁၂ ရက်က အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။ ၄င်းကုမ္ပဏီမှ အကောင့်လေးသိန်းကျော်နှင့် အခြားကုမ္ပဏီများ၏ အမည်နှင့်စကားဝှက်များကို ဟက်ကာများက ဇူလိုင်လ ၁၁ ရက်က ခိုးယူခဲ့ခြင်းဖြစ်သည်။
အဆိုပါခိုးယူမှုကို ဟက်ကာအဖွဲ့ဖြစ်သည့် DD33DS က ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့ပြီး အကောင့် ၄၅၃၄၉၂ ၏သက်သေအထောက်အထားများကို ပုဂ္ဂလိက ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြခဲ့သော်လည်း အဆိုပါလုပ်ဆောင်ချက်သည် Yahoo ကုမ္ပဏီကို ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်းနှင့် သတိပေးလုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  Yahoo ကုမ္ပဏီ၏ဆာဗာများအနေဖြင့် အားနည်းချက်များစွာရှိနေကြောင်း၊ ၄င်းတို့၏အကောင့်ထုတ်ဖော်မှုများထက် ဆိုးရွားသော ပြသာနာရှိလာနိုင်ကြောင်းနှင့် ၄င်းကိစ္စကို ပေါ့ပေါ့တန်တန်သဘောမထားရန် အဆိုပါဟက်ကာအဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment