Tuesday, July 17, 2012

KIA မှဒုက္ခသည်ယောင်ဆောင်ပြီးမိုင်းဖောက်ခွဲမှုတွေကြောင့် ကချင်ဒုက္ခသည်များ ထိတ်လန့်

ချင်စစ်ပြေးဒုက္ခသည်စခန်းများတွင် KIA မှဒုက္ခသည်ယောင်ဆောင်ပြီး မိုင်းထောင်မိုင်းခွဲလုပ်ငန်းတွေ လုပ်ဆောင်နေတာကြောင့် ဒုက္ခသည်များက ကြောက်လန့်နေကြသသည်။ စစ်ပြေး ဒုက္ခသည်များသည် ဒုက္ခသည်စခန်းများထက် ပိုမို လုံခြုံနိုင်မည့် နေရပ်ကို ရှာဖွေလိုနေကြသဖြင့် စခန်း တာဝန်ရှိသူများက ဖျောင်းဖျ ပြောဆိုနေရကြောင်း ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က KDNသို့ ပြောသည်။ မြစ်ကြီးနား ကျွန်းပြင်သာ ဒုက္ခသည်စခန်းမှ မိသားစု ၄ စုသည်လည်း လိုင်ဇာမြို့အနီးမှ ဂျဲယန် ဒုက္ခသည် စခန်းသို့ ၄ ရက်အကြာ လမ်းလျှောက် ထွက်ပြေးလာကြောင်း စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆာ့ က ပြောသည်။

          ဒုက္ခသည်စခန်းတွင် KIA မှ ဒုက္ခသည်အယောင်ဆောင်မှုတွေမရှိအောင် အစိုးရဘက်မှ လိုက်ပြီး ဆောင်ရွက်ပေးနေပေမယ့်လဲ ဒုက္ခသည်များက စိုးရိမ်နေကြပါတယ်။
မိုင်းဖောက်ခွဲလို့ ဖမ်းသွားတဲ့ KIA မှ တပ်ကြပ်ကြီး လထော်ဘရန်ရှောင်ကိုလဲ KIA မဟုတ်သလိုလို နဲ့ ဆန္ဒပြခိုင်းတာတွေလုပ်ခိုင်းပါတယ်။ တကယ်တမ်းဆန္ဒပြတဲ့သူတွေက ဘာမသိညာမသိနဲ့ပြတဲ့ တွေပါလို့ ဒုက္ခသည်တစ်ဦးက ပြောပါသည်။ အခုတော့ အစိုးရဘက်က စခန်းမှာ လုံခြုံရေးအတွက်မှတ်ပုံတင်တွေ စစ်ဆေးမှုတွေပြုလုပ်ပေးနေပါတယ်လို့ ဒုက္ခသည်အရေးကိုကူညီဆောင်ရွက်ပေးနေတဲ့သူ တစ်ဦး ကပြောဆို ခဲ့သည်။

No comments:

Post a Comment