Thursday, July 26, 2012

ကချင်ဒေသငြိမ်းချမ်းရေး KIA ခေါင်းဆောင်များတွင်သာ မူတည်ပါသည်



           ကချင်ဒေသငြိမ်းချမ်းရေး KIA ခေါင်းဆောင်များတွင်သာ မူတည်ပါသည်

မြစ်ကြီးနား၊ ဇူလိုင် ၂၆
         July 17,2012 ရက်နေ့ Pyi Chit Thar facebook ပါ “ကချင်ဒေသ ငြိမ်းချမ်းရေး ဘယ်သူ့မှာ အဓိကတာဝန်ရှိသလဲ” Post တွင်  ကချင်ပြည်နယ်အတွင်း  ငြိမ်းချမ်းရေး မရရှိ သေးခြင်းအပေါ်   မြန်မာစစ်တပ်၏  ခေါင်းဆောင်တွင် တာဝန်ရှိကြောင်း ရေးသားထားချက်ကို တွေ့ရှိရပါသည်။
          ကချင် တိုင်းရင်းသားတစ်ဦး အနေဖြင့် ကချင်ဒေသ ငြိမ်းချမ်းရေး အတွက် မည်သူ့တွင် အဓိက တာဝန်ရှိသည်၊  မည်သည့် အကြောင်းကြောင့် နှောင့်နှေး ကြန့်ကြာနေရသည်ကို စဉ်းစားမိခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ မိမိကဲ့သို့ပင် ကချင်ဒေသနေ ပြည်သူများ  နိုင်ငံအ၀ှမ်းရှိ တိုင်းရင်းသား များနှင့်  မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ အားလုံး စဉ်းစားမိမည် ထင်ပါသည်။  မှားယွင်းသည့် အချက်အလက်များ  (Wrong  information)၊ လွဲမှားစွာ လက်ခံထားသည့် အယူဝါဒစွဲများ (Ideology deviation)၊ ဆန့်ကျင်ဘက်  အတွေးအခေါ်များ (Opposite idea) စသည်တို့ကို အခြေခံသော ရှုမြင်မှုကြောင့် ဖြစ်ရပ်မှန်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေနိုင်ပါသည်။ ရာဇ၀င်သမိုင်းပါ မျက်မမြင်ပုဏ္ဏားများကဲ့သို့ ကိုယ်ထင်ရာ ခန့်မှန်း ပြောဆိုနေခြင်းထက် ပကတိ အမှန်တရားဆိုင်ရာ အချက်လက်များကို စေ့ငုစွာရှာဖွေ ဖော်ထုတ်၍ အဖြေရှာသင့်ပါသည်။

    အငြိမ်းစားတရားရေး ၀န်ထမ်းတစ်ဦးအနေဖြင့် ၀ါသနာပါသည့် စာပေနှင့်မွေ့လျော်ရင်း အေးအေးပဲနေဖို့ စိတ်ကူးယဉ်ခဲ့မိသည်။ သို့ပေမယ့် ကျွန်တော်နေသည့် ကချင်ပြည်နယ်အတွင်း အနိဋ္ဌာရုံဖြစ်ရပ်များကြောင့် စိတ်ကူးယဉ်မနေနိုင်တော့ဘဲ စစ်တပ်နှင့် KIA တပ်မတော်တို့၏  မပြီးဆုံးသေးသော တိုက်ပွဲများအကြောင်းကိုသာ အမြဲလိုစဉ်းစားလာမိခဲ့ပါသည်။ ကျွန်တော့အသက်  ၆၅ နှစ်ရှိပါပြီ။ ကျွန်တော့တစ်သက်တာ ကချင်ပြည်နယ် အတွင်းမှာသာ နေထိုင်လာခဲ့ရသည့်အတွက် ကချင်ပြည်နယ်အကြောင်း၊ ကချင်လူမျိုးအကြောင်း၊ စစ်တပ် အကြောင်းနှင့် KIA အကြောင်းတို့ကို ၆၅ နှစ်ကြာ အတွေ့အကြုံအရ စုံစုံလင်လင်သိရှိခဲ့ပြီးပါပြီ။ ကျွန်တော့်ညီအစ်ကိုတော်တချို့ KIA ထဲတွင်ရှိပါသည်။ မည်သည့်ဘက်တွင်မှ ရပ်တည်ခြင်းမရှိဘဲ ကြားမှာနေပြီး    ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံနှင့် လေ့လာသိရှိရသမျှ အခြေအနေမှန်များကို အရှိအတိုင်း ရေးသားလိုပါသည်။
          အစိုးရသစ်သည် ၁၈-၈-၂၀၁၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၁၁)ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင်ဖိတ်ခေါ်ခဲ့ပါသည်။

  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ထပ်မံဖွဲ့စည်းပြီး သမ္မတကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ကာ ဒုတိယသမ္မတများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရှိရသည်။  လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ဖြစ်သဖြင့် ဗဟိုကော်မတီ အဖွဲ့ဝင်အားလုံး ငြိမ်းချမ်းရေးကို လိုလိုလားလား   ဆောင် ရွက်နေကြောင်း    မြင်သာလျက် ရှိပါသည်။
    သမ္မတ၏မိန့်ခွန်းများတွင် အမြင်သဘောထား မတူသည်များကိုထားပြီး အမြင် သဘောထားတူညီသည် များကို ပြည်သူများ အကျိုးအတွက် ပူးပေါင်း  ဆောင် ရွက်ရေးမူဖြင့် ကြိုးပမ်း     ဆောင်ရွက် မည်ဖြစ်ကြောင်း  ပြောကြား ထားပါသည်။ မှန်ပါသည်။ အမြင် သဘောထား မတူညီသည်များကို စစ်တိုက်ရင်း     ဆွေးနွေး၍မရကြောင်း  တိုင်းရင်းသားအဖွဲ့အစည်း ၁၀  ဖွဲ့လုံးက လက်ခံ ယုံကြည်ပြီးဖြစ်ပါသည်။ ကျွန်တော်တို့ KIA လူကြီးများကိုလည်း ယင်းသို့လက်ခံယုံကြည်စေလိုပါသည်။

         KIA လူကြီးများနှင့် အစိုးရ တာ ၀န်ရှိ သူများ စုစုပေါင်း ၁၀ ကြိမ် ထက် မနည်း    တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ဆွေးနွေးခဲ့သည့် အကြိမ်တိုင်းတွင်  KIA မှ   နိုင်ငံရေး ဆွေးနွေးမှု ကိုသာ  ဦးစွာေ ဆာင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း၊ အပစ်အခတ် ရပ်စဲရေး(Cease-Fire)အား နိုင်ငံရေး ဆွေးနွေးမှုပြီးမှသာ ဆောင်ရွက်မည်ဟု ပြောကြားလျက်ရှိကြောင်း KIA ငြိမ်းချမ်းရေး  ဆွေးနွေးရေး အဖွဲ့အတွင်းမှ သိရှိရပါသည်



အပစ်အခတ် ရပ်စဲခြင်းမရှိသေးဘဲ မည်သည့် ငြိမ်းချမ်းရေးမှ ရနိုင်ဖွယ် မရှိသကဲ့သို့ မည်သည့် နိုင်ငံရေး ဆွေးနွေးမှု ကို မှလည်း တိုက်ပွဲများ အတွင်း ဆောင်ရွက်နိုင်ဖွယ် မရှိဟု ကျွန်တော်မြင်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးရရှိလိုပါက အပစ်အခတ်ရပ်စဲရေးကို ဦးစွာဆောင်ရွက်ရပါမည်။ ဒုတိယအဆင့် အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုများနှင့် စစ်ကြောင့် ဒုက္ခရောက်သူများအား ပြန်လည်နေရာချထားပေးရေးကိစ္စများကို ဆောင်ရွက်သွား သင့်ပါသည်။

ကျွန်တော်တို့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယတွင် နာဂအဖွဲ့၊ ကူကီးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ KIA လူကြီးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒသည် စစ်ကို လိုလား နေသယောင်ရှိနေခြင်းကြောင့်   နိုင်ငံတကာ လက်ခံ ကျင့်သုံးနေသည့် Peace Process များကို ကျွန်တော်တို့ ကချင်ပြည်နယ်  အေးချမ်းရေးအတွက် လက်ခံဆောင်ရွက် သွားသင့်သည်ဟု ရိုးသားစွာအကြံပြုလိုပါသည်။

၁၉၉၄ မှစ၍ ကျွန်တော်တို့ကချင်ပြည်နယ် ငြိမ်းချမ်းလာခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၁ ဇွန်လလောက်မှစ၍ တာပိန်ရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးဆောင်ရွက်နေသော အစိုးရတပ်ဖွဲ့ဝင်အချို့ကို KIA အဖွဲ့ဝင်များက ဖမ်းဆီးသွားရာမှ တိုက်ပွဲများစတင်ခဲ့ပါသည်။
           KIA နှင့် အစိုးရတပ်  အောက်ခြေအဖွဲ့ငယ်အချင်းချင်း  အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားသည်နှင့် တစ်ပြိုင်တည်း KIA သည် ကချင်ပြည်နယ်အနှံ့ တံတားများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးခဲ့ပါသည်။ တစ်ရက်တည်း မှာပင် တံတား ၄/၅ စင်းကိုဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ တံတားများဖျက်ဆီးခြင်းနှင့်အတူ ရထားလမ်းများ၊ ကားလမ်းများ၊ လျှပ်စစ်တာဝါတိုင်များ၊ ဆက်သွယ်ရေး အဆောက်အဦများကိုလည်း  ဆက်တိုက်ဆိုသလို ဖျက်ဆီးပစ်ခဲ့ပါသည်။



KIA သည် ကချင်လူမျိုးအချင်းချင်း အဓမ္မဖမ်းဆီး၍ လူသစ်စုပါတော့သည်။ လိုအပ်သည့် လက်နက်၊ ခဲယမ်းများ ၀ယ်နိုင်ရန် ဒေသခံတိုင်းရင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးအဆမတန် ကောက်ခံသည်။ မိုင်းထောင်၊ မိုင်းခွဲသည့် အလုပ်များကို KIA အဖွဲ့ဝင်များအပြင် မသိနားမလည်သည့် ရွားသားများကိုပါ ခြိမ်းခြောက်စေခိုင်းခြင်းများ ဆောင်ရွက်ပါသည်။



KIA သည် ရိုးသားသည့်ရွာသားများနှင့် ၀န်ထမ်းများကိုလည်း လက်နက်ပြခြိမ်းခြောက်ခြင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။



အစိုးရမှ စစ်တပ်ကို ကချင်ပြည်နယ်တွင် ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ KIA စခန်းများသို့ သွားရောက်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ညွှန်ကြားခဲ့ကြောင်း သတင်းစာဖတ်ရင်း သိရပါသည်။ စစ်တပ်အနေဖြင့် ၎င်းတို့၏ ရိက္ခာပို့ခြင်း၊ လူနာသယ်ခြင်း စသည့်ပုံမှန်လုပ်ငန်းများ မလွှဲမရှောင်သာ ဆောင်ရွက်နေရမည်ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်စဉ်တွင် ကချင်တပ်မတော်မှ မိုင်းထောင်ခြင်း၊ စောင့်၍ တိုက်ခိုက်ခြင်းများ ဆောင်ရွက်နေသဖြင့်သာ စစ်တပ်မှပြန်လည်ခုခံရင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်နိုင်ပါသည်။

ဤနေရာတွင် အားမရတာတစ်ခုကိုပြောချင်ပါသည်။ ဖြစ်စဉ်ဖြစ်ရပ် အခြေအနေမှန်အားလုံးကို မြင်နေ၊ သိနေရသည့်ကျွန်တော့်အတွက် ရေးချင်၊ ပြောချင်လွန်းလှပါသည်။ ရေးသင့်၊ ပြောသင့်၊ ဖော်ထုတ်သင့်ပါလျက် စစ်တပ်မှ ဘာကြောင့်မပြောလဲဆိုတာကို စဉ်းစားမရနိုင်လောက်အောင်ဖြစ်ရပါသည်။

ကျောက်နီမှော် ကိစ္စမှစခဲ့သည့် ရခိုင်ပြည်နယ် တောင်ကုတ်၊ မောင်တော၊ စစ်တွေ ပြဿနာများတွင် စစ်တပ်သည် ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အချိန်မီ ထိန်းသိမ်းခဲ့ပါသည်။ ထို့ကြောင့်လည်း အခြေအနြေ ပန်လည်တည်ငြိမ်သွားခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှာသာ စစ်တပ်က ၀င်မထိန်းလျင် ရခိုင်-ရိုဟင်ဂျာ အရေးအခင်းဟာ ပြောမပြတတ်လောက်အောင် ဆိုးရွား လာမည်မှာသေချာပါသည်။ Internet Website တွေ၊ ဂျာနယ်တွေမှာ ရခိုင်ကိစ္စ အခြေအနေတွေ တောက်လျှောက်ဖော်ပြခဲ့သလို ယခုကျွန်တော်တို့ ကချင်ပြည်နယ်ကိစ္စ တွေကိုလည်း အလားတူဖော်ထုတ်ပြဖို့ အကြံပြုချင်ပါသည်။

ကျွန်တော့်အမြင် ကချင်ပြည်နယ်အကြောင်း ပြောနေသူတွေဟာ ကချင်ပြည်နယ် ဘယ်နားရှိမှန်းမသိ၊ KIA ဆိုတာ ဘာလဲမသိဘဲ ရေးနေပြောနေ ကြသည်ဟုထင်ပါသည်။ ကချင်ပြည်နယ်ထဲက ကချင်တစ်ဦးအတွက်ကတော့ ဂျာနယ်တွေပေါ်က စာသားတွေဟာ ဂွမ်မော်ရဲ့ ပလီစိချောက်ချက် စကားတွေပဲဆိုတာကို တွေးကြည့်ရင်၊ ပြေးကြည့်တာထက် ပိုသိပါသည်။ ဒါကြောင့် စစ်တပ်ကိုအကြံပေးချင်တာက ခင်ဗျားတို့သိတဲ့ ကချင်ပြည်နယ်က အဖြစ်မှန်တွေကို မစားရ၀ခမန်းနှင့် ပြောနေ၊ ရေးနေသူတွေ နှုတ်ပိတ်သွားအောင် ပွင့်ပွင့်လင်းလင်းဖော်ထုတ်ဖို့ အချိန်တန်ပြီဖြစ်ပါသည်။

          ကချင်ပြည်နယ်အတွင်း ကျွန်တော်တို့ကချင်တပ်မတော်၏ လုပ်ဆောင်ချက်များကို အချိန်ကာလ အပိုင်း ၃ပိုင်း ခွဲခြားမြင်တွေ့ရပါသည်။ အပိုင်း(၁)သည် ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိသည့်  အခြေအနေမှ ၂၀၁၁ ခုနှစ် ဇွန်လ တာပိန်ရေအားလျှပ်စစ်ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အချိန်ထိဖြစ်သည်။ အပိုင်း(၂)သည် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရမှ စစ်တပ်သို့ ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အထိဖြစ်သည်။ အပိုင်း(၃)သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အချိန်အထိဖြစ်သည်။

အပိုင်း(၁)တွင် KIA ကချင်တပ်မတော်ကြောင့်သာ တိုက်ပွဲများစတင်ဖြစ်ပေါ်လာသည်ဟု ယူဆရပါသည်။ အပိုင်း(၂)တွင် KIA ကချင်တပ်မတော်မှ အဖျက်လုပ်ငန်းမျိုးစုံကို ဆက်တိုက်ဆောင်ရွက်ခဲ့ပါသည်။ အပိုင်း(၃)တွင် KIA ကချင်တပ်မတော်သည် မိမိကိုယ်ကိုခုခံကာကွယ်ရုံသာ ဆောင်ရွက်လျက်ရှိသော စစ်တပ်အား ပိုမိုတိုက်ခိုက် နေသည့်အပြင် စစ်တပ်နှင့်မဆိုင်သည့်လူများကို အဆက်မပြတ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ကြောင်း တွေ့ရှိရပါသည်။

စစ်တပ်အနေဖြင့် ၎င်းတို့လက်အောက်အဖွဲ့များ ကျွန်တော်တို့လို အရပ်သားများအပေါ် ထိခိုက်စေသည့်  ပြစ်မှုကြီး/ငယ် ကျူးလွန်ပါက ချက်ခြင်းအရေးယူဆောင်ရွက်ကြောင်း မျက်မြင်ဖြစ်ပါသည်။ စစ်တပ်သည် စစ်စည်းကမ်းနှင့် အထက်အမိန့်ကို အလေးထားလိုက်နာကြောင်း ကျွန်တော့်အတွေ့အကြုံအရ ပြောနိုင်ပါသည်။

          အစိုးရမှ ညွှန်ကြားလာသည့်အချိန်တွင် အမိန့်နာခံမှုကောင်းသော စစ်တပ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးအနေဖြင့် လက်အောက်ရှိတပ်များကို မည်သည့်စတင် တိုက်ခိုက်မှုကိုမျှ ဆောင်ရွက်ခွင့်ပြုမှာ မဟုတ်သလို၊ အစိုးရ၏  ငြိမ်းချမ်းရေး မူဝါဒအတိုင်း လိုက်ပါ လုပ်ဆောင် မည်သာဖြစ်ပါသည်။ ထို့ကြောင့် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိမှုမရှိခြင်းမှာ   မြန်မာစစ်တပ်၏ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ကြောင့် မဖြစ်နိုင်ကြောင်း သုံးသပ်မိပါသည်။

သတင်းစာနှင့်ရုပ်/သံပါ (၆၇)နှစ်မြောက်တပ်မတော်နေ့ ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း၌ တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးလိုလားကြောင်း၊ ဖြစ်နိုင်သမျှ ထာဝရငြိမ်းချမ်းရေးရရှိအောင် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် နိုင်ငံတော်နှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားမှုကို ဖတ်မိ၊ ကြားမိခဲ့ပါသည်။ ဤအချက်သည် ၎င်း၏ ငြိမ်းချမ်းရေးအပေါ် သဘောထားဖြစ်ပြီး ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း၊ စစ်ကိုလိုလားခြင်း မရှိကြောင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေပါသည်။

           အထက်ပါ အခြေအနေအရပ်ရပ်အပေါ် မှန်ကန်စွာသုံးသပ်ပါက အစိုးရနှင့် စစ်တပ်ဘက်မှ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ကချင်လူမျိုးများနှင့်အတူ များစွာလိုလားလျက်ရှိပြီး ကချင်ဒေသငြိမ်းချမ်းရေးအတွက် KIA ခေါင်းဆောင်များတွင်သာ မူတည်လျက်ရှိပါတော့ကြောင်း ရှင်းလင်းစွာမြင်တွေ့နိုင်ပြီဖြစ်ပါသည်။ Pyi Chit Thar facebook ပါ ကချင်ဒေသငြိမ်းချမ်းရေးအတွက် အဓိကတာဝန်ရှိသူအမှန်အား သိမြင်စေနိုင်ရန် စေတနာထား၍ ရေးသားလိုက်ရပါသည်။


ကချင်ပြည်နယ်မှ အငြိမ်းစားတရားရေးဝန်ထမ်းတစ်ဦး

35 comments:

  1. မြစ်ကြီးနားသားJuly 26, 2012 at 4:25 PM

    ရခိုင်မှာလို စစ်တပ်က ၀င်သင့်တာ ကြာပြီ

    ReplyDelete
  2. မောင်ကျောင်းသားJuly 26, 2012 at 5:12 PM

    ကချင်ပြည်နယ်မှာ နေလာတော့ ဒီအကြောင်းတွေ သိတယ်။ KIA တွေ လူသစ်စုလို့ ရွာမှာ မနေရဲလို့ မြို့မှာ အမျိုးတွေနဲ့ ကပ်နေရတယ်။KIA ဆိုတာ ဘယ်တုန်းကမှ ကောင်းခဲ့ပါဘူး

    ReplyDelete
  3. အောင်ကျော်ဇောပြောထားတဲ့ တပ်ကလဲ KIA ကို ပြတ်အောင်မတိုက်နိုင်ဘူး၊KIA ကလဲ တပ်ကို မတွန်းလှန်နိုင်ဘူးလို့ ပြောထားတာ ဘယ်လို ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့

    ReplyDelete
  4. KIA အဖွဲ့ စစ်တိုက်တာကလဲ စစိတပ်ကို မတိုက်ပဲ မြို့ထဲ ရွာထဲ ပြည်သူတွေ နာအောင် ဗုံးခွဲနေတာပါ။

    ReplyDelete
  5. ကချင်တွေက ရွှေဘိုတို့ ပုဂံတို့ စစ်ကိုင်းတို့ ဆီ လာပြီး စစ်တိုက်နေတာ မဟုတ်ဘူးဆိုတာ ဗမာ စစ်သားတွေ သိစေချင်တယ်

    ReplyDelete
  6. ရန်ကုန်က ကိုကိုကျော်July 26, 2012 at 10:17 PM

    သမိုင်းကိုမှီတဲ့လူ သိတယ် မမှီလိုက်တဲ့လူ စာဖတ်ရင် သိမယ် ၅၈/၅၉/၆၂/၇၄/၈၈ ချဲနံပါတ်တွေမဟုတ်ဘူး။
    အရေးအခင်းဖြစ်ခဲ့တဲ့နှစ်တွေကိုပြောတာ စစ်တပ်ဝင်ထိန်းလို့ တိုင်းပြည်မပျက်တာ ၂၀၁၂ ရခိုင်၊ ကုလားကိစ္စ စစ်တပ်ကပဲထိန်းရတယ် KIA ဆိုတဲ့ကောင် ငြိမ်းချမ်းရေးမလိုချင်ရင်တပ်တွေထပ်လွှတ်ပြီး အပြတ်သာဆော်ပစ် ကြာရင် KIA ဂြိုလ်မွှေလို့ ကချင်ပြည်နယ်ပျက်တော့မယ်

    ReplyDelete
  7. ကြိုပြီးပြောထားခဲ့မယ်.. ဗမာနဲ့ နီးနေတဲ့ ကချင်တွေ ဒုက္ခရောက်ပြီး မွှဲနေတဲ့ကိုယ့်အမျိုးသားကို မတူသလိုမတန်သလိုမျိုးနဲ့ လည်း ဆက်ဆံတတ်ပါတယ်။ ပညာအားနည်းတဲ့လူတွေပေါ့။

    ReplyDelete
  8. KIA ဘယ်လမ်းမှ မရွေးဘူး... အမှန်တရားလမ်းပဲ ရွေးမှာပါ.. နှစ် ပေါင်း ၅၀ ကျော်ပီ.. စစ်တပ် ဘယ်လမ်းရွေးမလဲ ဆိုတာပဲ မေးလိုက်... နိုင်ငံ ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက် စေချင်တဲ့ စေတနာ တကယ်ရှိရင် ငြိမ်းချမ်းရေး ဖြစ်အောင်လုပ်ပါ... ထိုးစစ်မဆင်နဲ့၊ မတရားမဖမ်းနဲ့၊ မဒိမ်းမကျင့်နဲ့၊ ရွာမီးမရှို့နဲ့၊ မလိမ်နဲ့၊ မညာနဲ့၊ ပြည်သူတွေကို မညင်းဆဲနဲ့၊... အာဏာ မရူးနဲ့၊ ပြည်သူတွေရဲ့ အစေခံ ဆိုတာ မမေ့နဲ့.. တာပါပဲ...

    ReplyDelete
  9. ကျောင်းဆရာဟောင်းJuly 26, 2012 at 11:12 PM

    စောစောကရေးသင့်တယ် ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့စစ်တပ်ကွ တရုတ်ဖြူကူမင်တန်ကိုလဲ တီးခဲ့တယ်
    ဗကပကိုလဲ ဆော်ခဲ့တယ် KIA ကဘာမို့လို့လဲ KIA သောင်းကျန်းနေတာ တစ်နှစ်လောက်တောင်ရှိပြီ
    စစ်တပ်က သည်းခံမနေသင့်တော့ဘူး

    ReplyDelete
  10. အယ်ကပေါ်ထူး(ဘားအံ)July 26, 2012 at 11:46 PM

    ပထမဆုံး ပစ်ခတ်တာတွေ နှစ်ဘက်စလုံးရပ်ပြီးမှ ကျန်တာတွေ ဆက်ဆွေးနွေးသွားသင့်သည်ဟု ထင်ပါသည်။ ပစ်ခတ်တာတွေ ရပ်စဲသွားတဲ့နေ့ကိုအမြန်ရောက်စေဖို့ ကချင်တိုင်းရင်းသားများအတွက် ဆုတောင်းပေးနေ ပါသည်။

    ReplyDelete
  11. ဇွဲကပင်က(ကရင်လေး)July 27, 2012 at 12:17 AM

    ကချင်ပြည်နယ်မှအပ တစ်တိုင်းပြည်လုံးအေးချမ်းနေပါပြီ KIA ဘယ်သူ့အားကိုးနှင့် လက်မှတ်မထိုးသလဲသိလိုပါသည် သိရှိပါက ဆက်ရေးပေးပါ

    ReplyDelete
  12. အံ့ထူးမော်July 27, 2012 at 12:38 AM

    စစ်တပ်ကိုပဲထောက်ခံတယ် KIA လူမဆန်မှန်း ဓါတ်ပုံတွေကပြောနေပြီ Terrorist အကြမ်းဖက်အဖွဲ့ စစ်စစ်ပါပဲလား တို့တစ်တွေလက်ပိုက်ကြည့်နေသင့်သလား ကချင်ပြည်နယ်ဟာ ဒို့တိုင်းပြည်ထဲကပြည်နယ် ဒို့အားလုံး ကာကွယ်ရမယ် အဖြစ်မှန်တွေ ဖော်ထုတ် KIA ကိုအပြုတ်ဆော်

    ReplyDelete
  13. ဦးဝိစိတ္တ ပဲခူးကျောင်းတိုက်July 27, 2012 at 12:59 AM

    ငြိမ်းချမ်းရေးဆွေးနွေးတာ ၁၀ ကြိမ်ရှိပြီဆိုရင် ဘာဖြစ်လို့ အဆင်မပြေသလဲ..? KIA ခေါင်းဆောင်တွေက ဘာဖြစ်လို့ ငြိမ်းချမ်းရေးမလိုချင်တာလဲ..? အဖြေမှန်သိက ရေးပေးကြပါ ဒကာတို့

    ReplyDelete
  14. ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ကျွန်မအစ်မ ဒေါ်တင်နု ယုဇနကုမ္ပဏီကကားနဲ့ နမ္မတီးမှ ယုဇနကုမ္ပဏီကိုအသွား လမ်းမှာKIA က မိုင်းခွဲလို့ ဆုံးပါးခဲ့ရတယ်
    ကျန်ခဲ့တဲ့ ကလေး ၂ ယောက်က သူ့အမေ “ဘယ်တော့ပြန်လာမှာလဲ” ကျွန်မကို တစ်ဂျီဂျီမေးနေတယ်
    ကချင်ပြည်နယ်မှာ KIA ကြောင့် မိသားစုတွေ ပြိုကွဲရတာများလှပြီ
    တပ်မတော်မှထိထိရောက်ရောက်နှိမ်နင်းပေးပါ

    ReplyDelete
  15. W.I.N ဆေးတက္ကသိုလ်July 27, 2012 at 1:58 AM

    ကချင်ပြည်နယ် မငြိမ်းချမ်းသေးတာ KIO ခေါင်းဆောင်တွေကြောင့်ဆိုတာ အပြည့်အ၀ထောက်ခံတယ်

    ReplyDelete
  16. ကာမိုင်းသားJuly 27, 2012 at 6:36 AM

    မနှစ်က ဇွန်လထဲမှာ ကျွန့်တော့ဦးလေး ဦးမြင့်စိုး KIA သတ်လို့သေခဲ့ရတယ်
    ရာအိမ်မှူးလုပ်နေတဲ့ဦးလေးကို ဆက်ကြေးမပြည့်လို့ဆိုပြီး အိမ်ပေါ်ထိတက်ပြီး ၀ါးရင်းတုတ်နှင့် ရိုက်သတ်သွားတယ်
    ပြီးတော့ အလောင်းကိုကားလမ်းဘေးမှာ ပစ်ထားခဲ့တယ်
    ကာမိုင်းမြို့နယ် မအူပင်ရွာက ဖြစ်ရပ်မှန်ကို ခင်ဗျားတို့သိအောင်ပြောတာ မယုံရင်ကြိုက်သလိုစုံစမ်းကြပါ
    သိပြီးရင် တစ်နိုင်ငံလုံးသိအောင်ပြောပြပေးပါ
    KIA မှာ အထက်ကလဲမကောင်းဘူး အောက်ကလဲမကောင်းဘူး KIA ဟာ တာလီဘန်၊ အယ်လ်ကိုင်ဒါတို့လို အကြမ်းဖက်အဖွဲ့ဆိုတာကို နိုင်ငံတကာသိအောင်ဖော်ပြပြီး ရာဇ၀င်ထဲကနေ ပျောက်သွားအောင် အမှုန့်ချေပစ်သင့်ပြီ

    ReplyDelete
  17. စစ် ဆိုတာ မ၇ှိတာ အကောင်းဆုံးပါ။ ၂ ဖက်စလုံးက စစ်သားတွေဟာ ကိုယ်နိုင်ငံသားတွေပဲ မဟတ်ုလား။ ညီညွတ်ကြပါတော့ဗျာ

    ReplyDelete
  18. ကချင်လေးJuly 27, 2012 at 9:52 AM

    ကေအိုင်အေ သည် ကချင်လူမျိုးကိုကိုယ်စားမပြုပါ

    ReplyDelete
  19. ကချင်တွေ တွေ မထောက်ခံရင် KIA ဆိုတာ ပျောက်ကွယ်တာ ကြာလှပေါ့။

    ReplyDelete
  20. ရွှေသမင်က မင်းကြီးတာကပဲထွက်တာပဲကိုယ့်လူတို့ ရေ

    ReplyDelete
  21. ပြည်တွင်းစစ်ဆိုတာ စိတ်ဓါတ်နိမ့်ကျတဲ့ နိုင်ငံသားတွေ ရှိတဲ့ ၊ များတဲ့ နိုင်ငံတွေမှာပဲ ရှိတာဗျ၊ တကယ်တော့ ပြည်တွင်းစစ် ရှိတာ ၊ ဖြစ်နောဟာ ရှက်စရာပါ. မြန်မာနိုင်ငံသားတွေရဲ့ မညီညွတ်မှု့၊ လူ့ အခွင့်အရေး မရရှိမှု့ တွေကို ပြနေတာပဲ

    ReplyDelete
  22. ကေအိုင်အေကြောင့် လမ်းတံတားတွေ၊ တာဝါတိုင်တွေ၊ အပြစ်မဲ့ပြည်သူတွေ သေကြေပျက်ဆီးဆုံးရှုံးနေတာအများကြီးပဲ... ဒါတွေက ခေါင်းဆောင်လုပ်တဲ့သူတွေခိုင်းလို့လုပ်ရတာပါလို့ ပြောတဲ့ လက်အောက်ငယ်သား ကေအိုင်အေ တပည့်တွေက ၀န်ခံတာများနေပြီ။။ ဒါကို ကေအိုင်အေခေါင်းဆောင်တွေက ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လုပ်နေတာ... လယ်တောထဲ ဆင်သွားသလို ထင်ရှားနေတာပဲလေ...

    ReplyDelete
  23. လိုလားသူJuly 27, 2012 at 1:59 PM

    KIA ဆိုတဲ့ကောင်တွေကို သတ်ပစ်ကြပါ... ဒီကောင်တွေရဲ့ လုပ်ရပ်ကြောင့် ကျွန်တော်တို့ ကချင်လူမျိုးမှ ခွေး ထန်းလျက်ခဲ လျက်သလိုပါဘဲ... ကျွန်တော်လည်း ကချင်လူမျိုးတစ်ယောက်ပါဘဲ .... သူတို့ရဲ့လုပ်ရပ်တွေဟာ ကတယ့်ကို အံမခန်းလီးလီးပါဘဲ.... အားလုံးလည်း ကြားသိပြီးသားနေမှာပါ... အကုန်သာသတ်ပစ်ကြပါ(ရှင်းနိုင်သူတွေ) KIA ဆိုတာဘာလဲ လို့ ကျွန်တော့်တို့ ကချင်လူမျိုးထဲမှာတောင် မေးတဲ့သူတွေ တော်တော် များများရှိပါတယ်.. အဲလိုမေးထဲကိုက သဘောပေါက်သင့်ပါတယ်....

    ReplyDelete
  24. သူဝေလှိုင်(အနုပညာနယ်ပယ်)July 27, 2012 at 2:23 PM

    US-ASEAN Business Forum ရဲ့ Dinner မှာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးကြောင်း KIO/KIA တစ်ဖွဲ့သာကျန်ရှိတော့ကြောင်း နိုင်ငံတကာရှေ့တွင် တရားဝင်ပြောကြားပါတယ်..အားလုံးသုံးသပ်နိုင်အောင် ကျွန်မ Idea ကို ပြောပါမည်... အဖွဲ့ ၁၀ ဖွဲ့ရဲ့ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးကြပြီး KIA မှ လက်မှတ်မထိုးတာ အစိုးရရဲ့တာဝန်လား KIA ရဲ့ တာဝန်လား.. ညီအစ်ကိုမောင်နှမတွေ ပြန်လည်စည်းလုံးဖို့အတွက် အစိုးရအနေနဲ့ ဒီတစ်ဖွဲ့တည်းတော့ ချန်ထားမည် မထင်ပါ။ ဒီတစ်ဖွဲ့တည်းကသာ ချန်ရစ်နေတာဖြစ်နိုင်ပါတယ်....ကျွန်မတို့တိုင်းရင်းသားတွေအချင်းချင်း သတ်ဖြတ်နေရင် လွတ်လပ်ရေးမရခင်က ကျွန်မတို့ကို သွေးခွဲခဲ့တဲ့သူတွေ ၀မ်းသာနေပါလိမ့်မည်..တိုင်းရင်းသားမိသားစုများ ပြန်လည်စုစည်းညီညွတ်ရေး ငြိမ်းချမ်းရေးသီချင်းတစ်ပုဒ် ရေးစပ်သီဖွဲ့ပါရန် တိုက်တွန်းပါတယ်..

    ReplyDelete
  25. တရုတ်ပြည်ရောက် ကချင်တစ်ဦးJuly 27, 2012 at 2:39 PM

    စစ်တပ်ခေါင်းဆောင်ကြောင့်ပါလို့ လက်ညှိုးမထိုးပါနဲ့ ကျန်တဲ့လက်လေးချောင်းက ခင်ဗျားတို့ကို ပြန်ထိုး နေတယ်။
    ခင်ဗျားတို့ KIA ခေါင်းဆောင်တွေက တရုတ်ဘက်မှာ ဆောက်ထားတဲ့ ကိုယ်ပိုင်တိုက်ကြီးတွေ ဟိုတယ်ကြီးတွေပေါ်ကနေ လက်အောက်ကို စစ်တိုက်ခိုင်းနေတာ ကျုပ်မြင်တယ်။
    အစိုးရက တရုတ်ထဲလဲလာဆွေးနွေးတယ် ထိုင်းမှာလဲ လိုက်ဆွေးနွေးတယ် နောက်ဆုံးခင်ဗျားတို့ KIA စခန်းအထိ လိုက်ဆွေးနွေးတယ်။
    ကချင်ပြည်နယ်ထဲမှာ ခင်ဗျားတို့ဖျက်ဆီးခဲ့တာများပြီ ရုပ်ဝတ္ထုတွေအပြင် ကချင်လူငယ်တွေရဲ့ စိတ်ဓါတ် ကိုလဲ ခင်ဗျားတို့ဖျက်ဆီးခဲ့ပြီ။
    စိတ်ပိုင်း၊ ရုပ်ပိုင်းအားလုံး ပြန်တည်ဆောက်ဖို့ ဘယ်လိုလုပ်မှာလဲ ဆယ်စုနှစ် ဘယ်နှစ်ခုကြာမလဲ KIA ခေါင်းဆောင်တွေ စဉ်းစားမိရဲ့လား။
    တရုတ်နယ်စပ်မှာ ကျုပ်ရှိတယ် မြင်တာတွေပြောတော့မယ် ။

    ReplyDelete
  26. လိုလားသူJuly 27, 2012 at 2:43 PM

    တော်တော် တရားကျဖို့ကောင်းလိုက်တဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းအတွက် တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တွေပါလား

    ReplyDelete
  27. နောင်နောင်July 27, 2012 at 3:03 PM

    အောင်မြင်နေတဲ့အနုပညာရှင်တွေထဲမှာ ကချင်လူမျိုးအများကြီးပါ။
    Kဂျာနူး၊ Lခွန်းရီ၊ Lဆိုင်းဇီ၊ ရေဗက္ကာဝင်း၊ ဒေါင်လွန်း၊ ခင်ဗျားတို့ကို ဗမာလူမျိုးများစွာက အားပေးချစ်ခင် နေပါတယ်။
    ကချင်မြေအေးချမ်းရေးအတွက် အနုပညာနဲ့အကျိုးဆောင်သင့်ပြီ။

    ReplyDelete
  28. ၈၈ မှ တစ်ဦးJuly 27, 2012 at 3:20 PM

    ပြဿနာတိုင်းအတွက် အဖြေရှိတယ်ဗျာ။
    လည်ပင်းဖက်ပြီး ညှိနှိုင်းကြစမ်းပါ။
    ကျည်ဆံတွေကြားမှာတော့မဆွေးနွေးပါနဲ့။
    သေနတ်ပြောင်းတွေအောက်ချ၊ ပန်းခင်းလမ်းကိုလျှောက်ကြပါ။

    ReplyDelete
  29. ဟားဟားJuly 27, 2012 at 6:06 PM

    တိုင်းရင်းသားတွေ လက်နက်ကိုင်တယ်ဆိုတာ တန်းတူ အခွင့်အရေးမရလို့ပါ၊ စစ်တပ်ထဲမှာတောင် တန်းတူ အခွင့်အရေး ရရဲ့လား၊ အောက်ခြေက ငတ်ပြတ်နေပြီး အထက်က ဗိုလ်ချုပ်တွေလောက်ပဲ ကျိကျိတက်ချမ်းသာနေကြတာလေ။ စစ်တပ်မှာတောင် တန်းတူ အခွင့်အရေးမရှိတာ၊ ကချင်တွေကို တန်းတူ အခွင့်အရေးပေးမယ် ဆိုတာ မယုံနိုင်စရာပဲ။

    ReplyDelete
  30. ငြိမ်း ချမ်း ရေး မ လုပ် နိုင် တာ မင်း အောင် လှိုင် က သိန်း စိန် ကို စောက် ဂ ရု မ စိုက် တာ လား ။ ဒါ မှ မ ဟုတ် သိန်း စိန် က ပဲ ရှေ့ တ မျိုး ကွယ် ရာ တ မျိုး လုပ် နေ တာ လား ။ တ ခု ခု ပဲ ရှမ်း ပြည် မှာ လဲ တိုက် နေ တာ ပဲ

    ReplyDelete
  31. လိုလားသူJuly 27, 2012 at 7:20 PM

    KIA ခေါင်းဆောင် တွေအနေနဲ့ ဘာဆက်မလုပ်မလဲဆိုတာကို ဘယ်လိုသူတွေ့မှ သိကြမှာပါသလဲ.... ကျွန်တော် တိုင်းရင်းသားတစ်ယောက်ကတော့သိပါတယ်..... ဒါပေမဲ့ ပြောဘူး... လုပ်စရာရှိတာ ဆက်လုပ်ကြပါ......

    ReplyDelete
  32. ကချင်ပေါက်စလေးJuly 27, 2012 at 7:35 PM

    ပြောလိုက်ရင်တော့ KIA က ကချင်ပြည်နယ်ကိုကာကွယ်တယ် ဆိုပြီး လူသတ်၊ဓါးမြတိုက်၊ တံတားတွေကို မိုင်းတွေခွဲလုပ်နေတာပါ။ ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုပြီးတော့ အစိုးရတပ်တွေကို သွားသွားတိုက်နေတာ။ ငြိမ်းချမ်းရေးကို ပါးစပ်ကသာလိုချင်တယ်ပြောပြီးလက်တွေ့မှာတော့ KIA ခေါင်းဆောင်ကြီးတွေရဲ့စီးပွားရေးအတွက် သေနတ်ကိုင်ပြီးတိုက်နေတာကြောင့် ငြိမ်းချမ်းရေး မရနိုင်တာပါ။ ကချင်ပြည်နယ်ငြိမ်းချမ်းရေးက KIA ခေါင်းဆောင်ပိုင်းတွေမှာသာ မူတည်နေပါတယ်။

    ReplyDelete
  33. ဘရန်အောင်(KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး)July 27, 2012 at 7:41 PM

ဲငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတာ ၁၀လောက်ရှိနေပါပြီး။ အခုချိန်ထိကချင်ပြည်နယ်က အေးချမ်းမှုမရသေးပါဘူး။ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးတွေယူနေကြပါပြီး တခါမှ ငြိမ်းချမ်းရေးမယူဘူးတဲ့ KNU တောင်ငြိမ်းချမ်းရေးယူပြီးပါပြီး။ ကျန်တဲ့အဖွဲ့တွေငြိမ်းချမ်းရေး ကို အစိုးရနဲ့ယူနိုင်တယ် KIA က မယူနိုင်ဘဲ စစ်တိုက်ဖို့ မိုင်းခွဲဖို့ဘဲလုပ်နေတာ ဘယ်သူ့မှာ တာဝန်၇ှိတယ် ဘယ်သူငြိမ်းချမ်းရေးကို မလိုချင်နေဘူးလဲဆိုတာ ထင်ရှားနေပါတယ်။

    ReplyDelete
  34. လိုလားသူJuly 27, 2012 at 9:59 PM

    ခေါင်းဆောင်များအနေနဲ့ တစ်ခြားမစဉ်းစားသင့်ဘဲ ငြိမ်းချမ်းရေးစဉ်းစားသင့်တယ်လို့ ကျွန်တော် ကချင်လူမျိုးတစ်ယောက် အနေနဲ့မြင့်ပါတယ်........

    ReplyDelete
  35.ုKIA ခေါင်းဆောင်ပိုင်းကို အမြော်အမြင်ကြီးပြီး စဉ်းစားတွေးခေါဥာဏ်ရှိတဲ့လူတွေနဲ့ အစားထိုးသင့်ပါပြီ
    ကချင်လူမျိုးတစ်ယောက်အနေနဲ့အကြံပြုတာပါ

    ReplyDelete