ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပွားခဲ့သော
ဆူပူအုံကြွမှုများေ ကြာင့် မြန်မာနိုင်ငံ အပေါ်ထားရှိသော အမေရိကန်ပြ ည်ထောင်စု၏
ပိတ်ဆို့အရေးယူမှုလျှော့ချပေးရေး ဆိုင်ရာမူဝါဒအပေါ် ထိခိုက်နစ်နာမှုမရှိကြောင်း မြန်မာဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်ကြေ ပာကြားကြောင်း The Wall Street Journal က သြ ဂုတ်လ ၂၄ ရက်နေ့တွင်ရေးသားဖော်ပြသည်။
"ဆူပူအကြမ်းဖက်မှုတွေ အင်မတန်လျင်မြန်စွာဖြစ်ပေါ်သွားတ ယ်၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကူးဆက်ပြန့်နှံ့ခဲ့တယ်ဆိုတဲ့ကိစ္စတွေက ကျွန်တော်တို့ကို အံ့အားသင့်လောက်အောင်ဖြစ်စေခဲ့တ ယ်ဆို တာကိုတော့
ကျွန်တော့်အနေနဲ့ပြောလိုပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက
ပိတ်ဆို့အရေးယူမှုအပေါ်ထားရှိတဲ့ ကျွန်တော်တို့ ရဲ့ သဘောထားကို
ထိခိုက်မှုရှိမယ်လို့ မထင်မိပါဘူး။ ကျွန်တော်တို့အတွက် မြန်မာနိုင်ငံမှာ
ပိုပြီးရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေ ရှေ့မှာရှိနေပြီဆိုတဲ့သဘောမျှသာ ဖြစ်ပါတယ်" ဟု နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဖြစ်လာသူ ဒဲရစ်မစ်ချဲကဆိုသည်။
ရိုဟင်ဂျာပဋိပက္ခအများစုမှာ ၎င်းတို့အား နိုင်ငံတွင်းနေထိုင်ခွင့်ပြုရန် ငြင်းဆန်ကြသူ
မြန်မာနိုင်ငံသားများထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
"နိုင်ငံသားတွေအကြား သည်းညဉ်းမခံနိုင်မှုနဲ့ ခွဲခြားဆက်ဆံမှုသဘောထားကို
အနက်ရှိုင်းဆုံးအနေအထားနဲ့ တွေ့မြင်ရတာဟာ ကြမ္မာငင်မှုတစ်ခုပါ"
ဆူပူအုံကြွမှုများသည် လူ့အဖွဲ့အစည်းတွင်း နက်ရှိုင်းစွာအမြစ်တွယ်နေသည့် သည်းညဉ်းမခံတတ်သော သဘောတရား များနှင့်အတူထွက်ပေါ်လာေ ကြာင်း၊ အဆိုပါ သည်းညဉ်းမခံတတ်သည့် သဘောတရား မှာလည်း လူ့အဖွဲ့ အစည်းအတွင်း ကြီးမားထင်ရှားသော သာဓက တစ်ခုသဖွယ်ရှိနေပုံရကြောင်း ၎င်းကပြောကြားသည်။
ထို့ပြင် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များအကြားဖြစ်ပေါ်နေသ ည့် စိတ်ခံစားချက်ကို အမေရိကန်ပြည်ထောင်စုကနားလည်ပြါေ ကာင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာအရေးကိစ္စအပေါ် အလွန်အမင်း အသားပေးပြောဆိုခဲ့သည်ဟူသောအချက် ကိုလည်း မိမိတို့ကသိရှိနားလည်ထားပါကြောင်း ပြောကြားသည်။
From -TheVoiceWeekly
No comments:
Post a Comment