Thursday, August 2, 2012

ဦးသန့်နေထိုင်ခဲ့သောအိမ်ကို ပြတိုက်ငယ်ဖွင့်လှစ်နိုင်ရန် မိသားစုပြင်ဆင်


ရန်ကုန်-သြဂုတ်၂
၁၉၅၀ပြည့်နှစ်များက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၀န်ကြီးချုပ် ကိုယ်ရေး အရာရှိဘ၀က နေ ထိုင် ခဲ့သော နေ အိမ်အား မကြာမီပြန်လည်ပြုပြင်ကာ ဦးသန့်၏  ဘ၀အစိတ်အပိုင်းနှင့်သူ၏အလုပ်နှင့်ပတ်သက်သည်များကို အိမ်၏ အစိတ်အပိုင်းအချို့တွင် ပြတိုက်
ငယ်အဖြစ်ပြုလုပ် သွားမည်ဖြစ်ပြီး၊ အိမ်၏အချို့ အစိတ်အပိုင်းများတွင် အများပြည်သူနှင့် ဆိုင်သော  ဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချချက်မျာြး ပု လုပ်နိုင်ရန် မိသားစုများက ပြင်ဆင်နေကြောင်း ဦးသန့်၏မြေးတော် စပ်သူ စာရေးဆရာဦးသန့်မြင့်ဦးကသူ၏ ဖေ့ဘွတ်စာမျက်နှာတွင်
် ယနေ့ မွန်းလွဲပိုင်း က  ရေးသားထားသည်။
ယခင်အစိုးရလက်ထက်ကလျှစ်လျှူရှု့ထားခံခဲ့ရသော ထိုအိမ်သည် အစိုးရပိုင်ဖြစ်ပြီး မိသားစု၏စိတ်ကူးကို အကောင်အထည်ဖော်နိုင်ရန် သမ္မတက ခွင့်ပြုချက်ပေးခဲ့ပြီး လအနည်းငယ်အကြာအချိန်ယူပြင်ဆင်ပြီး အကောင်မထည်ဖော်နိုင်မည်ဟုမျှော်လင့်ကြောင်းလည်းဦးသန့်မြင့်ဦး
ကရေးသားထားသည်။
အဆိုပါအိမ်မှာ အမှတ်(၃၁)၊ ၀င်ဒါမီရာ Garden (ဆာကူရာ Resident နောက်လမ်းမှဝင်ရ) ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင် တည်ရှိသည်။

ဓာတ်ပုံ - U Thant Myint U FB Page

No comments:

Post a Comment