Thursday, August 2, 2012

“ဘီလူး အသားမစားတော့ဘူး” ဟု အိပ်မက် မက်ခြင်း


 ဘီလူး အသားမစားတော့ဘူး” ဟု အိပ်မက် မက်ခြင်း
ဘိန်း ဘု ရင်ဘွဲ့ ခံ ခွန်ဆာရဲ့ လက်ရင်း တပည့် MTA လက်ကျန်ဟောင်းကြီး  ကျောက်ယွက်ဆစ် ရေ..
သျှမ်းပြည်နယ် ထဲမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး လုပ်နေတယ် လို့ ပြောင်ပြောင်ကြီးညာနေပါပေါ့လားဗျာ...ကျုပ် လက်ရှိ သျှမ်းပြည်နယ် ထဲမှာနေတာ ၅၇ နှစ်ရှိပြီ.. ခင်ဗျားထက် ၃ နှစ်လောက်ကြီးတယ်... အရှက်မရှိခင်ဗျားမို့ပြောရဲတယ်... ခင်ဗျားပြောနေတာတွေက မျက်နှာမှာ သနပ်ခါး ၊  ပေါင်မှာသေးကြောင်း ဆိုသလို ဖြစ်နေပါပေါ့ဗျာ.....


ခင်ဗျားတို့နဲ့ ONCB လက်ဝါးခြင်းရိုက်ပြီး မတန်မရာ ရွှေလင်းယုန်ဆု Gold Eagle Award ယူလိုက် တာကို DEA နဲ့ UNODC တို့က ဟုတ်မှဟုတ်ရဲ့လားလို့...အတော်လေးအံ့သြသွားကြတယ်... မသင်္ကာလို့ စုံစမ်း နေတယ်လို့ကြားတယ်ဗျာ..
ခင်ဗျားက မူးယစ်ဆေးဝါးမလုပ်တော့ဘူးပြောတယ်... ခင်ဗျားတပည့်တွေက သျှမ်းပြည်နယ်ထဲမှာ ဘိန်းအထွက်တိုးရေး ဆော်သြနေကြတယ်....ခင်ဗျားတပည့်တွေအကြောင်း နည်းနည်းပြောရဦးမယ်.... ကျုပ်တို့ ကြားဖူးတာက စပါးကြိုပေး/ ပဲကြိုပေးပဲရှိတယ်...ခင်ဗျားတပည့်တွေကျမှ ဘိန်းကြိုပေးလုပ်နေကြတယ်ဗျာ... ခင်ဗျားတပည့်တွေက သူတို့ရှိတဲ့နေရာတိုင်းလိုလိုမှာ ရွာသားတွေ ဘိန်းစိုက်နိုင်ဖို့ စိုက်ပျိုးစရိတ်တွေ ထုတ်ပေး နေလေရဲ့... ဒီငွေကလဲ သူတို့အိတ်ထဲကငွေမှမဟုတ်ဘဲ... ဆက်ကြေးကောက်ပြီးရတဲ့ငွေကို ဘိန်းကြိုပေးငွေ လုပ်လိုက်တာပဲဟာ... သိပ်လွယ်တာပေါ့... ဒါလဲ ခင်ဗျားရဲ့ Idea ထင်ပါရဲ့... ဘိန်းရာသီပေါ်တော့ ခင်ဗျားတပည့်တွေ အလုပ်ရှုပ်ပြီလေ...ထွက်သမျှဘိန်းတွေ အကုန်လုံးလိုက်သယ်ရတာနဲ့ တော်တော်လေး ပင်ပန်းရှာကြတယ်...
ကျောက်ယွက်ဆစ်တပည့်များစိုက်ထားသည့် အောင်မြင်နေသော ဘိန်းခင်းတစ်ခု

ဂိုဏ်းချုပ်ကြီးက ဒီလိုဆေးပြားတွေလည်းလုပ်တယ်
 
                            
ကျုပ်တို့ဒေသကပြည်သူ့စစ်တွေကိုလက်ညှိုးမထိုးပါနဲဗျာ... သူတို့ကို လက်ညှိုးတစ်ချောင်း ထိုးယင် ကျန်တဲ့လေးချောင်းက ခင်ဗျားဘက်ကိုပြန်ထိုးနေမယ် ဆိုတာ ... ယုံလိုက်စမ်းပါ. ဂိုဏ်းချုပ်ကြီးရေ.......
ခင်ဗျားမသိတာလေး သတင်းပါးချင်ပါသေးတယ်... ကျွန်တော်တရုတ်ဘက်ကိုရောက်တော့... ရတဲ့ သတင်းပါဗျာ.. စိုင်းနော်ခမ်းတို့...စံခမ်းတို့က...တရုတ်ရဲတွေကို ၀န်ခံထားတာတွေရှိတယ်... ခင်ဗျားအကြောင်း တွေပေါ့ဗျာ..... ခင်ဗျားနဲ့သူတို့ ဘယ်လောက်ရင်းနှီးတယ်ဆိုတာ.... သစ္စာရှိရှိ ဘိန်းအကျိုးတူ စီးပွားရေးလုပ်တဲ့ အကြောင်းတွေပေါ့... ခေတ်သစ်မူးယစ်ရာဇာ စိုင်းနော်ခမ်းကိုယ်တိုင်က ခင်ဗျားကို ပီအိုက်လို့....ခေါ်မှတော့.. ခင်ဗျားက မူးယစ်ရာဇာရဲ့အထက်မှာရှိတဲ့.. မူးယစ်ဂိုဏ်းချုပ်ကြီး ဖြစ်မှာပေါ့ဗျာ...ဟား..ဟား..ဟား..
ခင်ဗျားအကြောင်း ဖောက်သည်ချမယ့်လူတွေ... တရုတ်ရဲလက်ထဲရောက်နေပြီ... ဒါတောင် မြန်မာဘက်ကသတင်းတွေ ကျုပ်မသိသေးလို့... အောင်မြတ်တို့က မြန်မာရဲတွေကို ခင်ဗျားအကြောင်း တော်တော်များများ ပြောပြီးလောက်ပြီပေါ့ဗျာ... စောင့်သာကြည့်ပေတော့ ကျောက်ယွက်ဆစ်ရေ... ခင်ဗျားရဲ့ အကြောင်းတွေ အခုလိုအင်တာနက်ခေတ်ကြီးမှာ တစ်ကမ္ဘာလုံးက စက္ကန့်ပိုင်းအတွင်းမြင်ရတော့မယ်ထင်တယ်... တားမြစ်ဆေးသုံးလို့.. ဆုတံဆိပ်ပြန်အပ်ရတဲ့ အားကစားသမားကြီးလို ပေါင်ကသေးကြောင်းတွေမြင်မှ ထိုင်းက ပေးတဲ့ ဆုဟာ “လင်းယုန်”ကနေ ချက်ချင်းလက်ငင်း “လင်းတ” ဖြစ်သွားလိမ့်မယ်ထင်တယ်...
ကျုပ်ရဲ့ ဦးနှောက်က တစ်ချို့ကိစ္စတွေ တော်တော်လေးမှတ်မိနေတယ်... ခင်ဗျားရဲ့အနီးဆုံးတပည့်.. စိုင်းထွန်း(သို့မဟုတ်) နိုင်ထွန်းဝိ၀ပ်ရုန်အရုန်(Tun Wiwatrungarun)ကို ထိုင်းရဲတွေက စံချိန်တင်မူးယစ်ဆေးဝါး တွေနဲ့ မိခဲ့တယ်မဟုတ်လား... ခင်ဗျားတို့ ဆရာတပည့် အရက်သောက်ယင်း လည်ပင်းဖက်နေတဲ့ပုံကို အမှတ်တရ ဖော်ပြပေးလိုက်တယ်...အဝေးကြီးမရှာရပါဘူးဗျာ...၂၀၀၅ ဆိုတော့ ဘာမှမကြာသေးဘူးပဲ... ခင်ဗျားနဲ့ နီးနီးနားနား ၂၀၀၅ မတ်လ ၁၀ ရက်နေ့ Bangkok Post ကို ရှာဖတ်လိုက်ပေါ့ဗျာ...
စာဖတ်မိတ်ဆွေတို့လဲ နီးစပ်ယင် ရှာဖွေဖတ်ရှုနိုင်ကြောင်းပါ....

ရပ်တန်းက ရပ်ပါတော့ဗျာ.... ခင်ဗျားပုံစံက ရှေ့ကဖုံး နောက်ကပေါ်ဖြစ်နေပြီဗျ... ခင်ဗျားကတော့ အကွက်ကျကျ လုပ်တတ်ပေမယ့်... ခင်ဗျားတပည့်တွေက ခင်ဗျားလောက်မှမတော်တာ...အကုန်လုံး ပေါ်တော့ တာပေါ့... သတိထားပေတော့ ဂိုဏ်းချုပ်ကြီး ရေ.... စိုင်းနော်ခမ်းနဲ့ သူ့တပည့်တွေက... ခင်ဗျားအကြောင်း... ဘာတွေပြောထားသလဲ... မကြာခင်သိရတော့မှာပါ... စိုင်းနော်ခမ်းတို့က ခင်ဗျားရဲ့အရှုပ်ထုပ်(ရာဘထုပ်)ကို ဖြေမပြခင်... ခင်ဗျားလွတ်ရာကို ပြေးသင့်ပြီ...... ဒီအချိန်ပြေးယင်..အချိန်ရသေးတယ်...
ခင်ဗျားဘိန်းမစိုက်တော့ဘူးဆိုတာ...ဘီလူးအသားမစားတော့ဘူးလို့...အိပ်မက်မက်သလိုပါပဲဗျာ... 
 ကျောက်ခေတ်လူသားတွေတောင်ယုံမှာမဟုတ်ဘူး...ခင်ဗျားစကားကို
မှတ်ချက်။        အမျိုးစပ်ကြည့်ပါက သူ့ဆရာက ဘိန်းဘုရင်ခွန်ဆာ၊ သူ့တပည့်က မူးယစ်ရာဇာစိုင်းနော်ခမ်းသူကတော့ မူးယစ်ဂိုဏ်းချုပ်သစ် ကျောက်ယွက်ဆစ်
ဘိန်းဘုရင်ခွန်ဆာ
ကျောက်ယွက်ဆစ်  
မူးယစ်ဂိုဏ်းချုပ်သစ်      မူးယစ်ရာဇာစိုင်းနော်ခမ်း




        
                     

စိုင်းခွန်ထွန်းမြင့်

1 comment:

  1. တစ်ယောက်ကို တစ်ယောက်လက်ညိုးထိုး နေမည့်အစား မင်းကိုယ်တိုင် ဘာလုပ်နိုင်လုပ်လဲနောက်ကြောင်းပြန်ပြော အပြစ်ပုံနေမည့်အစားရှေ့ဆက် အများအကျိုးလုပ်မည့် လူများကို သဲတစ်ပွင့်လောက်ဘဲ အများအတွက်အကျိုးရှိ ရင်လဲ ဘာမှမလုပ်ပဲဝေဖန်ရေးလုပ်နေတဲ့
    ခင်ဗျားထက် အဆပေါင်းများစွာ သာပါတယ်

    ReplyDelete