Saturday, August 25, 2012

ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၃) ရက်မြောက်နေ့ ကျင်းပ၊ မေးခွန်း(၄)ခု မေးမြန်း ဖြေကြားခြင်း၊ အစီရင်ခံစာ(၂)ခု တင်သွင်းခြင်းနှင့် အဆိုသစ်(၁)ခု တင်သွင်းခြင်းတို့ ဆောင်ရွက်

ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၃) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ ၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ခန်းမ၌ကျင်းပရာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၁ဝ တို့ တက်ရောက် ကြသည်။
အစည်းအဝေးတွင်  လွှတ်တော် ကိုယ်စားလှယ် ၄ ဦး၏ ကျန်းမာရေး ကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် က ပြန် လည် ဖြေကြားသည်။

No comments:

Post a Comment