Saturday, August 25, 2012

နိုင်ငံတော် ဝင်ငွေဖြည့်ဆည်းပေး နေသည့် လယ်ယာကဏ္ဍ ထိခိုက်ဆုံးရှုံးပါက တိုင်းပြည်၏ ဘဏ္ဍာငွေပါ ကျဆင်း သွားနိုင်၊ နည်းပညာ၊ ငွေကြေးအရင်း အနှီးနှင့် လူ့စွမ်းအား အရင်းအမြစ်အ တွက် ပြည်ပ ရင်းနှီး မြှုပ်နှံမှု များ ဖိတ်ခေါ် ဆောင်ရွက်နေ၊ ရေကြီးနစ်မြုပ် လယ်မြေ များ ပြန်လည်စိုက် ပျိုး ရန် မျိုးစပါးနှင့် ရေဘေး ဒုက္ခသည်များ အတွက် ထောက်ပံ့ငွေ များပေးအပ်

 
(နေပြည်တော်    သြဂုတ်   ၂၄)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ အတွင်း ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ၍ ကူညီ စောင့်ရှောက် အားပေးရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနနှင့်
  သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် အလုပ်သမား ဝန်ကြီး ဌာန  ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေး၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင်  တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာခဲ့ရာ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သို့ ရောက်ရှိသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိ သူများက ကြိုဆိုကြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆွေးနွေးလမ်းညွှန်မှာ ကြားရာတွင် မိမိတို့ အနေဖြင့် ရေဘေးကြောင့် အခိုက် အတန့် ဒုက္ခရောက်နေ ကြရသည့် ဒေသခံပြည်သူများအား တတ်နိုင်သည့် အကူအညီများ ပေးရန် လာရောက် ခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် မိုးများပြီး မြစ်ရေကြီးသည့် အတွက် ရေကြီးနစ်မြုပ်မှု ဘေးဒဏ် ကြုံတွေ့ ရင်ဆိုင် ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အတော်များများ ရှိကြောင်း၊ သဘာဝဘေးဟူသည် ဟန့်တား၍ မရ နိုင်သည့် အတွက် တွေ့ကြုံလာရသည့် အပေါ် အကောင်းဆုံး ရင်ဆိုင်ကျော် လွှား နိုင်ရန်ကြိုး ပမ်းကြ ရမည်သာ ဖြစ်ကြောင်း၊ ယခုခရီးစဉ်တွင် ရေကြီးနစ်မြုပ်ပြီး ဆုံးရှုံးသွားသည့် လယ်မြေများမှ မျိုး စပါးများ ပြန်လည် ဝယ်ယူ နိုင်ရန်အတွက် လိုအပ်သည့် ငွေကြေး ကူညီထောက်ပံ့မှု များပေးအပ်ရန်နှင့် ရေဘေးကြောင့် အခိုက်အတန့် ဒုက္ခရောက် နေကြရသည့် ဒေသခံများ၏ စား ဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အတွက် နိုင်ငံ တော်က တတ်နိုင် သမျှ ထောက်ပံ့ကူညီ ရန် အဓိကရည်ရွယ်ပြီး လာရောက်ခြင်း ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ပြီး ရေပြန် ကျချိန်တွင် အချိန်မီ စိုက်ပျိုးနိုင်ရေး အတွက် မိမိတို့၏ အတွေ့အကြုံပေါ်မူ တည်ပြီးဒေသနှင့် ပြည်သူ အကျိုးရှိ အောင် လိုက်လျော ညီထွေစီမံဆောင် ရွက်ကြရန်ဖြစ်ကြောင်း၊ စပါးစိုက် နောက်ကျ၍ ပဲစိုက်ရန် အချိန်မမီနိုင်ပါ က အခြားဝင်ငွေ ရရှိရေးအတွက် နည်းလမ်းရှာကြံ ဆောင်ရွက်ကြရန် လိုကြောင်း။
ယနေ့ အချိန်တွင် လယ်ယာကဏ္ဍ သည် နိုင်ငံတော် အတွက် အရေးကြီးဆုံး ကဏ္ဍဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လတ်တလော စားနပ်ရိက္ခာ ဖူလုံနေမှုကိုသာ ရောင့်ရဲကျေနပ် မနေဘဲ ရေရှည် အနာဂတ် တိုးပွားလာမည့် လူဦးရေ၏ စားနပ်ရိက္ခာ ဖူလုံမှုအတွက်ပါ ကြိုတင် မျှော်မှန်းကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊   လယ်ယာ ကဏ္ဍသည် နိုင်ငံတော် ဝင်ငွေကို ဖြည့်ဆည်းပေးနေ သည့်အတွက် လယ်ယာကဏ္ဍ ထိခိုက် ဆုံးရှုံးပါက တိုင်းပြည်၏ ဘဏ္ဍာငွေပါ ကျဆင်းသွားမည် ဖြစ်သည်ကို သတိပြု ရန်လိုကြောင်း။
အနာဂတ် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်နှင့် ကြွယ်ဝချမ်းသာရန် အတွက် ရေရှည်တွင် စက်မှုနိုင်ငံ အဖြစ်သို့ ကူးပြောင်း တည်ဆောက်ကြရ မည်ဖြစ်ကြောင်း၊ သို့သော်  ထိုသို့စက်မှု ထွန်းကားသည့် အဆင့်သို့ မရောက်မီ ကာလအတွင်း လယ်ယာ ကဏ္ဍကို ဆက်လက်မှီခိုနေရ ဦးမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရန် အတွက်သမားရိုးကျ နည်းများဖြင့် ဆောင်ရွက်နေ၍ မည်သို့မျှ မအောင်မြင်နိုင်ကြောင်း၊ ထို့ကြောင့် (၁)စိတ်ဓာတ်၊ (၂)လယ်ကွင်း များ၏ ပုံသဏ္ဌာန်၊ (၃) မျိုးစပါး၊ (၄)စိုက်ပျိုးနည်း စနစ်၊ (၅)စက်မှုလယ်ယာ စနစ်ဟူသည့် အချက်(၅)ချက်ကို အခြေခံမှစ၍ ပြောင်းလဲကျင့်သုံး ဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ လယ်ယာ ကဏ္ဍသည် တိုင်းပြည်က အားထားနေရသည့် အဓိကကဏ္ဍဖြစ် သည့်အ တွက် အဆိုပါ ပြုပြင်ပြောင်းလဲမှုများကိုမဖြစ်မနေကြိုးပမ်းဆောင်ရွက် သွားကြရ မည် ဖြစ်ကြောင်း။
မိမိတို့ အစိုးရ အနေဖြင့် ပြည်သူကို ဗဟိုပြုပြီး တစ်ဦးချင်း ဝင်ငွေတိုးတက် အောင်၊ အိမ်ထောင်စု အလိုက် ဝင်ငွေ တိုးတက်အောင် ကြိုးပမ်းမြှင့်တင် ဆောင်ရွက်ပေး နေကြောင်း၊ ပြည်သူများ ဝင်ငွေတိုးတက်စေရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာစေမည့် စက်ရုံ၊ အလုပ်ရုံများ ထူထောင်နိုင် အောင် ဆောင်ရွက် ပေးနေကြောင်း၊ သို့ သော် မိမိတို့၌ နည်းပညာ၊ ငွေကြေး အရင်း အနှီးနှင့်  လူ့စွမ်းအားအရင်း အမြစ် စသည့် လိုအပ်ချက်များ ရှိနေ ဆဲဖြစ်သည့်အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများဖိတ်ခေါ်၍ ဆောင်ရွက်နေပါ ကြောင်း၊ လက်ရှိ အခြေအနေတွင် ရင်းနှီး မြှုပ်နှံလိုသူများ လာရောက်နေကြပြီဖြစ် ရာလုပ်ငန်းများ စတင်အကောင် အထည် ဖော်နိုင်အောင် ဆောင်ရွက်နေ ပါကြောင်း။
ယခုခေတ်တွင် တောင်သူလယ် သမားများ အနေဖြင့် လယ်ယာစိုက်ပျိုးမှု တစ်ခုတည်းကို အားထားနေ၍ မရနိုင် တော့ဘဲ အခြားဝင်ငွေ ရရှိစေမည့် လုပ်ငန်းများကိုပါ ပူးတွဲလုပ်ဆောင်ကြ ရန်လိုကြောင်း၊ ဥပမာ အားဖြင့် ကြက်၊ ဝက်၊ ဘဲ တစ်ပိုင်တစ်နိုင် မွေးမြူခြင်း၊ ငှက်ပျော၊ သင်္ဘော စသည်ဖြင့် စားသုံး သီးနှံများ စိုက်ပျိုးခြင်းများ တွဲဖက်ဆောင် ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့ အလုပ်လုပ်မှ တိုးတက်ချမ်းသာ နိုင် မည် ဖြစ်ကြောင်း၊ တိုးတက် ချမ်းသာမှသာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဆင့်မြင့်လာ နိုင် မည်ဖြစ် ကြောင်း၊ အမှန်စင်စစ် မိမိတို့ ပတ်ဝန်းကျင်တွင် လုပ်ကိုင်ရန် အလုပ်များ ပေါများပါ ကြောင်း၊ အမှန်တကယ် အလုပ်လုပ် ချင်စိတ်ရှိ ရန်သာ လိုကြောင်း၊ ထို့ကြောင့် ပြည်သူအားလုံး အလုပ်ကို ကြိုးစားလုပ် ကြရန် တိုက်တွန်း လိုကြောင်း၊ မိမိတို့ အားလုံး အလုပ်ကြိုးစားကြမှသာ အခြားနိုင်ငံများ နည်းတူ ကြီးပွားချမ်းသာ တိုးတက် နိုင်မည်ဖြစ်ကြောင်း၊ နိဂုံးချုပ် အနေဖြင့် တောင်သူ လယ်သမား အနေဖြင့် မိမိတို့ပိုင် လယ်ယာမြေများသည် အနာဂတ် ရေရှည် အကျိုးစီးပွားအတွက် အကောင်းဆုံး အာမခံချက် ပေးနိုင်သည်ကို သဘောပေါက်ပြီး စနစ်တကျ ကြိုးပမ်း   ဆောင်ရွက်ကြရန်နှင့် သားစဉ်မြေး ဆက် အမွေပေးနိုင်ရေး အတွက် တန်ဖိုးထား ထိန်းသိမ်း ကြရန် တိုက်တွန်းမှာ ကြား လိုကြောင်ြး ဖင့် ဆွေးနွေး မှာ ကြားသည်။
ယင်းနောက် နိုင်ငံတော် သမ္မတက ရေကြီးနစ်မြုပ် ဆုံးရှုံးသွားသည့် လယ်မြေများ ပြန်လည်စိုက်ပျိုးရန် မျိုးစပါးတင်း ပေါင်း (၈ဝ၉၅၈)တင်းအတွက် နိုင်ငံတော်က ထောက်ပံ့ငွေကျပ် (၄ဝ၄၇ ဒသမ ၉) သိန်းနှင့် ရေဘေး ဒုက္ခသည် များအတွက် ထောက်ပံ့ငွေကျပ် သိန်း (၁ဝဝ)တို့ကို ပေးအပ်ရာ တိုင်းဒေသကြီး  ဝန်ကြီးချုပ် က လက်ခံသည်။
ထို့နောက် ကျောင်းကုန်း မြို့နယ် ဇရပ်ကွင်း ကျေးရွာအုပ်စု ဆူးပဒေါင်းကွင်း ကျေးရွာမှ တောင်သူ ဦးအောင်ထွန်း မြင့်က ကျေးဇူးတင် စကားပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

No comments:

Post a Comment