Thursday, August 23, 2012

ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း ရခိုင်ပြည်နယ်မှာ ဖမ်းဆီးထိမ်းသိန်း ခံခဲ့ရတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ၀န်ထမ်း ၁၂ ဦးထဲက အနည်းဆုံး ၆ ဦး လွတ်မြောက်

ပြီးခဲ့တဲ့ ဇွန်လ ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း ရခိုင်ပြည်နယ်မှာ ဖမ်းဆီးထိမ်းသိန်း ခံခဲ့ရတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ၀န်ထမ်း ၁၂ ဦးထဲက အနည်းဆုံး ၆ ဦး လွတ်မြောက်လာပြီ ဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့တွေက မနေ့က ပြောပါတယ်။  ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP၊ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အဖွဲ့၊ နဲ့ နယ်စီးမခြား ဆရာဝန်များအဖွဲ့ Doctors Without Borders အဖွဲ့တွေက ခန့်အပ်ထားတဲ့ ဒေသခံ ၀န်ထမ်း ၁၂ ဦးကို ပြီးခဲ့တဲ့ ဇွန်လကတည်းက ရခိုင်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်း
ခဲ့တာ ဖြစ်ပါတယ်။  အလားတူ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီကလည်း သူတို့ဝန်ထမ်း ၄ ဦးထဲက ၂ ဦးလွတ်လာပြီ ဖြစ်ကြောင်း အတည်ပြု ပြောပါတယ်။  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတော့ သူတို့ဝန်ထမ်းတွေ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ပြောဆိုတာ မရှိပါဘူး။  အဲဒီဝန်ထမ်းတွေ ဘယ်ကနေ လွှတ်ပေးလိုက်သလဲ၊ ဘယ်တုန်းက လွတ်လာသလဲဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်တာမရှိပါဘူး။  နယ်စီးမခြား ဆရာဝန်များအဖွဲ့ Doctors Without Borders ရဲ့ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လှအောင် အပါအ၀င် စစ်တွေထောင်က ၂ ဦး နဲ့ ဘူးသီးတောင်က ၃ ဦးပြန်လည် လွတ်မြောက်လာတာကို အာအက်ဖ် ရေဒီယိုက သတင်း နဲ့ ဆက်သွယ်မေးမြန်းချက်ကို သြဂုတ်လ ၁၆ ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

From -RFA

No comments:

Post a Comment