Wednesday, August 29, 2012

ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်သူ မည်သူမဆို လယ်သမား ဈေးကွက်၌ လာရောက် ရောင်းချနိုင်

ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်သူ မည်သူမဆို သီရိမင်္ဂလာ ဈေးရှိ လယ်သမား ဈေးကွက် (FARMER MARKET)၌ လာရောက် ရောင်းချခြင်းကို ပြုလုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းမှ သိရသည်။ အဆိုပါ FARMER MARKET အား တောင်သူ လယ်သမား များ၊ ဥယျာဉ်ခြံ စိုက်ပျိုးသူများ အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ရောင်းချရန် အခက်အခဲကို ပြေလည် စေလို၍ ဖြစ်ကြောင်း သိရသည်။

''လယ်သမား ဈေးကွက်မှာ စိုက်ပျိုး ထုတ်လုပ်ပြီး ရောင်းချဖို့ နေရာမရှိသူ ဘယ်သူမဆို လာရောင်းပါ။ ဖိတ်ခေါ်ပါ တယ်။ အဓိက ကိုယ့်သီးနှံ စိုက်ပျိုးပြီး ဈေးမှာ ရောင်းစရာ မရှိလို့ သူများ လက်အပ်လိုက် ရတာမျိုး မဖြစ်ရအောင်၊ တကယ့် စိုက်ပျိုးသူတွေ တကယ် အကျိုးအမြတ် ခံစားရအောင် ရည်ရွယ်ဖွင့် ပေးခြင်းပါ။ လာသာလာခဲ့ပါ။ နေရာ မဖြစ်ဖြစ်အောင် စီစဉ်ပေးပါ့မယ်'' ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

FARMER MARKET ၌ လာရောက် ရောင်းချပါက နေရာ အခကြေးငွေ အဖြစ် တစ်နေ့လျှင် ငွေကျပ် သုံးထောင် နှုန်း ကုန်စည်ဒိုင်သို့ ပေးသွင်းရမည် ဖြစ်ပြီး ကျန်သည့် အခကြေးငွေများ ပေး အပ်ရန် မလိုကြောင်း သိရသည်။ လက်ရှိအချိန်တွင် FARMER MARKET ၌ နေ့စဉ် လာရောက် ရောင်းချ သူတာင်သူ ဦးရေ ၁ဝ ဦး ဝန်းကျင်ခန့် ရှိပြီး လာရောက် ရောင်းချ လိုသူ တောင်သူ များ အနေဖြင့် မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချ သူများ အသင်းသို့ လည်းကောင်း၊ ကုန်စည်ဒိုင် ဖုန်း-ဝ၁-၂၁၈၃၆၇ သို့ လည်း ကောင်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment