From - ဧရာဝတီ
ထမင်းအစား စားသောက်နေရပြီဖြစ်တဲ့ မျစ် |
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ
ဆန်ပြတ်လတ်နေတာ တစ်လကျော်ကြာမြင့်ခဲ့ပြီးတဲ့နောက် ဆင်းရဲသား အချို့ကတော့
မျှစ်၊ ပိန်းဥနဲ့ ငှက်ပျော်ဖူးတွေကို ချက်ပြုတ်စားသောက် နေရတဲ့
အခြေအနေကိုရောက်နေ ပါတယ်
ဆန်အစား သစ်ဥ သစ်ဖုတွေကို အခုလို ရှာစားနေကြရပြီ |
၂၀၁၁ ဇွန်လကတည်းက အစိုးတပ်တွေနဲ့
KIA တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် ပူတာအိုကို ဆက်သွယ်ထားတဲ့
အဓိက တံတားတွေလည်း ချိုးခံထားရသလို အစိုးရက ဖောက်ထားတဲ့ လမ်းလွှဲတွေကလဲ
မိုးတွင်းရေကြီးတဲ့အထဲမှာ နစ်မြှုပ် ပျက်စီး ကုန်တဲ့အတွက်
ကုန်းလမ်းခရီးစဉ်က ကူးသန်းသွားလာလို့မရတော့ ပါဘူး။
ကြံ့ခိုင်ရေးက ဆန်ရောင်းပေးနေလို့ တန်းစီ ၀ယ်စားနေကြတဲ့ ပူတာအိုလူထု |
ဆန်ပြတ်လက်နေတဲ့ ပူတာအိုမှာ
ဒေသခံတွေတင် ဒီဒဏ်ကိုကြုံတွေ့နေရတာတင်မဟုတ်ပဲ အစိုးရ တပ်မတော်တပ်ရင်းတွေနဲ့
ဒီမြို့နယ်မှာ တာဝန်ကျနေတဲ့ အခြားအစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေလဲ
ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ဒါကြောင့်ပြီးခဲ့တဲ့ဇူလိုင်လ၂၄
ရက်နေ့ကတော့ ဒေသခံတိုင်းရင်းသားတွေနဲ့ အစိုးရဝန်ထမ်းတွေ အတွက် ဆန် ၇၃၀
အိတ်၊ စားသုံးဆီ ၄ ပီပါ၊ ဆား ၂၅၀ ပိဿာ၊ ကြက်သွန် ၈၀၀ ပိဿာ အပါအဝင်
အခြားစားသောက် ကုန်ပစ္စည်းတွေနဲ့ စာရေး ကိရိယာ တွေကို တပ်မတော်လေ Y-8
လေယာဉ်နဲ့ ကူညီပံ့ပိုးပေးခဲ့ကြောင်း အစိုးရအာဘော် မြဝတီ သတင်းစာ အင်တာနက်
Facebook စာမျက်နှာမှာ ဇူလိုင်လ ၂၆ ရက်နေ့ က ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒေသခံတွေအတွက် ခွဲတမ်းကျ
ဆန်တွေကိုတော့ ဒေသအခြေစိုက် ကြံ့ခိုင်ရေးပါတီက လူတဦးကို နို့ဆီဗူး ၄ လုံး၊
ကျပ် ၅၀၀ နှုန်းနဲ့ ရောင်းချပေးပေမယ့်
လုံလောက်တဲ့အနေအထားထိရောင်းချမပေးနိုင်တော့ဘူးလို့ ပူတာအိုမြို့ပေါ်မှာ
ရောက်ရှိနေတဲ့ တိုင်းရင်းသား သတင်းထောက်တဦးက ပြောပါတယ်။
ဆန်ပြတ်လပ်မှုပြဿနာဟာ နောက်ထပ် ၂ လလောက်ထိထပ်မံကြုံတွေ့နေရမည်ဆိုရင်တော့ လတ်တလော ဆန်ကို ခြွေတာပြီး ပြုတ်သောက်နေရသူတွေဟာ သစ်ဥသစ်ဖုတွေ ချက်ပြုတ်စားရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ရနိုင်သလို ဆန်တွေကို ဝယ်ပြိး သိမ်းထားတဲ့ လူကုန်ထန် သူဌေးတွေလည်း ဆန်ပြတ်လပ်မှု ကြုံတွေ့ လာရလိမ့်မယ်လို့ဆိုပါတယ်။
ဆန်ပြတ်လပ်မှုပြဿနာဟာ နောက်ထပ် ၂ လလောက်ထိထပ်မံကြုံတွေ့နေရမည်ဆိုရင်တော့ လတ်တလော ဆန်ကို ခြွေတာပြီး ပြုတ်သောက်နေရသူတွေဟာ သစ်ဥသစ်ဖုတွေ ချက်ပြုတ်စားရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ရနိုင်သလို ဆန်တွေကို ဝယ်ပြိး သိမ်းထားတဲ့ လူကုန်ထန် သူဌေးတွေလည်း ဆန်ပြတ်လပ်မှု ကြုံတွေ့ လာရလိမ့်မယ်လို့ဆိုပါတယ်။
ဒါကတော့ မြဝတီ Facebook မှာတင်ထားတဲ့ ထောက်ပံ့ရေး သတင်းလင့်ပါ။
No comments:
Post a Comment