Thursday, August 2, 2012

စာပေစိစစ်ရေး ၀န်ထမ်းတစ်ဦး သတင်းလွတ်လပ်ခွင့် ကော်မတီ အစည်းအဝေး သို့ တိတ်တဆိတ်တက်ရောက်


ရန်ကုန် ၊ သြဂုတ် ၂

ယမန်နေ့က ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ပြုလုပ်သော သတင်းလွတ်လပ်ခွင့် ကော်မတီ( ယာယီ)ဖွဲ့စည်းသည့် အခမ်းအနားတွင် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနမှ ၀န်ထမ်းတစ်ဦး တိတ်တဆိတ် တက်ရောက်ခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ မီဒီယာသမားများထံမှသိရသည်။


The Voice Weekly နှင့် Envoy ဂျာနယ် တို့အား ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့ပြီး ရက်ပိုင်းအတွင်း မှာပင်ပြုလုပ်ခဲ့သော အဆိုပါ အခမ်းအနားသို့ သတင်းမီဒီယာ နယ်ပယ်အသီးသီတွင်လုပ်ဆောင်နေသူ ၉၀ ကျော်တက်ရောက်ခဲ့ရာတွင် သတင်းမီဒီယာ သမားများ အရည်အသွေးမြှင့်တင်ရေးအတွက် ဆောင်ရွက်နေသော လူမှု အဖွဲ့အစည်း တစ်ခု၏ အကြီးအကဲဖြစ်သူမှ
"ဒီပွဲမှာစာပေ စိစစ်က တာဝန်ရှိသူ တစ်ဦး ရောက်နေတယ် ဆိုတာ လက်မှတ်ထိုးတဲ့ စာရင်းအရ သိရပါတယ်။ သူ့ရဲ့အမြင်ကိုလည်း ပြောခွင့်ပေးလိုက်ပါလို့ ပြောတဲ့အတွက် မိုက်(Microphone) ပေးဖို့ လုပ်နေတဲ့အချိန်မှာပဲ ချက်ခြင်း ထွက်ပြေးသွားပါတယ် " ဟု အဆို ပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ သတင်းအယ်ဒီတာ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ The Voice Weekly မှ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ဖုန်းအမှတ် ၅၄၄၅၇၈ သို့ ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် အတည်ပြုဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ အမျိုးသမီးတစ်ဦးက "ကျွန်မတို့ ဌာနက တက်တဲ့သူကို မသိပါဘူး"ဟု ပြန်လည်ဖြေကြားပြီး ဖုန်းချသွားခဲ့သည်။

တော်ဝင်နှင်းဆီ ခန်းမ ၌ ပြုလုပ်ခဲ့သော သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ) ဖွဲ့စည်းသည့် အခမ်းအနား ၌ အောက်ဖော်ပြပါ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment