Monday, August 27, 2012

ရောဘတ်ပက်တင်ဆန်နှင့် ကေတီပယ်ရီ ဇာတ်လမ်းဖြစ်နေပြီဟုဆို


အသည်းကွဲနေသူ နှစ်ဦးဖြစ်သည့် ရောဘတ်ပက်တင်ဆန်နှင့် ကေတီပယ်ရီတို့ နှစ်ဦးသား စုံတွဲခုတ်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ရောဘတ်သည် Twilightတွင် အတူတွဲ သရုပ်ဆောင်ရင်း ချစ်သူဖြစ်လာသည့် ခရစ္စတန် စတီးဝပ်၏ သစ္စာဖောက်မှုကို ခံခဲ့ရသလို ကေတီကလည်း ခင်ပွန်းဖြစ်သူ ရက်ဆဲလ်ဘရန်းနှင့် ကွာရှင်းခဲ့သည်။




ယခုအခါ ဟောလီးဝုဒ်နှင့် Popဂီတ လောကတို့တွင် အသီးသီး ကျော်ကြားသူ နှစ်ဦးကြား ကောင်းမွန်သော ဆက်ဆံရေးသစ် စတင်နေပြီဟု သိရသည်။ ကေတီနှင့် နီးစပ်သူများက ကေတီနှင့် ရောဘတ်တို့သည် အတူတကွ ညစာစားသောက်ခဲ့ပြီး Dateခဲ့ကြကြောင်း The Sunသို့ ပြောကြားခဲ့ကြသည်။ ထို့အပြင် ကေတီသည် ဆွဲဆောင်မှု ပြည့်ဝသည့် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်လာပြီး ရောဘတ်ကလည်း ကေတီ၏ အလှအပကို မျက်နှာမလွှဲနိုင်ဘဲ ရှုစားနေကြောင်းလည်း အတွင်းလူများက ဆိုသည်။



လော့စ်အန်ဂျလိစ်ရှိ Soho House စားသောက်ဆိုင်သို့ ရောက်ရှိလာသော စုံတွဲသည် တသီးတခြား လာရောက်ခြင်းဟုလည်း သိရသည်။ "ပထမတော့ ကေတီက ရောဘတ်ရဲ့ ခပ်လှမ်းလှမ်း ခုံမှထိုင်တယ်။ ပြီးတော့မှ ရောဘတ်ရဲကခုံကို ရောက်လာတာပါ"ဟု မျက်မြင် တစ်ဦးက ပြောကြားခဲ့သည်။ ကေတီသည် ဂျွန်မေယာနှင့် တွဲနေကြောင်း နာမည်ထွက်ခဲ့သေးသော်လည်း ယခုအခါတွင်မူ တစ်ကိုယ်တည်း ပြန်ဖြစ်ေ နကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment