Wednesday, August 22, 2012

ဂျာမနီအခြေစိုက် ဗောက်စ်ဝဂွန် မြန်မာဈေးကွက်သို့ ၀င်ရောက်ရန် မိတ်ဖက်ကုမ္ပဏီ ရှာဖွေနေ

ဂျာမနီနိုင်ငံအခြေစိုက် ကမ္ဘာ့တတိယအကြီးဆုံး ကားကုမ္ပဏီ ဗောက်စ်ဝဂွန် (Volkswagen) မြန်မာပြည်ေ ဈးကွက်သို့ ၀င်ရောက်ရန် မိတ်ဖက်ကုမ္ပဏီ ရှာဖွေနေကြောင်း ပြည်တွင်းစီးပွားရေးလု ပ်ငန်းရှင် အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။''တရားဝင် အရောင်းကိုယ် စားလှယ်ပေးဖို့ မြန်မာလုပ်ငန်းရှင်တချို့နဲ့ ဆက်သွယ်နေတယ်။ကားအရောင်းစင်တာ ဖွင့်ထားတဲ့ မြန်မာထိပ်တန်းကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတာပါ''ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။

ထိုသို့ မြန်မာလုပ်ငန်းများနှင့် ဆွေးနွေးနေရာတွင် ကုမ္ပဏီတစ်ခုမှာ တရားဝင်ကိုယ်စားလှယ်အဖြစ် ရယူနိုင်ရန် နီးစပ်မှုရှိနေပြီဖြစ်သော်လည်း ဆွေးနွေးနေဆဲဖြစ်သောကြောင့် ထုတ်ပြန်ပြောကြားရန် ဆိုင်းငံ့ထားသည်။ ယင်းလုပ်ငန်းသည် စူပါမားကတ်များ၊ ဈေးဝယ်စင်တာများ၊
ကားအရောင်းပြခန်းများ ဖွင့်လှစ်ထားပြီး နိုင်ငံခြား ကုန်ပစ္စည်းအများအပြားကို တရားဝင်ကိုယ်စားလှယ်အဖြစ် ရယူထားသည်။   
ဂျာမနီနိုင်ငံ ၀ုဖ်ဘတ်ဂ်ျမြို့ အ ခြေစိုက် ဗောက်စ်ဝဂွန်ကားကုမ္ပဏီ သည် ၁၉၃၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိထုတ်လုပ်နေသော ကားအမျိုးအစားများမှာ K70 ၊ Golf ၊  Polo ၊ Passat ၊ up!၊  Scirocco၊ CC ၊ Jetta ၊ Beetle ၊ Golf Plus ၊ Tiguan ၊ Eos ၊ Touran ၊ Sharan ၊ Touareg ၊ Phaeton ၊ Polo GTI ၊ Golf GTI ၊ Golf R ၊ Scirocco R စသည်တို့  ဖြစ်ပါသည်။  
တစ်နှစ်လျှင် ကားစီးရေ လေးသန်းကျော ထုတ်လုပ်ရောင်းချနေပြီး စက်ရုံများကို ဂျာမနီနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ဘရာဇီးလ်နိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ စပိန်နိုင်ငံ၊ ပိုလန်နိုင်ငံ၊ ဘော့စနီးယား နိုင်ငံ၊ ဟာဇီဂိုဗီးနားနိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့တွင် တည်ထောင်ထားကာ ကမ္ဘာအနှံ့ ဖြန့်ဖြူးရောင်းချနေကြောင်း သိရပါသည်။
မြန်မာကားဈေးကွက်အတွင်း ထင်ရှားပြီးဖြစ်သော ဗောက်စ်ဝဂွန် မော်တော်ယာဉ် ကုမ္ပဏီအုပ်စုသည် Audi ၊ SEAT ၊ Lamborghini ၊ Bentley၊  Bugatti ၊ Scaniaနှင့် Skoda အမှတ်တံဆိပ် နာမည်ကျော် ကားကုမ္ပဏီများကိုလည်း ပိုင်ဆိုင်ထားသည်။

From -ElevenMediaGroup

No comments:

Post a Comment