Wednesday, August 22, 2012

ဟွန်ဒိုင်းနှင့် ကီရာကားကုမ္ပဏီတို့၏ မြန်မာပြည်အရောင်း ကိုယ်စားလှယ်ရယူရန် ဒိုင်းမွန်းစတားကုမ္ပဏီ ဆွေးနွေးနေ

တောင်ကိုရီးယားအခြေစိုက် ကမ္ဘာ့အဆင့် ကားကုမ္ပဏီများဖြစ် သည့် ဟွန်ဒိုင်း (HYUNDAI)နှင့် ကီရာ(KIA) ကုမ္ပဏီတို့၏ မြန်မာနိုင်ငံဆိုင်ရာ အရောင်းကိုယ်စားလှယ်အဖြစ် ဒိုင်းမွန်းစတားကုမ္ပဏီမှ ရယူရန် ဆွေးနွေးနေကြောင်း အဆိုပါကုမ္ပ ဏီနှင့် နီးစပ်သည့် လုပ်ငန်းရှင်အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။''တရားဝင် အရောင်းကိုယ်စားလှယ် ရယူနိုင်ဖို့ ဆွေးနွေးနေတာ၊ ကားသစ်တွေကို အဓိကတင်သွင်းရောင်းချမယ်လို့ သိရတယ်''ဟု ဒိုင်းမွန်းစ တားကုမ္ပဏီနှင့်နီးစပ်သည့် လုပ်ငန်း ရှင်တစ်ဦးက ပြောကြားပါသည်။ ဒိုင်းမွန်းစတားကုမ္ပဏီအနေဖြင့် မော်တော်ယာဉ် တင်သွင်းဖြန့်ချိ ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် Capital  Automotive လုပ်ငန်းကို
တည်ထောင်ထားပြီး လတ်တလောတွင် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ကားအမျိုးမျိုးကို တင်သွင်းရောင်းချနေပါ သည်။ ယင်းလုပ်ငန်းသည် အမှတ် (၅)အင်းစိန်လမ်းမကြီး  မရမ်းကုန်း မြို့နယ်တွင်တည်ရှိပြီး ကားအရောင်း ပြခန်းဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင် ရွက်မှုများ ပြုလုပ်နေကြောင်းနှင့်  ယခုနှစ်ကုန်ပိုင်းတွင် ကားအရောင်း ပြခန်း စတင်ဖွင့်လှစ်နိုင်ရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ Capital Automotive လုပ်ငန်းကို ဒိုင်းမွန်းစတားကုမ္ပဏီ ပိုင်ရှင်ဒေါက်တာဦးကိုကိုကြီးက ရှယ်ယာအများဆုံး ပိုင်ဆိုင်ပြီး အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဦးခင်ထွန်းက တာဝန်ယူထားပါသည်။ ဟွန်ဒိုင်းနှင့် ကီရာမော်တော်ယာဉ်များသည် လက်ရှိ မြန်မာနိုင်ငံ ကားဈေးကွက်တွင် ဝေစုအနည်းငယ်သာ ရရှိထားခြင်းဖြစ်သော်လည်း ကမ္ဘာ့အဆင့် ကုမ္ပဏီများဖြစ်ပြီး နာမည်ကျော် ကားအမျိုးအစားများရှိခြင်းကြောင့် အလားအလာကောင်းများ ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဒိုင်းမွန်းစတားကုမ္ပဏီသည် လုပ်ငန်းများစွာ လုပ်ကိုင်သည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး ပို့ကုန် သွင်းကုန်လုပ်ငန်း၊ ဂျုံလုပ်ငန်း၊ ဓာတ်မြေသြဇာလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးဖြန့်ချိရေးလုပ်ငန်း၊ ဈေးဝယ်စင်တာလုပ်ငန်းများကို အဓိက လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ 
ထို့ပြင် မြန်မာနိုင်ငံသို့ ပထမဦးဆုံးဝင်ရောက်လာသည့် အမေရိကန်နာမည်ကျော် စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်သော ပက်စီကုမ္ပဏီ၏ အချိုရည်များဖြစ်သည့် ပက်စီကိုလာ၊ မရင်ဒါ၊ ဆဲဗင်းအပ် အချိုရည်များကိုလည်း တရားဝင်ဖြန့် ဖြူးရောင်းချခွင့် ရရှိထားသည့် လုပ်ငန်းဖြစ်ပါသည်။

ဒိုင်းမွန်းစတား ကုမ္ပဏီပိုင်ရှင် ဒေါက်တာဦးကိုကိုကြီးသည် မြန်မာစီးပွားရေး အသိုင်းအ၀ိုင်းတွင် ထင်ရှားသူဖြစ်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတွင် အဖွဲ့ဝင်အဖြစ်ပါဝင် ပါသည်။
From -ElevenMedaiGroup

No comments:

Post a Comment