Wednesday, August 22, 2012

မန္တလေးမြို့သစ် တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဦးဆောင်ပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းကာ အကြိုပြင်ဆင်နေ

မန္တလေးတိုင်းဒေသကြီးအတွင်း မြေဧက ၂၀၀၀၀ ကျော်ပေါ်တွင် မြို့သစ်တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကဦးဆောင်ပြီး မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းဆောင်ရွက်ရန် အကြို ပြင်ဆင်ေ နေ ကြာင်း  သတင်းရရှိသည်။

မန္တလေးမြို့သစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ''အခုမြို့သစ် တည်ဆောက်ရေး စီမံကိန်းအတွက် အများပိုင် ကုမ္ပဏီဖွဲ့ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မန္တလေးမှာ အစုရှယ်ယာရှင်တွေ ခေါ်တော့ အစုရှယ်ယာရှင် ၃၀၀၀ ကျော်ရောက်လာပြီး ဘီလျံ ၂၀၀ နီးပါးလောက် အစုရှယ်ယာထည့်ဖို့ ရောက်လာပါတယ်။ ရန်ကုန်မှာတော့ အခုမှခေါ်တာပါ။ အဆိုပြုလွှာတွေကို အရင်လက်ခံထားမယ်။ စီမံကိန်းစလို့ရပြီဆိုမှ ရှယ်ယာဘယ်လောက်ထည့် မယ်ဆိုတာ ခေါ်မှာဖြစ်ပါတယ်''ဟုလည်း မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းရန် အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မြို့တော်သစ်စီမံကိန်းသည် ဧရိယာစုစုပေါင်း ၂၂၀၀၀ ဧကပါဝင်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ငါးမိုင်ခွဲခန့် အကွာအဝေးတွင်ရှိကြောင်း စီမံကိန်းနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ၌ ဖော်ပြထားချက်များအရ သိရှိရသည်။
''စီမံကိန်းထဲမှာ မြေဧကနှစ်သောင်းကျော် သုံးသောင်းနီးပါး ပါဝင်ပါတယ်။ စီမံကိန်းဧရိယာထဲမှာ လယ်မြေတွေပါဝင်တဲ့အတွက် ဒေသခံတွေက ဒီစီမံကိန်းကို လက်မခံရင်ဆက်မလုပ်ပါဘူး။ နောက်ပြီး ဒီစီမံကိန်းက တရားဝင် မဟုတ်သေးပါဘူး။ စီမံကိန်းအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လေလံခေါ်ဦးမှာပါ။ ကျွန်တော်တို့က လေလံဝင်ဆွဲမယ်။ လေလံရတယ်ဆိုရင် MIC ကို တင်ရအုံးမယ်။ MIC က ခွင့်ပြုမှ ဆက်လက်ဆောင်ရွက် လို့ရမှာပါ။ ဒေသခံတွေ လက်မခံရင် ဘာမှဆက်မလုပ်ပါဘူး''ဟုလည်း အဆိုပါ အခမ်းအနားတွင် ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မြို့သစ်စီမံကိန်းအမည်ဖြင့် မကြာခဏပေါ် ထွက်လာလေ့ရှိသော်လည်း အမှန်တကယ် နေထိုင်မည့်သူများထက် VIP ဆိုသည့် လူတန်းစားများကသာ အကွက်အကွင်းကျသော နေရာများအား ရယူလေ့ရှိကြောင်းနှင့် အမှန်တကယ် နေထိုင်လိုသော ပြည်သူများသည် ၎င်းတို့ထံမှ ဈေးကြီးပေးပြီး ၀ယ်ယူနေကြရ .  .  

လက်ရှိလျာထားသည့် မြို့တော်သစ်စီမံကိန်းသည် ပထမရွေးချယ် ထားသည့်မြေနေရာနှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ ရှိခဲ့သောကြောင့် ဒုတိယမြောက် ရွေးချယ်ထားသည့် မြေနေရာဖြစ်ကြောင်း CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားခဲ့သည်။
''လက်ရှိရွေးထားတဲ့နေရာက ဒု တိယမြောက်ရွေးထားတာပါ။ ပထမ ရွေးတာကတောင်သမန်အင်းနားမှာ ပါ။ ဒေသခံတွေက လက်မခံဘူးဆို လို့ လေဆိပ်အနီးတံတားဦးနားကို ရွေးချယ်ရတာဖြစ်ပါတယ်။ မြို့သစ် က အင်းဝမြို့ဟောင်းနဲ့ဧရာဝတီမြစ် ရိုးတစ်လျောက်တည်ဆောက်ဖို့ လျာ ထားပါတယ်။ လျာထားတဲ့အနေအ ထားပဲရှိပါသေးတယ်။ ခွင့်ပြုမယ်၊ မ ပြုဘူးဆိုတာ မသိရသေးပါဘူး။ ခွင့် ပြုရင် အဆင်သင့်ဖြစ်အောင် အများ ပိုင်ကုမ္ပဏီဖွဲ့ပြီးဆောင်ရွက်တာဖြစ် ပါတယ်''ဟုဦးခင်မောင်အေးက ပြော ကြားခဲ့သည်။ မန္တလေးတိုင်းဒေသကြီး တံ တားဦးမြို့နယ်တွင် မြေဧကနှစ် သောင်းကျော်ပါ ဘက်စုံဖွံ့ဖြိုးမှုလုပ် ငန်းများပါဝင်သည့်စီမံချက်မဆောင် ရွက်မီ ဒေသခံများ၏စိုက်ပျိုးမြေဧက ထက်ဝက်ကျော်မှာ အိမ်ခြံမြေရင်းနှီး မြုပ်နှံသူများ၏လက်ဝယ်သို့ ရောက် ရှိနေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
'' ဒီနှစ်မိုးမရွာဘူး။ တောင်သူ တွေလည်းမစိုက်နိုင်ဘူး။ စိတ်ဓာတ် ကျနေတုန်းမှာ ဟိုတယ်ဇုန်တို့၊ စက်မှုဇုန်တို့ စတဲ့သတင်းတွေ ထွက်လာတယ်။ ငွေရှင်တွေကလည်း ငွေထုတ်ပိုက်ပြီး လိုက်ဝယ်တယ်။ လူပြောသူ ပြောများလာတော့ ရောင်းပစ်ကြတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကဆိုရင် နေရာသုံးနေရာမှာ စိုက်ပျိုးမြေတွေ အရောင်းအ၀ယ်တော်တော်ဖြစ်ခဲ့တယ်။ မြေဈေးတွေကလည်း အရူးဈေးပဲ။ ပြောချင်သလောက် ပြောတည့်ချင်ရင် တည့်သွားတာ''ဟု အင်းကူး ရွာမှ တောင်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မြို့သစ်စီမံကိန်းအမည်ဖြင့် မကြာခဏပေါ်ထွက်လာ လေ့ရှိသော်လည်း အမှန်တကယ် နေထိုင်မည့်သူများထက် VIP ဆိုသည့် လူတန်းစားများကသာ အကွက်အကွင်း ကျသောနေရာများအား ရယူလေ့ရှိပြီး အမှန်တကယ်နေထိုင်လိုသော ပြည်သူများသည် ၎င်းတို့ထံမှ ဈေးကြီးပေးပြီး ၀ယ်ယူနေကြရသည်မှာ အစဉ်အလာတစ်ခုအဖြစ် တည်ရှိနေ ခဲ့သည်။ ထို့ကြောင့် ယခုတည်ဆောက်မည့် မန္တလေးမြို့သစ်စီမံကိန်းသည် အများပြည်သူအတွက် အကျိုးရှိစေမည့် စိမံကိန်းတစ်ခုဖြစ်ရန် လိုအပ်သည်ဟု ရင်နှီးမြှုပ်နှံလိုသူများက ပြောဆိုကြပါသည်။
''ဖြစ်သင့်တာကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ပဲ ဖြစ်ဖြစ်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေနဲ့ အကျိုးတူပဲဖြစ်ဖြစ် ဖက်စပ်လုပ်တာက ပိုကောင်းပါလိမ့်မယ်။ ဒါမှသာ ဒီစီမံကိန်းကြောင့် မြေယာဆုံးရှုံးရမယ့် တောင်သူတွေလည်း ထိုက်တန်တဲ့ လျော်ကြေးရပါလိမ့်မယ်။ လက်သင့်ရာ စားတော်ခေါ်တဲ့ ပုံစံအတိုင်းဆိုရင်တော့ အရင်မြို့သစ်တွေလိုပဲ မြေကွက်တွေကိုပိုင်းပြီး ရောင်း၊ လမ်းဆိုတာကလည်း ဟန်ပြ၊ ရေ မရှိ၊ မီးမရှိနဲ့ နိုင်ငံတကာ အဆင့်မမီတဲ့ မြို့ပြစီမံကိန်းပဲ ဖြစ်လာပါလိမ့်မယ်'' ဟု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။
ယခုစီမံကိန်းသတင်းကြောင့် တံတားဦးမြို့နယ်အတွင်းမှ မြေဈေးနှုန်းများသည် နေရာအပေါ်မူတည်ပြီးတစ်ဧကလျှင်ကျပ် ၃၅ သိန်းမှ ၃၀၀ သိန်းဝန်းကျင်အထိ ရှိခဲ့ကြောင်းနှင့် စိုက်ပျိုးမြေများကို လိုက်လံဝယ်ယူသူများမှာ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်ထက် လူမျိုးခြား စီးပွား ရေးလုပ်ငန်းရှင်များမှာ ပိုမိုများပြားကြောင်း သိရသည်။

သတင်းအယ်ဒီတာအဖွဲ့

From -ElevenMedaiGroup

No comments:

Post a Comment