Saturday, September 8, 2012

Bangkok Airways မန္တလေးသို့ ပြေးဆွဲရန် စိတ်ဝင်စား

အာဆီယံ ဒေသတွင်း၌ စရိတ်သက်သာစွာဖြင့် ပြေးဆွဲမည့် အစီအစဉ် အတွက် Bangkok Airways လေကြောင်း လိုင်းက မြန်မာနိုင်ငံ ကိုလည်း ထည့်သွင်း ရည်ရွယ်ထားကြောင်း သိရသည်။ ကမ္ဘောဒီးယား နှင့် လာအို နိုင်ငံကိုလည်း စိတ်ဝင်စားမှုရှိကြောင်း၊ အထူးသဖြင့် ပွင့်လင်းစပြု လာသည့် မြန်မာကို ပိုမို စိတ်ဝင်စားနေကြောင်း၊ လာမည့်နှစ်တွင် မြန်မာနိုင်ငံ မန္တလေးမြို့နှင့် လာအို နိုင်ငံ ဗီယန်ကျင်းမြို့ကို ပြေးဆွဲရန် အစီအစဉ်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အ၀န်း အစိတ်အပိုင်း တခုအနေဖြင့် မျှော်မှန်းချက် ဖြစ်ကြောင်း The Nation သတင်းစာ၌ ရေးသားထားသည်။
အာမခံလုပ်ငန်း ပုဂ္ဂလိကလက် ချပေးပြီ မြန်မာ့ အာမခံ လုပ်ငန်းသို့ လုပ်ငန်း လုပ်ပိုင်ခွင့် လျှောက်ထားခဲ့ကြ သည့် ပုဂ္ဂလိကပိုင်ကုမ္ပဏီ ၂၀ အနက် ၁၂ ခု ကို လုပ်ကိုင်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရရှိ သွားသည့် ပုဂ္ဂလိကုမ္ပဏီ ၁၂ ခုမှာ Apex Insurance International၊ I.K.B.Z Insurance၊ Great Future International Insurance၊ Capital Life Ltd Insurance Application၊ Global Standard Insurance၊ Green Asia Insurance၊ Pillar of Truth Insurance၊ ဧရာမြန်မာအာမခံလုပ်ငန်း၊ မြ၀တီအာမခံကုမ္ပဏီလီမိတက်၊ကျောက်စိမ်းဘုရင်နှင့် ဘုရင်မ ၀န်ဆောင်မှုကုမ္ပဏီလီမိတက်၊နိုင်ငံသားစီးပွားရေးအာမခံအများပိုင်လီမိ တက်၊မြင့်မိုရ်မင်းအာမခံကုမ္ပဏီတို့ဖြစ်သည်။ ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်ပြုသည့်အာမခံအမျိုးအစားများမှာ အသက် အာမခံနှင့် အထွေထွေ အာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ငွေသားလုံခြုံမှု အာမခံ၊ သမာဓိအာမခံတို့ဖြစ်ပြီး လုပ်ငန်း၏ ခိုင်မာမှုနှင့် ယုံကြည်စိတ်ချရမှုအတွက် အသက်အာမခံလုပ်ငန်း လုပ်ကိုင်သူများမှာ Paid-up Capital မတည်ရင်းနှီးငွေ ကျပ်သန်းခြောက်ထောင်၊ အထွေထွေအာမခံအတွက် မတည်ရင်းနှီးငွေ ကျပ်သန်းလေးသောင်း နှင့် လုပ်ငန်း၂ခုပေါင်း လုပ်ကိုင်လိုသူတို့မှာ မတည်ရင်းနှီးငွေ ကျပ် ၄၆ ဘီလီယံ ရှိရမည်ဖြစ်ကြောင်း ထို့ကြောင့် ရွေးချယ်ခြင်းခံရသည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ရင်းနှီးမြုပ် နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ဆောင်ရွက်ကာ သက်ဆိုင်ရာ လုပ်ငန်း အမျိုးအစားအလိုက် မတည် ရင်းနှီးငွေကို မြန်မာ့စီးပွားရေးဘဏ်များတွင် ထည့်သွင်း ရမည် ဖြစ်ကြောင်းနှင့် ယင်းကိစ္စရပ်များအား ဆောင်ရွက်ထားရှိခြင်း ရှိ မရှိကိုလည်း ကြီးကြပ်ရေးအဖွဲ့က စစ်ဆေးအတည်ပြုပြီးမှသာ လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း အာမခံအမျိုးအစား ၄၁ မျိုးရှိသည့်အနက် လတ်တလောတွင် ၆ မျိုးကိုသာ လုပ်ကိုင်ခွင့်ချပေးမည်ဖြစ်သော်လည်း လုပ်ငန်း၏ ခိုင်မာရပ်တည်နိုင်မှုအပေါ် မူတည်ပြီး လာမည့်ကာလများတွင် လုပ်ကိုင်ခွင့် အမျိုးအစားများကို ထပ်မံ တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့က ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဦးအေးမင်းသိန်းက ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ညီလာခံ ကျင်းပမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် New Myanmar Investment Summit 2012 အမည်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ညီလာခံ တခုကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်းညီလာခံကို Parkroyalဟိုတယ် ၌ လာမည့် ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တူ တူးဖော်ရေး၊ စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ လယ် ယာ စိုက်ပျိုးရေးနှင့် ခရီးသွားလာရေး စသည့်စီးပွားရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိကြောင်း နည်းပညာဆိုင်ရာ အင်တာနက်စာမျက်နှာ cmt.com ၌ ဖော်ပြထားသည်။ ညီလာခံတွင် မြန်မာ အပါအ၀င် ဂျပန်၊ ထိုင်း စသည့် မြန်မာတွင် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံများက တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် အတည်ပြုထားပြီးဖြစ်၍ မကြာမီ ပြဌာန်းတော့မည် ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်န
ှံမှု ဥပဒေမူကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို မနေ့က အတည်ပြုလိုက်ပါတယ်။ လွှတ်တော်အတွင်း သဘောထား ကွဲလွဲတဲ့ အချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အတည်ပြု လိုက်တာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ပြောပါတယ်။
"ကျွန်မတို့ မနေ့က နိုင်ငံခြားရင်းနှီးမြှုပ်န
ှံမှု FDI law ကိုတော့ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးလိုက်ပါတယ်။ အဓိက ကတော့ အဲဒီမှာ အပြင်မှာလည်းပေါ့နော်၊ ဆွေးနွေးနေကြတဲ့ သဘောတူညီမှု မရှိတဲ့ အချက် နှစ်ချက်ကို ပြင်လိုက်တယ်။ နံပါတ်တစ်ကတော့ ပုံသေ မသတ်မှတ်ဘူး။ လုပ်ငန်းသဘာဝပေါ် မူတည်ပြီးတော့ပဲ ရင်းနှီးမြုပ်နှံရမဲ့ ငွေပမာဏကို သတ်မှတ်မယ်။ နောက်တစ်ခုကတော့ ဖက်စပ် လုပ်မယ်ဆိုတဲ့ နေရာမှာလည်း စုစုပေါင်း နိုင်ငံခြား မတည်ငွေရင်း၏ ၅၀-၅၀ အချိုး အတိုင်း ဆောင်ရွက်ရန် ဖြစ်သည်လို့ တင်ထားပါတယ်"အရင် ဥပဒေ မူကြမ်းမှာပါရှိတဲ့ ကနဦး ရင်နှီးမြှုပ်နှံမှု ပမာဏ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ သန်း ပါဝင်ရမည် ဆိုတဲ့အချက်ကို အခု ပယ်ဖျက်လိုက်ပါတယ်။
နိုင်ငံခြား မတည်ငွေရင်းသည် စုစုပေါင်း မတည်ငွေရင်း၏ အများဆုံး ၄၉ ရာခိုင်နှုန်းအစား နိုင်ငံခြားသား သည် နိုင်ငံသားနှင့် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့် လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ပါက မတည်ငွေရင်း၏ ၅၀-၅၀ အချိုး ထည့်ဝင် ဆောင်ရွက်ရန် ဖြစ်သည်ဆိုပြီး ပြင်ဆင်လိုက်တဲ့အပြင် ကော်မရှင် ဖွဲ့စည်းရာတွင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များ၊ စီးပွားရေး နယ်ပယ်အသီးသီးရှိ စီးပွားရေး ကျွမ်းကျင်သူများထဲမှ သင့်လျော်သော ပုဂ္ဂိုလ်များအား အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းရမည် ဆိုသည့်အချက်များလည်း ပါဝင်ပါတယ်။
ပြည်ထောင်စုလွတ်တော်က အခုအတည်ပြုလိုက်တဲ့ ဥပဒေကို တရားဝင်ဖြစ်ရန် သမ္မတ ဦးသိန်းစိန်က လက်မှတ် ထိုးရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment