Saturday, September 8, 2012

လက်ပန်းတောင်းတောင်အရေး မုံရွာမြို့လူထုပါဝင်လာ

မြန်မာ ဆန္ဒပြ သတင်းများ  စက်တင်ဘာ ၀၈၊ ၂၀၁၂


လက်ပန်းတောင်းတောင်အရေး မုံရွာမြို့လူထုပါဝင်လာ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပန်းတောင်းတောင် ပျောက်ကွယ်သွားမယ့် အရေး တောင်တန်းကြီးတွေကို မျှော်ကြည့်တဲ့ လှုပ်ရှားမှု တစ်ခု မုံရွာမြို့အနီးက ချင်းတွင်းမြစ်ကမ်းနံဘေးမှာ မနေ့က ညနေက ပြုလုပ်ခဲ့ပါတယ်။ 



လက်ပံတောင်း ကြေးနီစီမံကိန်းအရေး တင်းမာဆဲ

စစ်ကိုင်းတိုင်း၊ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆန္ဒပြနေသည့် လယ်သိမ်းခံ တောင်သူများနှင့် ကုမ္ပဏီအကြား ဆက်ဆံရေးမှာ တင်းမာနေဆဲဖြစ်ပြီး ဒေသခံ အာဏာပိုင်များက လုံခြုံရေးများ ပိုမို ချထားလာနေကြောင်း ဒေသခံများက ပြောသည်။



လိုင်သာယာစက်မှုဇုံ အလုပ်သမားများ ဆန္ဒပြ 

လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ ထောင်နဲ့ချီတဲ့ စက်ရုံအလုပ်သမားတွေဟာ သူတို့ရဲ့လုပ်အားခ လစာ တိုးမြင့်ပေးဖို့နဲ့ တခြား အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ အတွက် သူတို့ အလုပ်ရုံတွေကနေ မရမ်းကုန်းမြို့မှာရှိတဲ့ အလုပ်သမားရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။သူတို့အနေနဲ့ ရတဲ့လစာနဲ့ နေထိုင် စားသောက်စားရိတ် မလောက်ငတဲ့အတွက် အခုလို ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင် လုပ်ကိုင်သူတွေက ပြောပါတယ်လို့သိရပါတယ်။



ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်အမှတ် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက် အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို မနေ့က မနက်ပိုင်းက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။



လုပ်ခလစာ ဖြတ်တောက်တဲ့ကိစ္စ ဖြေရှင်းပေးဖို့ တောင်းဆို

ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ ခိုင်ခိုင်စန္ဒာ ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံက အလုပ်သမား (၆၀) ကျော်ဟာ အခြေခံ လုပ်ခလစာတွေ ဖြတ်တောက်ခံနေရတဲ့ကိစ္စ ဖြေရှင်းပေးဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမား ဦးစီးဌာနရုံးကို မနေ့က သွားရောက်ပြီး အရေးဆို တိုင်ကြားခဲ့ကြပါတယ်။



မင်္ဂလာဒုံမြို့နယ် လယ်သမား (၇၅) ဦး ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန် တိုးချဲ့နယ်မြေအတွင်း ဝင်ရောက်တယ်ဆိုပြီး ဇေကမ္ဘာကုမ္ပဏီရဲ့ တားမြစ်ကန့်ကွက်မှု ခံထားကြရတဲ့ မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံကျေးရွာနဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာက လယ်သမား (၇၅) ဦးဟာ ထောက်ကြံ့မြို့မှာရှိတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ရုံးချုပ်ရှေ့မှာ မနေ့က နေ့လည်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။



ကျူးကျော် နေသူများကို အင်အားသုံးရှင်းမည်ဟု စည်ပင်အရာရှိ ပြော

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို သက်ဆိုင်ရာ အထက် ခွင့်ပြုမိန့်ကျသည်နှင့် ရှင်းလင်းသွားမည် ဖြစ်ပြီး တစုံတရာ ခုခံ ကာကွယ်ပါက အင်အားသုံး ဖြေရှင်းသွားမည်ဟု မန္တလေး စည်ပင်သာယာရေး ကော်မတီ မြေယာ စီမံခန့်ခွဲရေး ဌာနမှူး ဦးတင်ထွဋ်ကျော်က ပြောဆိုလိုက်သည်။မန္တလေးမြို့တော်ခန်းမ၌ စက်တင်ဘာ ၅ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ဦးတင်ထွဋ်ကျော်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာ ရပ်ကွက်ရှိ ကျူးကျော် မြေကွက်များတွင် လက်ရှိ လူ နှစ်ထောင်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

LWIN PWIN
NLABR 
Web-site: 			www.nlabr.com
Blog: 			http://wanna23-23.blogspot.com/ 
Facebook: 			Sa Maung စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပန်းတောင်းတောင် ပျောက်ကွယ်သွားမယ့် အရေး တောင်တန်းကြီးတွေကို မျှော်ကြည့်တဲ့ လှုပ်ရှားမှု တစ်ခု မုံရွာမြို့အနီးက ချင်းတွင်းမြစ်ကမ်းနံဘေးမှာ မနေ့က ညနေက ပြုလုပ်ခဲ့ ပါတယ်။ လက်ပံတောင်း ကြေးနီစီမံကိန်းအရေး တင်းမာဆဲစစ်ကိုင်းတိုင်း၊ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆန္ဒပြနေသည့် လယ် သိမ်းခံ တောင်သူများနှင့် ကုမ္ပဏီအကြား ဆက်ဆံရေးမှာ တင်းမာနေ ဆဲဖြစ်ပြီး ဒေသခံ အာဏာပိုင်များက လုံခြုံရေးများ ပိုမို ချထားလာနေကြောင်း ဒေသခံများက ပြောသည်။

လိုင်သာယာစက်မှုဇုံ အလုပ်သမားများ ဆန္ဒပြ လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ ထောင်နဲ့ချီတဲ့ စက်ရုံအလုပ် သမားတွေဟာ သူတို့ရဲ့လုပ်အားခ လစာ တိုးမြင့်ပေးဖို့နဲ့ တခြား အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ အတွက် သူတို့ အလုပ်ရုံတွေကနေ မရမ်းကုန်းမြို့မှာရှိတဲ့ အလုပ်သမားရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြ ပါတယ်။သူတို့အနေနဲ့ ရတဲ့လစာနဲ့ နေထိုင် စားသောက်စားရိတ် မလောက်ငတဲ့အတွက် အခုလို ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင် လုပ်ကိုင်သူတွေက ပြောပါတယ်လို့သိရပါတယ်။

ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်အမှတ် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက် အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို မနေ့က မနက်ပိုင်းက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

လုပ်ခလစာ ဖြတ်တောက်တဲ့ကိစ္စ ဖြေရှင်းပေးဖို့ တောင်းဆိုရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ ခိုင်ခိုင်စန္ဒာ ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံက အလုပ်သမား (၆၀) ကျော်ဟာ အခြေခံ လုပ်ခ လစာတွေ ဖြတ်တောက် ခံနေရတဲ့ကိစ္စ ဖြေရှင်းပေးဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမား ဦးစီးဌာနရုံးကို မနေ့က သွားရောက်ပြီး အရေးဆို တိုင်ကြားခဲ့ကြပါတယ်။

မင်္ဂလာဒုံမြို့နယ် လယ်သမား (၇၅) ဦး ဆန္ဒထုတ်ဖော်ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန် တိုးချဲ့နယ်မြေအတွင်း ဝင်ရောက်တယ်ဆိုပြီး ဇေကမ္ဘာကုမ္ပဏီရဲ့ တားမြစ်ကန့်ကွက်မှု ခံထားကြရတဲ့ မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံကျေးရွာ နဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာက လယ်သမား (၇၅) ဦးဟာ ထောက်ကြံ့မြို့မှာရှိတဲ့ မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေး ပါတီ ရုံးချုပ်ရှေ့မှာ မနေ့က နေ့လည်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကျူးကျော် နေသူများကို အင်အားသုံးရှင်းမည်ဟု စည်ပင်အရာရှိ ပြော မန္တလေးတိုင်း ချမ်းမြသာ စည်မြို့ နယ် မြရည်နန္ဒာရပ်ကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို သက်ဆိုင်ရာ အထက် ခွင့်ပြုမိန့်ကျ သည်နှင့် ရှင်းလင်းသွားမည် ဖြစ်ပြီး တစုံတရာ ခုခံ ကာကွယ်ပါက အင်အားသုံး ဖြေရှင်းသွားမည်ဟု မန္တလေး စည်ပင်သာယာရေး ကော်မတီ မြေယာ စီမံခန့်ခွဲရေး ဌာနမှူး ဦးတင်ထွဋ်ကျော် က ပြောဆိုလိုက် သည်။မန္တလေးမြို့တော်ခန်းမ၌ စက်တင်ဘာ ၅ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ဦးတင်ထွဋ်ကျော်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာ ရပ်ကွက်ရှိ ကျူးကျော် မြေကွက်များတွင် လက်ရှိ လူ နှစ်ထောင်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment