Wednesday, September 26, 2012

အစိုးရအဖွဲ့ထဲက တာဝန်ရှိသူတွေ အင်္ဂလိပ်ဘာသာစကားမှာ အားနည်း ဟု BBC ဝေဖန်

သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ အသက် ၆၇ ကျော်လို့ အသက် ၆၈ နှစ်တွင်း ချင်းနင်းဝင်ရောက်နေပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သွားတာလာတာမှာ မီဒီယာသမားတွေတောင် ဖမ်းရခက်လောက်အောင် မြှားတစင်းလို သွက်လက်လွန်းလှပါတယ်။ တခါ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားလို သွက်လက်ချက်ချာစွာနဲ့ အဆင့်တန်းမြင့်စွာ ပြောဆိုနိုင်တာမို့ အင်္ဂလိပ်စကားတတ်သူ လူကြီး/လူငယ်မရွေး ပွဲကျနှစ်ခြိုက်ကြပြီး ကြားသိပြီး ခင်မင်နေသူတွေက မြင်တွေပြီးနောက်မှာ ပိုသဘောကျသွားကြပါတယ်။ တခုပဲ ရှိတာက ဒေါ်အောင်ဆန်းစုကြည် အနားနေတွေက မီဒီယာတွေနဲ့ စိတ်ရှည်၊ သည်းခံမှု/ ရင်းနှီးမှုမှာ
အားနည်းကြတယ်လို့ ကိုယ်တွေ့ကြုံ မီဒီယာသမားတွေက သုံးသပ် ပြောကြားကြပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ စတက်လာကထဲက ရိုးဂုဏ်နဲ့ နာမည်ကြီးလာသူပီပီ စွမ်းသလောက်လည်း အလုပ်လုပ်နေသူဖြစ်လို့ တဖြည်းဖြည်းတော့ အမှတ်တွေ ရလာခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ရော၊ အစိုးရအဖွဲ့ထဲက တာဝန်ရှိသူတွေကပါ အင်္ဂလိပ်ဘာသာစကားမှာ အားနည်းတဲ့အတွက် (ဒါမှမဟုတ် အားနည်းပုံရတဲ့အတွက်) တကယ့် သူတင်ကိုယ်တင် တွန်းတွန်းတိုက်တိုက် ဆွေးနွေးပြောဆိုရတဲ့ ကိစ္စတွေမှာ လိုသလောက် ခရီးမပေါက်တာကို တွေ့ရပါတယ်။ စက်တင်ဘာ ၂၅ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲအတွက်ဆို အမေရိကန် အထူး ထောက်လှမ်းရေးအဖွဲ့ရဲ့ စီမံမှုကို မလွန်သာဘဲ (ဒါမှမဟုတ် မျက်နှာပျက်မှာစိုးလို့) လက်ခံလိုက်ရတာဟာ တင်းတင်းမာမာ ပြောဆို ရှင်းလင်းနိုင်သူတွေ အစိုးရအဖွဲ့မှာ နည်းနေတာ (ဒါမှမဟုတ် အစီအစဉ် အားနည်းနေတာ) ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရလို့ ဖြစ်ပါတယ်။
ကိုးကား-BBC

No comments:

Post a Comment