၂၁-၂၇
ဇွန်လ ၂၀၁၂ ရက်နေ့ ထုတ် The Hot News Journal အတွဲ(၂) အမှတ်
(၉၅)စာမျက်နှာ (၂၉)မှာ““လူဝင် မှုကြီးကြပ်ရေးဥပပဒေကို လွှတ်တော်
အမတ်တချို့ထောက်ပြမှုရှိပါ””ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာတွေကို စာရေးသူ
ဖတ်လိုက်မှတ်လိုက်ရပါတယ်။
ယခု စာရေးသူ ရေးပြမည့်အချက် တွေမှာ ဥပဒေကြောင့်လား သို့တည်း မဟုတ် အဲဒီဥပဒေကို တရားဝင်သုံးစွဲခွင့် ရထားတဲ့သူတွေကြောင့်လား၊ သို့တည်း မဟုတ် ၁၉၇၆ခု၊ ပထမအကြိမ် ပြည်သူ့ လွှတ်တော်၊ တတိယအကြိမ် ပုံမှန်အစည်း အဝေးအရ ဟိုတုန်းက နိုင်ငံတော် ကောင်စီက ထုတ်ခဲ့တဲ့ ညွှန်ကြားချက် (၅/၇၆)ကြီးအတိုင်း အာဏာပိုင် အဖွဲ့ အစည်းလို့အခေါ်ခံနေကြတဲ့ အဖွဲ့အ စည်းကသူတွေကြောင့်လားဆိုတာ၊ ကွဲကွဲ ပြားပြားတွေ့မြင်လာကြမှာပါ။
အဲဒီ (၅/၇၆)ရဲ့ ညွှန်ကြားချက်မှာ မည်သည့်ဥပဒေမည်သို့ပင်ဆိုစေကာမူ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များ၏ ဆုံးဖြတ်ချက်သာလျှင် အတည် ဖြစ်စေရမည်လို့ ဆိုထားပြီး အဲဒီညွှန်ကြား ချက်သည် ဥပဒေကဲ့သိ့ အာဏာတည်ရ မည်လို့လည်း ဆိုထားပါတယ်။ စာရေး သူ ၁၉၇၃ ခုနှစ်ကနေ ၁၉၉၄ခုနှစ်အထိ ၀န်ထမ်းတစ်ဦးဖြစ်ခဲ့ပါတယ်။ တာဝန် အရပြောင်းရွှေ့မှာ အရပ်တိုင်းသို့ အိမ် ထောင်စုစာရင်းကို ပုံစံ(၁၀)နဲ့အတူ ပြောင်းရွှေ့ခဲ့ပါတယ်။ လုပ်သက် (၂၁)နှစ် လုံးလုံးရာထူး တစ်ကြိမ်တစ်ခါမျှ မတိုး တာကြောင့် လုပ်သက်(၂၁)နှစ်အတွက် လုပ်သက်ဆုနဲ့ ပင်စင်လစာကလွဲပြီး အ ခြားအခွင့်အရေး ဘာတစ်ခုမျှ မရခဲ့ပါ ဘူး။ ပင်စင်ယူခဲ့ရာဒေသက ရန်ကုန်ကို ပြန်ဝင်တော့ ညီတစ်ဝမ်းကွဲအိမ်မှာ မိ သားစု(၃)ဦးလပိုင်းလောက် ကပန်နေခဲ့ ရပါတယ်။ ညီအိမ်ကတစ်ဆင့် နိုင်ငံခြား ကုမ္ပဏီမှာအလုပ်တစ်ခုရတော့ မြောက် ဒဂုံကို ပြောင်းခဲ့ပါတယ်။ အဲဒီပြောင်းခဲ့ တဲ့ လိပ်စာနဲ့ ပုံစံ(၁၀)ယူပြီး မြောက်ဒဂုံ ငှားနေတဲ့ အိမ်နဲ့ အိမ်ထောင်စုစာရင်း လုပ်တာ သက်ဆိုင်ရာက လုပ်မပေးပါ ဘူး။ ယခုနေတဲ့ အိမ်ဟာ ကျွန်ုပ်ပိုင်အိမ် မဟုတ်ပါဘူးဆိုတဲ့ ၀န်ခံကတိထိုးပေးမယ် ဆိုတာတောင် လုပ်မပေးပါဘူး။ စာရေး သူဟာ ၁၉၇၃ ခုနှစ် သန်းခေါင်းစာရင်း တုံးက ကိုယ်ပိုင်ကောက်ပေးခဲ့သလို တက္ကသိုလ်ကျောင်းပိတ်တိုင်းနွေရာသီ ““အ”” သုံးလုံးလုပ်အားပေးကာလကလွဲလို့ မိုးတွင်းကျောင်းပိတ်ရက်ကာလတွေမှာ စာရေးသူတို့နေတဲ့ ခရိုင်မြို့ကလက်ထောက် မှတ်ပုံတင်အရာရှိရုံးမှာ လုပ်အားပေးနေ ခဲ့သူပါ။ ဒါပေမဲ့ မရခဲ့ပါဘူး။ ဒါပေမဲ့ ရတဲ့ သူတော့ရှိတယ်ပေါ့။ ရေလောင်းနိုင်တဲ့ သူတွေတော့ ရကြပါတယ်။ စာရေးသူက တော့ သာသနာ့ဘောင်ထဲမ၀င်မီ မြောက် ဒဂုံမှာနေသမျှ သက်ဆိုင်ရာ ရပ်ကွက်ရုံး မှာ အခွန်ဆောင်ပြီး ဧည့်စာရင်းနဲ့ပဲနေခဲ့ ရပါတယ်။ ဒါဟာ ကိုယ်တွေ့ ခံစားခဲ့ရတဲ့ ဖြစ်ရပ်ပါ။
ဒုတိယကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ကတော့ ၁၉၇၃ ခုနှစ် ဇွန်လမှာ တနင်္သာရီတိုင်း (ဟိုတုန်းက တနင်္သာရီတိုင်း-၂)ပါ။ (မွန် ပြည်နယ်က တနင်္သာရီတိုင်း-၁ပါ)။ မြိတ် ခရိုင်အတွင်းက ဘုတ်ပြင်းမြို့နယ်ကို ရောက်သွားခဲ့ပါတယ်။ မြိတ်နဲ့ ဘုတ်ပြင်း ဟာ (၉၇)မိုင်ဝေးပြီး ပြေးဆွဲနေတဲ့စက် လှေ(၂)စီးသာရှိတဲ့ ကမ်းရိုးတန်းရေလမ်း ခရီးပါ။ ဘုတ်ပြင်းနဲ့ မြိတ်ဟာတစ်လစက် လှေစစ်ခေါက်တောင် ပုံမုန်မရှိပါဘူး။ မိုးတွင်းဆိုပျင်းတော့(၂)လ(၃)လလောက် မှ တစ်ခေါက်ပဲရှိပါတယ်။ စာရေးသူတို့ နေ့စဉ်က ဒေသရှားပါး စရိတ်ခံစားခွင့် ပြုထားတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
ဘုတ်ပြင်းကိုရောက်တော့ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် မြို့ နယ်ကော်မရှင်ရုံးမှာ လုပ်အားပေးခဲ့ရပါ တယ်။ မဲဆန္ဒစာရင်းတွေ ပြုစုဖို့အတွက် ပယ်လယ်ပိုင်းရွာတွေကို ခရီးထွက်ရပါ တယ်။ စာရေးသူတို့ ရောက်စက ဘုတ် ပြင်းမြို့နယ်အတွင်းမှာ နေထိုင်တဲ့ လူဦး ရေဟာ သုံးသောင်းနီးပါးရဲ့ သုံးပုံလောက် ဟာ ပသျူး(မလေး)လူမျိုးတွေပါ။ ယိုးဒ ယားက ငါးထောင်ကျော်လောက်ရှိပါ တယ်။ ကျန်တဲ့ တိုင်းရင်းသားက လူနည်း စုပါ။ ဘုတ်ပြင်းမြို့နယ်အတွင်း လှည့် လည်နေထိုင်တဲ့ (Floating Population) ဆလုံ လူမျိုးက ရာဂဏန်းပဲရှိပါတယ်။ ယိုးဒယားလူမျိုးက ပသျူးလူမျိုးထက် ဗမာစာ၊ ဗမာစကားပိုတတ်ပါတယ်။ ပသျူးလူမျိုး ယောက်ျားအချို့ ဆယ်ဂဏန်း လောက်သာ ဗမာစာ၊ ဗမာစကားတတ် ပြီး အမျိုးသမီးအားလုံးနီးပါး ဗမာစာ မတတ်ကြပါဘူး။
စာရေးသူတို့ ပသျှူးရွာတွေရောက် တော့ မဲစာရင်းပြုစုဖို့အတွက်အိမ်ထောင် စုစာရင်းပါလူဦးရေ မှတ်ပုံတင်တိုက်စစ် တဲ့အခါ ပသျှူးလူမျိုးတွေ ပေးအပ်လာ တဲ့မှတ်ပုံတင်သက်သေခံကတ်ပြားတွေမှာ ကာယကံရှင်ဓာတ်ပုံမှာ ဖော်ပြထားတဲ့ မြို့နယ်သင်္ကေတနဲ့ နံပါတ်ပါမယ်။ ကာ ယကံရှင်ရဲ့ လက်ဝဲလက်မလက်ဗွေပါ မယ်။ လက်ထောက်မှတ်ပုံတင် ရုံးတံဆိပ် တုံးပါမယ်။ အဲ.. မပါတာတွေကတော့ သက်သေခံကတ်ပြား ထုတ်ပေးရက်စွဲ၊ တိုက်နယ်မှူး(စာရင်းထိန်း၊ စာရင်းကောက်) တွေရဲ့ လက်မှတ်၊ လက်ထောက် မှတ်ပုံ တင်အရာရှိ လက်မှတ်တွေ၊ ဘာတစ်ခု မှ မပါဘူး။ ဒါကြောင့် အဲဒီသက်သေခံ ကတ်ပြားတွေဟာ တရားမ၀င်သလို တရားစွဲလို့လည်းရပါတယ်။ အဲဒီသက် သေခံကတ်ပြားတွေကို စာရေးသူကသိမ်း မယ်လုပ်တော့ စာရေးသူတို့စစ်ကြောင်းနဲ့ အတူပါလာတဲ့ မကဖ အရာရှိက ““ဟေ့ လူမလုပ်နဲ့ဗျတဲ့၊ ခင်များလုပ်တာ ဘုတ် ပြင်းမြို့နယ်ရုံးတစ်ရုံးလုံး ဒုက္ခရောက်ကုန် လိမ့်မယ်တဲ့””။
သက်သေခံကတ်ပြားထုတ်ပေးတော့ မယ်ဆိုလျှင် ပုံစံ(၁)လေးစုံ ရေသွင်းရပါ တယ်။ ပုံစံ(၂)ကတ်ပြားပါအချက်အလက် တွေရေးပြီးလက်ဗွေနှိပ်ရပါတယ်။ နံပါတ် ကို လက်ထောက်မှတ်ပုံတင်အရာရှိက သာ ထုတ်ပေးလို့ရပါတယ်။ အခြားဘယ် ၀န်ထမ်း၊ ဘယ်တိုက်နယ်မှူးကမှ ထုတ် ပေးလို့မရပါဘူး။ နံပါတ်သစ်ထုတ်ပေး မှတ်ပုံတင်စာအုပ်ကို လက်ထောက်မှတ် ပုံတင်အရာရှိကသာ ထိန်းချုပ်ထားတာ ပါ။ ပြီးတော့ အဲဒီစာအုပ်ကို လုံခြုံစွာ သိမ်းထားရပါတယ်။ အရာရှိက နံပါတ် ထုတ်ပေးပြီးမှ ဓာတ်ပုံရိုက်ရပါတယ်။ ဓာတ်ပုံရမှာ ပုံစံ(၁)မှ (၄)ပုံ၊ ပုံစံ(၂) သက် သေခံကတ်ပြားမှာ (၁)ပုံကပ်ပြီး တိုက်နယ်မှူးကလက်မှတ်ထိုးပြီး လက်ထောက် မှတ်ပုံတင်ပေးရပါတယ်။ အရာရှိက ပုံစံ တွေကို စစ်ဆေးပြီး လက်မှတ်ထိုးပါတယ်။ ပြီး ကတ်ပြားထုတ်ပေးသည့်ရက်စွဲ မှတ် တမ်းသွင်းရပါတယ်။
ဖော်ပြခဲ့တဲ့ သက်သေခံကတ်ပြား တွေဟာ လက်ထောက်မှတ်ပုံတင်အရာ ရှိ မသိဘဲတိုက်နယ်မှူးတစ်ဦးဦးက ငွေ ယူပြီး လုပ်ပေးထားတဲ့ ကတ်ပြားတွေပါ။ ကတ်ပြားပေါ်မှာ တိုက်နယ်မှူးကအစ လက်မှတ်ထိုးမထားတော့ ဘယ်သူထုတ် ပေးထားတယ်ဆိုတာ မသိတော့ဘူးပေါ့။ ဒါကြောင့် ဒီတရားမ၀င်ကတ်ပြားတွေကို ကိုင်ဆောင်ထားတဲ့ ပသျှူးလူမျိုးတွေဟာ မြို့နယ်စာရင်းထဲမ၀င်တော့သလို သူတို့ ပြည်တွင်းခရီးသွားဖို့လောက်ပဲရပါတယ်။ ဒါပေမယ့် လေယာဉ်တို့ ကြယ်ငါးပွင့်တို့ နဲ့သွားမယ်ဆိုလျှင်တော့ မရတော့ဘူး လေ။ လေဆိပ်၊ သင်္ဘောဆိပ်တွေမှာ အဖွဲ့ပေါင်းစုံက စစ်ဆေးသလို၊ လ၀က၊ ကမဖ၊ အမတ အဖွဲ့တွေလည်း အကုန် ပါတယ်လေ။ စာရေးသူတို့ ဘုတ်ပြင်းမှာ နေစဉ်တုန်းက လက်ထောက်မှတ်ပုံတင် အရာရှိရုံးမှာ အရာရှိတစ်ဦးတိုက်နယ်မှူး နှစ်ဦးနဲ့ ရုံးအကူတစ်ဦး၊ ပေါင်းလေးဦးပဲ ရှိပါတယ်။ နောက်ပိုင်းရုံးအကူက မြို့နယ် ပါတီ ယူနစ်မှာ အလုပ်သမားကောင်စီ ဥက္ကဋ္ဌဖြစ်သွားတော့ သုံးဦးပဲကျန်ပါတယ်။ အခုတော့ (၄)ဦးစလုံး လူပြည်မှာ မရှိကြ တော့ပါဘူး။
ဖြစ်စဉ် (၂)ကလည်း ဘုတ်ပြင်းနဲ့ (၃၆)မိုင်ဝေးတဲ့ ကရသူရိကျေးရွာမှာပါ။ တစ်ရွာလုံး အိမ်ခြေ(၂၆)လုံးပဲရှိပြီး (၃) လုံးက လူမနေပါဘူး။ ကရသူရိကျေးရွာ ဟာ ရဲဘော်သုံးကျိပ်ဝင်ခဲ့တဲ့ နယ်မကျွတ် (ကရာဆူရီ)လမ်းပါ။ အဲဒီရွာမှာ ပီနန် ပေါက်တရုတ်မကြီးတစ်ဦးဟာ သေသည် အထိ ကရသူရိရွာပေါက်ကနေ ဘယ်ကို မှ မသွားခဲ့သလို နိုင်ငံခြားသားမှတ်ပုံတင် ကိုပဲကိုင်ဆောင်သွားတဲ့သူပါ။ ဒါပေမဲ့ သူ့သား(၄)ဦးစလုံးဟာ နိုင်ငံသား သက် သေခံကတ်ပြားတွေ ကိုယ်စိရနေကြပါ တယ်။ အဲဒီ လူတွေရဲ့ သက်သေခံ ကတ် ပြားတွေကို ဘယ်လိုခံရခဲ့သလဲဆိုတာ ကာယကံရှင်လူတွေနဲ့ ထုတ်ပေးခွင့်ပြုခဲ့ သူတွေသာသိကြမှာပါ။ ကရသူရိကျေး ရွာဟာ လမ်းမတန်းတစ်ခုသာရှိပြီး အိုးမ ကွာ၊ အိမ်မကွာဝဲယာလမ်းဘေးရေမြောင်း တွေမှာ ခဲမဖြူသတ္တုကို ကျင်ယူလို့ရပါ တယ်။ မိန်းမတစ်ယောက်တစ်နေ့ထိုင် ကျင်ရင် နို့ဆီဘူး သုံးဘူးလောက်ရပါ တယ်။ ရသမျှ ခဲမဖြူဟာ အားလုံး ယိုးဒ ယားရောက်ကုန်တာပါပဲ။ အင်္ဂလိက် ခေတ်က ခဲသင်္ဘောအပျက်ကြီးကောင်း ကရသူရိရွာအ၀င် ချောင်းဝမှာ ရှိနေခဲ့ပါ တယ်။ အဲဒီသင်္ဘောက သံထည်ပစ်္စည်း တွေ၊ ဖြုတ် ဖြတ်ယူပြီး ယိုးဒယားကို သွားရောင်းစားနေတဲ့ သူတွေလည်း ကရ သူရိမှာနေကြပါတယ်။
ဖြစ်စဉ်(၃)ကတော့မြန်မာ့ ကြယ်ငါး ပွင့်သင်္ဘောလုပ်ငန်းက မြစ်ကြီးနား၊တောင် ကြီး၊ ဟားခါးဆိုတဲ့ ကမ်းရိုးတန်းသင်္ဘော (၃)စီးနဲ့ မြိတ်နဲ့ ရန်ကုန်ကို ရက်မှန်တစ် စီး၊ လွန်းပြန်တစ်စီး ပြေးဆွဲပေးပါတယ်။ လွန်းပြန်ယာဉ်တစ်ပါတ်(၃)ရက်၊မြိတ် ဆိပ်ကမ်းကို ကပ်ပါတယ်။ မြိတ်ဆိပ်ကမ်း မှာ နာရီပိုင်းမျှသာနားပြီး မြိတ်က ကုန်နဲ့ ခရီးသည်တွေ ပြန်တင်ပြီး ရန်ကုန်ကို ပြန် ထွက်ပါတယ်။ ခရီးသည် (၄၀၀)လောက် ပါပြီး၊ တစ်ဝက်ကျော်ဟာ မှောင်ခို ပစ္စည်းလွန်းပြန်သယ်နေကြတဲ့။ မှောင်ခို ကုန်သည်တွေပါ သင်္ဘောလက်မှတ်ကို ရန်ကုန်ဆိပ်ကမ်းမှာရော၊ မြိတ်ဆိပ်ကမ်း မှာပါ သင်္ဘောမဆိုက်မီ ကြိုရောင်းပါ တယ်။ လက်မှတ်ဝယ်ယူလျှင်လည်းလိုက် ပါမည့် သူ့ရဲ့မှတ်ပုံတင် တင်ပြရပါတယ်။ ဒါပေမဲ့ ရန်ကုန်က ကုန်သွယ်လာတဲ့ ကုန် သည်တွေဟာ မြိတ်ဆိပ်ကမ်းကိုရောက် ပြီး မြိတ်က ကုန်သည်တွေစုထားတဲ့ ကုန် သည်တွေနဲ့အတူ အကုန်လုံး ပြန်ပါသွား တာပါပဲ။ ဒီတော့ ဒီလူတွေကဟာ ရန် ကုန်မှာရော၊ မြိတ်မှာပါ သင်္ဘောလက် မျတ်ရောင်းနေတဲ့အချိန်မှာ သူတို့ဟာ လမ်းခရီးမှာပါ။ ဒါပေမဲ့ သူတို့ကတော့ သင်္ဘောလတ်မှတ်ဘယ်လိုပဲရောင်းရောင်း ရန်ကုန်မှာရော၊ မြိတ်မှာပါ သူတို့နဲ့ဆက် သွယ်ထားတဲ့သူတွေရဲ့ လက်ထဲမှာ မှတ် ပုံတင်တစ်ခုထက်မကရှိနေလို့ပါပဲ။ လူ တစ်ဦးထဲနဲ့ မှတ်ပုံတင်ကတ် (၂)ခု၊ (၃) ခုကိုင်ထားနိုင်အောင် ထုတ်ပေးထားတဲ့ သူတွေမှာ တာဝန်ရှိမရှိ ဦးသိန်းဖေမြင့်ရဲ့ စကားနဲ့ပြောရလျှင် ““ကြည်သောသော မြင်၏””လို့ မဆိုနိုင်ဘူးပေါ့ ဆရာတို့ရေ။
ဖြစ်စဉ်(၄)ကတော့ စာရေးသူ (၂၀၀၀)ပြည့်နှစ်တုန်းက ယူနန်လူမျိုးပိုင် သစ်အချောထည်စက်ရုံမှာ ထုတ်လုပ်ရေး မန်နေဂျာနဲ့ ၀င်လုပ်ဖူးပါတယ်။ ယူနန် လူမျိုး (၃၀)နဲ့တွဲပြီး ပြည်တွင်းအလုပ် သမား(၁၀၀)ကျော်နဲ့ လုပ်ခဲ့ရပါတာပါ။ အဲဒီ ကုမ္ပဏီရဲ့Managing Dirictor ဟာ ယူနန်လူမျိုးအစစ်ပါ။ သူဟာကချင်ပြည် နယ်အတွင်းဝင်ရောက်လုပ်ကိုင်စားသောက် ရင်း ကချင်တိုင်းရင်းသူ တစ်ဦးရဲ့ အိမ် ထောင်ကျပါတယ်။ နောက် ရန်ကုန် မင်္ဂလာဒုံစက်မှုဇုန်မှာ စက်ရုံဆောက်ပြီး ယူနန်က သစ်နဲ့ပတ်သက်တဲ့စက်တွေရော လူတွေရာ သွင်းလာခဲ့ပါတယ်။ အဲဒီ Managing Director ရဲ့ နိုင်ငံသားစိစစ် ရေးကတ်ပြားဟာ ၆/မအရ(နိုင်)နဲ့ထုတ် ပေးထားတာတွေ့ရပါတယ်။ အဲဒီလူဟာ မြန်မာစာ မတတ်သလို စကားကိုလည်း ပီသအောင်တောင် မကြေနိုင်ပါဘူး။ အဲဒီလူကိုင်တဲ့ စိစစ်ရေးကတ်ပြားဟာ တနင်္သာရီတိုင်းသင်္ကေတ မြိတ်အရှေ့မြို့ နယ်ကနေ ထုတ်ပေးထားတာပါ။ နိုင်ငံ ခြားသားတစ်ယောက် နိုင်ငံသားလျှောက် ခွင့်ရှိပါတယ်။ ဒါပေမဲ့ ၀န်ကြီးဌာနအထိ အဆင့်ဆင့်တင်ရပါတယ်။ ၀န်ကြီး (၃) ဦးထိုင် ဆုံးဖြတ်ချက်နဲ့ ပြုနိုင်ငံသား(သို့) ဧည့်နိုင်ငံသားဆိုတဲ့ အမှတ်အသားနဲ့ ထုတ်ပေးရမှာပါ။ ယခုလို နိုင်ငံသား စိစစ် ရေးကတ် အစစ်ထုတ်ပေးလို့မရပါဘူး။ ဒါ ကြောင့် အဲဒီယူနန်ရဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါ်မှာ ဘယ်လိုယူဆကြမလဲ ဆရာတို့ရေ။
နောက်ဖြစ်စဉ်တစ်ခုကတော့ မြောက် ဥက္ကလာပမြို့နယ်မှာပါ။ ဆေးရုံကြီး အနီး မှာ ယူနန်လူမျိုးပိုင် အထူးကုဆေးခန်း ကြီးတစ်ခုရှိပါတယ်။ သမီးနှစ်ယောက်က လည်း ပြည်တွင်း ဆေးတက္ကသိုလ်တွေက ပေးတဲ့ ဆရာဝန်ဘွဲ့ရတွေရထားကြပါ တယ်။ စာရေးသူတို့ ပညာသင်ကြးခဲ့စဉ် ကာလက နိုင်ငံခြားသားရဲ့ သားသမီးတွေ ကိုပဲ ဖြစ်ဖြစ်၊ နှစ်ဖက်အဘိုးအဘွား လေးဦးထဲက တစ်ဦးဦးထဲက နိုင်ငံခြား သားဖြစ်ခဲ့လျှင် အဲဒီလူမျိုးက မွေးတဲ့ ဘယ်သားသမီးကိုမှ မြန်မာပြည်တွင်းမှာ ဖွင့်လှစ်ထားတဲ့ အသက်မွေးဝမ်းကျောင်း သင် တက္ကသိုလ်ဟူသမျှ ဘယ်တက္ကသိုလ် တစ်ခုတည်းကိုမှတက်ခွင့်မပြုပါဘူး။ ၀ိဇ္ဇာ နှင့်သိပ္ပံတက္ကသိုလ်တစ်ခုတည်းကိုပဲတက် နေပြီးဘွဲ့တစ်ခုပဲယူစေပါတယ်။ ဂုဏ်ထူး ဘယ်နှစ်လုံးစုံ ဖက်နေကြသလဲ မသိ သလို ကပြားလေးတွေလည်း ဘယ် လောက်များနေပြီလဲဆိုတာ မသိတော့ပါ ဘူး။ တရုတ်မတစ်ယောက်ကို မြန်မာလူ မျိုးရယူဘို့ မလိုပါဘူး။ တရုတ်မတွေဟာ သူတို့မိဘက ပေးစားတဲ့ လူမျိုးတူ တရုတ် ကိုပဲ ယူလို့ရပါတယ်လို့ ပြန်ပြီး ပြောကြပါ တယ်။ တစ်ခါ တရုတ်လူမျိုးတွေဟာ မြန်မာပြည်အတွင်း အခိုင်အမာနဲ့ အခြေ တည်လာကြသလို ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ ရေနံပိုက်လိုင်းကိုအကြောင်း ပြုပြီး ရထားလမ်း၊ ကားလမ်းတွေဖောက် ပြီး မြန်မာပြည်အလယ်ပိုင်းကနေ ဖြတ် ပိုင်းသွားကြဦးမယ်။
ထို့အတူ ယိုးဒယားကလည်း ထား ၀ယ်ရေနက်ဆိပ်ကမ်းကို အကြောင်းပြု ပြီး ရထားလမ်း၊ ကားလမ်းတွေဖောက်လို့ တနင်္သာရီတိုင်းတစ်တုင်းလုံးကို ပိုင်းဖြတ် တော့မယ်။ တစ်ခါ အိန်္ဒိယကလည်း ကုလားတန်မြစ်တစ်လျှောက် စစ်တွေ အထိ ရေနက်ဆိပ်ကမ်းတွေဆောက်ပြီး မြန်မာပြည်အနောက်ပိုင်းကို ဖြတ်ထုတ် ဦးမယ်။ မြန်မာပြည်ကြီးဟာ ဒုတိယ ကမ်္ဘာစစ်အတွင်းက တရုတ်ပြည်နဲ့ပဲ (၁၀) တန်းအောင်အောင်၊ မရပါဘူး။ အဓိက ဘာသာရပ်တစ်ခုခုနဲ့ပဲ ဆက်လက် ပညာ သင်ကြားခွင့်ပေးထားပါတယ်။ အဲဒီ ကျောင်းသားဟာ သူရတဲ့အဓိက ဘာသာ ရပ်နောက်ဆုံးနှစ်မှာလည်း Quality ဖြစ်စေ၊ Credit ဖြစ်စေ ထွက်ပေမဲ့လည်း Master ဆက်တက်ခွင့် မပြုပါဘူး။ ဒါပေ မဲ့ အဲဒီမြောက်ဥက္ကဋ္ဌ ဆေးခန်းကြီးက ယူနန်လူမျိုးရဲ့ သားမသီးတွေ ပြည်တွင်း ကပေးတဲ့ ဆရာဝန်လက်မှတ်ရတာ ဆန်း မနေဘူးလား ဆရာတို့။
““တရုတ်ကဖိ၊ ရှမ်းကအိ ရှိသည့် ဗမာ အနောက်မှာ””ဆိုသည့်ဆောင်းပါး ကို စာရေးသူတို့ ကလေးဘ၀ကတည်းက ကြားခဲ့ရတဲ့ စကားတွေပါ။ ရှမ်းဆိုတာ ယိုးဒယားကို ခေါ်တာပါ။ မွန်ပြည်နယ် က တိုင်းရင်းသားတွေ တနင်္သာရီတိုင်း အတွင်းနေထိုင်တဲ့ သူတွေ ယိုးဒယား ဘက်ခြမ်းကိုသွားမယ်ဆိုလျှင် ရှမ်းကမ်း ကိုသွားမယ်လို့ပြောပါတယ်။ တရုတ်က မြန်မာပြည်အတွင်း နည်းအမျိုးမျိုးနဲ့ စိမ့် ၀င်နေသလို မြန်မာတိုင်းရင်းသူကလေး တွေလည်း ပေါက်ဖော်ကြီးတွေနဲ့ အတိ အလင်းရော၊ မထင်မပေါ်ကော ဘယ် လောက်အထိ။
ကိုယ့်နိုင်ငံခြားတိုင်းပြည်များက အစိပ်စိပ်အမွှာမွှာခွဲစေသိမ်းပိုက်ကြသလို တရုတ်ဖရဲသီးအခွဲခံရသကဲ့သို့ စာရေးသူ တို့ မြန်မာပြည်ကြီးကော ဖရဲသီးစိပ်သကဲ့ သို့ အစိပ်စိပ်များ ခွဲခံနေရပြီလားလို့ ကော မတွေးမိကြဘူးလား ဆရာတို့ရေ။ ယိုးဒယား စာသင်ကျောင်းတွေမှာ တနင်္သာရီကမ်းရိုးတမ်းဟာ သူတို့အဘိုး အဘွားတွေ လက်ထက်က သူတို့ပိုင် ဒေသတစ်ခုပါ။ တစ်နေ့ ပြန်ယူရမယ်ဆို တဲ့ သင်ခန်းစာကို ယိုးဒယားကလေးတွေ ကို သင်ပေးနေတုန်းပဲဆိုတာကိုလည်း လေ့လာကြည့်ကြပါဦးလို့ တိုက်တွန်းပါရ စေ။
မြေမြိုလို့ လူမျိုးမပြုတ်၊ လူမြိုမှ လူ မျိုးပြုတ်မည်””ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လူမြိုမခံရလေအောင် ၀ိုင်းပြီးထိန်းကြ သိမ်းကြရင် မကောင်းဘူးလား၊ တိုင်းရင်း သားတိုင်းမှာ တာဝန်ရှိတယ်လေ။ အထူး သဖြင့် တိုင်းရင်းသူတွေ ကိုယ့်လူမျိုးကိုယ် ကိုယ်တိုင် ထိန်းသိမ်းကြဖို့ လိုလာပြီလေ။
ဦးတိလောက
From -HotNewsJournal
No comments:
Post a Comment