Thursday, September 6, 2012

“လှိုင်သာယာ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် ၀န်ကြီးဌာန ညွှန်ချုပ်တွေ့ဆုံ”


From- Popular Myanmar News Journal

အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်သည် လှိုင်သာယာ၌ အလုပ်သမား အခွင့်အရေးထုတ်ဖော် ဆန္ဒပြခဲ့သူ ဦးဌေးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများနှင့် အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ တို့နှင့် ယနေ့နေ့လည် ၁၂ နာရီတွင် တွေ့ဆုံ ခဲ့သည်။ လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမတွင် တွေ့ဆုံခြင်းဖြစ်ပြီး အလုပ်သမားရေးရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ရာ လူဦးရေ (၁၀၀) ကျော်တက်ရောက်ခဲ့သည်။
၎င်းတို့အနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန
် အဓိက ထားဆွေးနွေးခဲ့ကြပြီး လက်ရှိအလုပ်သမား ၀န်ကြီးဌာန၏ ဆောင်ရွက်ချက်များကိုလည်း ရှင်းလင်း တင်ပြခဲ့သည်။ ၄င်းအပြင် ဦးဌေးနှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ တို့ကလည်း လက်ရှိလုပ်ဆောင်ချက် များကို အကြံပြုဆွေးနွေးခဲ့သည်။

No comments:

Post a Comment