Thursday, September 6, 2012

"လူထု ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကွန်ယက် မသန်မစွမ်းနှင့် သက်ကြီးရွယ်အို များ အခမဲ့ဆေးကုခွင့် တောင်းဆို"

From- Popular Myanmar News Journal

၁။ မသန်စွမ်းနှင့် ဆင်းရဲနွမ်းပါးသူများ၊ သက်ကြီးရွယ်အိုများ၊ ငါးနှစ်အောက် ကလေးများ အခမဲ့ဆေးကုခွင့် ပေးရန် လူထု ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကွန်ယက် မှ ထုတ်ပြန်ကြေငြာသည်။၂။ ဒေသတွင်းရှိ အပစ်အခတ် ရပ်စဲရေး( ၆) ဖွဲ့ ၏ ကျန်းမာရေး ဌာနများနှင့် နယ်စပ်ဒေသ လူထု အခြေပြု ကျန်းမာရေး အဖွဲ့အစည်းများသည် သြဂုတ် (၂၇) ရက်နေ့မှ (၃၀) ရက်အထိ ကရင်နီပြည် ကျန်းမာရေး ၀ါဒဖွံ့ဖြိုးရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပပြုလုပ် ခဲ့သည်။
၃။ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး၊ ကယန်းပြည် သစ် ပါတီ၊ ကရင်နီ လူမျိုး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ KNSO ကရင်နီ အမျိုး သား စည်းလုံး ညီညွတ်ရေးအဖွဲ့၊ KNG ကယန်း အမျိုးသား ကာကွယ်ရေး၊ ကရင်နီ နယ်လှည့် ကျန်းမာရေး ကော်မတီ စသည့် အဖွဲ့ (၆)ဖွဲ့သည် အလုပ် ရုံဆွေးနွေးပွဲမှ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကွန်ယက် (ကရင်နီပြည်) Civil Health and Development Network ( CHDN )(Karenni State) ကိုဖွဲ့ စည်းနိုင် ခဲ့ပြီး အချက် (၁၅)ခ
ျက်ကို သဘော တူညီ ချက် ရရှိခဲ့ပြီး ကွန်ယက်မှ ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။
၎။ ယင်းဆွေးနွေးပွဲမှ သဘောတူညီမှု ရရှိခဲ့သည့် ၁၅ ချက်တွင် ပမာဏ ကျန်းမာရေး စောင့်ရှောက်မှု ကို လူတိုင်းတန်းတူ ညီမျှရရှိစေရေး၊ အစိုးရ ကျန်းမာရေးဌာနမှ တိုင်းရင်းသား ဒေသ အတွင်းရှိသော ကျန်းမာရေး အဖွဲ့ အစည်းများအား အသိအမှတ်ပြုပေးရန်၊ အရေးပေါ်ဖြစ်နေသော ကျန်း မာရေးပြဿနာများကို အချိန်မီဆောင်ရွက်နိုင်ရန်၊ သတင်းထုတ်ပြန် မှု ပြု လုပ်ပေး ရန်၊ မူးယစ်ဆေးဝါး ပပျောက် ကင်းစင်ရေး အစီအစဉ် အ တွက် နိုင် ငံတော် မှ ကြီးမှူးပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေး ရမည့် အချက် များ ပါဝင်သည်။
၅။ ၁၉၉၇ ခုနှစ်ခန့် ကတည်းမှ ဖွဲ့စည်းခဲ့သည့် ယင်းအဖွဲ့ (၆)ဖွဲ့သည် အစိုး ရနှင့် လက်လှမ်း မမှီသည့် ဒေသ များတွင် ဆေးခန်း ဖွင့်ခြင်း၊ နယ်လှည့် ကျန်းမာရေး စစ်ဆေးခြင်း များကို ပြုလုပ်ပေး လျှက်ရှိသည်ဟု ယင်းအဖွဲ့မှ Advisor ဦးခူဒယ်နီယာ မှ ပြောသည်။၊
၆။ယင်းကဲ့သို့ ကျန်းမာရေးကို ဦးစားပေး၍ ကွင်းဆင်း ရာတွင် နိုင်ငံတော် အသိအမှတ် ပြုသည့် ဘွဲ့ရရှိသော ပုဂ္ဂိုလ်များ မပါဘဲ နယ်စပ်တွင် သင်တန်း တက်သည့် HA (Health Assistance) များနှင့် နာ့(စ်) များသာ ဖြစ်ကြောင်း ၄င်းမှ ထပ်မံပြောသည်။ ၄င်းတို့ အနေနှင့် ဖရူဆိုမြို့နယ် (အနောက်ခြမ်း)၊ ဖာဆောင်မြို့နယ် (အနောက်ခြမ်း) နှင့် ကယန်း ပြည်သစ် နယ်မြေ တစ်နေ ရာ တွင် ဆေးခန်းဖွင့် ရန်ရှိသေးကြောင်း သိရသည်။

မိုးငယ်

No comments:

Post a Comment