Tuesday, September 11, 2012

မိုးထိမိုးမိဒေသရွှေတူးဖော်ရေးလုပ်ငန်းခွင်က အလုပ်သမား ခေါင်းဆောင်(၅)ဦးဟာ ဆန္ဒပြထုတ်ဖော်မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့အတွက် ရန်ကုန်မြို့က (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုံးခန်းကို ဒီကနေ့လာရောက်တိုင်ပင်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရွှေတူးဖော်ရေးလုပ်ငန်းခွင်က အလုပ်သမား ခေါင်းေ ဆာင်(၅)ဦးဟာ ဆန္ဒပြထုတ်ဖော်မှုတွေ ဆက်လက်လုပ်ဆော င်သွားဖို့အတွက် ရန်ကုန်မြို့က (၈၈)မျိုးဆက်ကျော င်းသား ခေါင်းဆောင်တွေရဲ့ ရုံးခန်းကို ဒီကနေ့လာရောက်ခဲ့ပြီး ကိုမင်းကိုနိုင် ၊ ကိုဂျင်မီ ၊ ကိုကိုကြီး (စမ်းချောင်း)၊ ကိုအောင်သူတို့နဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။


မိုးထိမိုးမိရွှေတူးဖော်ရေးလုပ်ငန်းခွင်က ရွှေလုပ်သားများကော်မတီအနေနဲရွှေလုပ်သားတွေအေ နနဲ့ ရွှေတူးဖော်ေ ရးလုပ်ကွက်ရှိတဲ့ ရမည်းသင်းမြို့နဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီရုံးချုပ်အခြေစိုက်တဲ့ ရန်ကုန်မြို့မှာ တစ်ပြိုင်တည်း ငြိမ်းချမ်းစွာဆန္ဒပြဖို့အတွက် အခုရက်ပိုင်းအတွင်း သက်ဆိုင်ရာကို လျှောက်ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များအဖွဲ့က ကိုအောင်သူကလည်း အခုလ ၂၃ ၊ ၂၄ ရက်တွေမှာ မိုးထိမိုးထိဒေသကို သွားရောက်လေ့လာဖို့ ရှိတယ်လို့ RFA ကိုပြောပါတယ်။

မိုးထိမိုးမိဒေသမှာ အမျိုးသား ကြီးပွား တိုးတက်ရေးကုမ္ပဏီနဲ့ရွှေတူးဖော်ရေး အလုပ်သမားတွေ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ပါ အချက် (၆)ချက်ကို ကုမ္ပဏီဘက်က ချိုးဖောက်တယ်ဆိုပြီး အလုပ်သမားတွေဘက် သက်ဆိုင်ရာ အာဏာပိုင်တွေထံတင်ပြထားပေမယ့် အခုထိ ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးတာ မရှိသေးဘူးလို့
လည်း အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။
From -RFA

No comments:

Post a Comment