Thursday, September 6, 2012

"တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာ ငါးသောင်းလှူဒါန်းခြင်း"

 From- Popular Myanmar News Journal


မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကြက်ခြေနီအသင်းသို့ ပြန်လည်ပေးအပ်စဉ်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကြက်ခြေနီ အသင်းမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ အမေ ရိကန်ဒေါ်လာ ငါးသောင်းလှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် ဗုဒ္ဓဟူးနေ့ ညနေ (၅း၃၀) နာရီတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ် နေပြည်တော် ရှိ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ
ကြက်ခြေနီအသင်း အကျိုးဆောင် ဘဏ္ဍာထိန်း ဦးကြည်၊ အမှုဆောင်အဖွဲ့ဝင် ဒေါက်တာထွန်းမြင့်၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာ အောင်ကျော်ထွဋ်၊ တွဲဖက်အမှုဆောင် ညွှန်ကြားရေးမှူး ဦးမိုးညို၊ ဘဏ္ဍာရေးဌာန ဌာနမှူး ဦးကင်ဘွိုင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Li Junhua ၊ Mr. Gao Mingbo, Head of Political Section၊ Mr. Tang Xiuxian, Third Secretary နှင့် ဖိတ်ကြားထားသော မီဒီယာများ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အကျိုးဆောင် ဘဏ္ဍာထိန်း ဦးကြည်မှ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး အလှူငွေပေးအပ်ခြင်း အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Li Junhua မှ ယခုကဲ့သို့ လှူဒါန်းငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အကျိုးဆောင်ဘဏ္ဍာထိန်း ဦးကြည်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Li Junhua ပေးအပ်လှူဒါန်းသော အမေရိကန်ဒေါ်လာ ငါးသောင်းအား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေရပြေ စာအား ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အမှတ်တရ ဓါတ်ပုံရိုက်ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရသည်။
ယခုလှူဒါန်းသော အမေရိကန်ဒေါ်လာငါးသောင်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီ အသင်းမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမှတဆင့် လှူဒါန်းခြင်းဖြစ်ပြီး အဆိုပါ လှူဒါန်းငွေအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဧရာဝတီ တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်
း သတင်းရရှိသည်။
 

No comments:

Post a Comment